Friday, November 10, 2017

မကွေးတိုင်းဒေသကြီး ဓမ္မကျောင်းများ နှစ်ပတ်လည် ညီလာခံ 





အဝင်မုဌ်ဦး





Friday, October 27, 2017

“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”


••••••••••••••••••••••••••••••••••••••
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း
လပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို
ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်း
လပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ်
သတ်မှတ်ကျင်းပခဲ့ကြလေသည်။
“သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏
အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို
ဟောကြားသောနေ့ဖြစ်ခြင်းကြောင့်
တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”
ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။

သာမညဖလသုတ်တော်သည် ဒီဃနိကာယ်၊
သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များ
အတွက် ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။
ကိုယ်ကျင့်သီလရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်သည်။ သာမညဖလသုတ်သည်
လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။

မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏
ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို
ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်သည်။

အဇာတသတ်မင်းသားလေးသည် အသိဉာဏ်
နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏ စည်းရုံးမှုကို
ခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ
ကိုးကွယ်ဆည်းကပ်မိလေသည်။
ဆရာကုန်မှားတော့ တစ်သံသရာလုံးမှောက်
ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့် ဖခင်
ဘုရင်ဗိမ္ဗိသာရကို သတ်မိသည်အထိ
အမှားကြီးမှားမိတော့သည်။ ဆင်းတု၊စေတီ၊
ဟောတရား စသည့်ကိုးကွယ်မှုတွေ များပြား
ဖောင်းပွလွန်းသော ယခုလိုခေတ်ကြီးထိမှာ
ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ်
တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည်
ကို သတိပြုရမည်ဖြစ်သည်။

အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို
သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော
ရောဂါဝေဒနာ စွဲကပ်တော့သည်။ သူ့မျက်လုံးတွေကို
လှံချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်း
ခံရသလို ဝေဒနာခံစားရသည်။ ထို ဝေဒနာကို
ပျောက်ကင်းအောင် မည်သည့်သမားတော်၊
မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။
တန်ဆောင်မုန်းလပြည့် ညတစ်ညမှာ
အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့်
ညီလာခံသဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်း
မြူတိမ်သူရိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့်
ကြည်နူးသာယာဖွယ်ကောင်းလှသည့် တန်ဆောင်မုန်း
လပြည့် ညအလှကို ကြည့်ရှုခံစားပြီး
“မွေးလျော်ဖွယ်ကောင်းလှသော ညတစ်ညပါတကား၊
အလွန်လှပသော ညတစ်ညပါတကား ရှုချင်စဖွယ်
ကောင်းလှသော ညတစ်ညပါတကား”
ဟု တန်ဆောင်မုန်းလပြည့်ညအလှကို ချီးကျူးလေသည်။

အဇာတသတ်လည်း တကယ်တော့ အလှအပကို
ခံစားတတ်သူတစ်ဦးဖြစ်တာကို တွေ့ရ၏။

အဇာတသတ်မင်းက “ယခုကဲ့သို့ သာယာလှပသော
ညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကို
ချည်းကပ်ရလျှင် ကိုယ်တော်မြတ် စိတ်တော်
ကြည်လင်နိုင်မည်နည်းး” ဟု မေးသောအခါ
မှူးကြီးမတ်ကြီးတွေက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီး
ခြောက်ယောက်နာမည်တွေကို ပြောပြကြသည်။
ဘုရင်အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုသည် သမ္မာဒိဋ္ဌိတွေ
မဟုတ်ကြဆိုတာကို သတိပြုမိသည်။

✦ပုရာဏကဿပဆရာကြီးက အကိရိယဝါဒ=
ဘာမှလုပ်စရာမလိုဟူသော ဝါဒသမားဖြစ်သည်။
မလုပ် ၊မရှုပ် ၊မပြုတ်ဟူသော ဝါဒနှင့်တူသည်။

✦အဇိတကေသကမ္ဗလဆရာကြီးက နတ္ထိကဝါဒ=
ဘာမှမရှိ ဟူသော ဝါဒသမားဖြစ်သည်။

✦မက္ခလိဂေါသာလဆရာကြီးက အဟေတုကဝါဒ=
ကြောင်းကျိုးပယ် ဝါဒသမား ဖြစ်သည်။

✦ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ=
မပြုမပြင် ဝါဒသမား ဖြစ်သည်။
ပြုလည်းမပြု ၊ ပြင်လည်းမပြင်သူ ဖြစ်သည်။

✦သဉ္စယဗေလဋ္ဌဆရာကြီးက အမရာဝိက္ခေပဝါဒ=
ဝေ့လည်ချောင်ပတ် ဝါဒသမားဖြစ်သည်။

✦နိကဏ္ဌနာဋပုတ္တဆရာကြီးက စာတုယာမသံဝရဝါဒ=
စောင့်စည်းမှုလေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော
ဂျိန်းဝါဒဖြစ်သည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို
လက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏
အကြံပေးချက်အရ ဘုရားရှင်အထံသို့ ချဉ်းကပ်ဖို့ရန်
ဆရာဇီဝကကို စီစဉ်စေသည်။ ဆရာဇီဝကက
ဘုရင့်အနီးမှာ ယောက်ျားကိုယ်ရံတော် တစ်ယောက်မျှ
မထားရှိဘဲ အမျိုးသမီးကိုယ်ရံတော်တပ်ကို
ယောက်ျားအသွင် ဝတ်ဆင်စေပြီး လိုက်ပါစေသည်။

ဆင်မယဉ်သာ ငါးရာပေါ်၌ သက်တော်စောင့်အဖြစ်
အမျိုးသမီးစစ်သည်တော် ငါးရာကို လိုက်ပါ
စောင့်ရှောက်စေပြီး ဘုရားကျောင်းတော်သို့
သွားရန် စီစဉ်ပေးသည်။

အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော
အချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်
ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုလ်မြို့
အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိသည်။
ဘုရားကျောင်း တော်သို့သွားသောအခါ
-ညအခါ ဖြစ်သည်ကတစ်ကြောင်း၊
-တောရိပ်၊သစ်ရိပ် ဖုံးအုပ် နေသဖြင့်
အမှောင်ဖုံးနေသည်က တစ်ကြောင်း၊
ထိုနှစ်ချက်ကြောင့် လိုက်ပါသူအားလုံး မီးရှူးး
မီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။
မီးရှူးမီးတိုင်ကို ပေါရာဏ ဝေါဟာရအားဖြင့်
“တန်ဆောင်(တန်ဆောင်တိုင်)” ဟုခေါ်ဝေါ်သည်။

အဇာတသတ်နှင့် အခြံရံပရိသတ်တို့ တန်ဆောင်မုန်း
လပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပ
ကြသကဲ့သို့ ဖြစ်သည်။

အဇာတသတ်ဘုရင်က ဘုရားရှင်ထံ ခွင့်ပန်ပြီး
သူသိလိုသော အကြောင်းအရာများကို လျှောက်ထား
လေသည်။

“ရှင်တော်မြတ်ဘုရား..လောကမှာ အတတ်ကြီး
ဆယ့်ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက်
လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသည်။
ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုး
တရားကို ခံစားရရှိနိုင်ပါသလား ဘုရား။
တိတ္ထိဆရာကြီးခြောက်ဦးကို မေးဖူးပါသည်။
သူတို့အားလုံးက သူတို့ဝါဒကိုသာ တင်ပြ၍
ဝေ့လည်ချောင်ပတ် လုပ်ကြပါသည်ဘုရား။”
ဟု သာမညဖလ-ရဟန်းပြုခြင်း၏ မျက်မှောက်
လက်ငင်းအကျိုးကိုမေးလျှောက်သည်။

ဘုရားရှင်၏အဖြေကို ချုပ်၍တင်ပြရလျှင်
“ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း ရနိုင်သော
အကျိုး” တို့မှာ-

(၁)။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ
ကင်းလွတ်ရခြင်းအကျိုး၊

(၂)။ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်းအကျိုး၊

(၃)။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်လေးပါးမှ ကင်းဝေးရခြင်း အကျိုး၊

(၄)။ ဒုစရိုက်တရားတို့ကိုရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း အကျိုး၊

(၅)။ ပွဲသဘင်အမျိုးမျိုး၊ကစားပွဲအမျိုးမျိုး၊
မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခတွေမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့်
ပြည့်စုံရခြင်း အကျိုး၊

(၆)။ နက္ခတ် ဗေဒင် ယတြာ ဆေးကုပေးခြင်း စသည်တို့မှ
ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍
မဟာသီလနှင့် ပြည့်စုံရခြင်းအကျိုး၊

(၇)။ ဣနြေ္ဒခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း အကျိုး၊

(၈)။ သတိနှင့်ပြည့်စုံခြင်း အကျိုး၊

(၉)။ သမ္ပဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး၊

(၁ဝ)။ သန္တောသ-စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊

(၁၁)။ နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊

(၁၂)။ ဈာန်တရားတွေ ရနိုင်ခြင်းအကျိုး၊

(၁၃)။ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး၊

အထက်ပါအကျိုးတရားတို့သည် သာမညဖလခေါ်
ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော
အကျိုးတရားတို့ဖြစ်ကြသည်။

အဇာတသတ်မင်းသည် သာမညဖလတရားတော်ကို
နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ
လုံးဝပျောက်ကင်းသွားတော့သည်။ ရတနာသုံးပါးအပေါ်
နှစ်နှစ်ကာကာ ယုံကြည်သွားတော့သည်။
ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး
ပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။
ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ဘဲ၊
ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲငယ်၌သာ
ခံစားရတော့မည်။ နောင်အနာဂတ်ကာလ၌
“ဝိဇိတာဝီ အမည်ြဖင့် ပစ္စေကဗုဒ္ဓါတစ်ပါး” ဖြစ်ရမည်။

အဇာတသတ်မင်းသည် ပထမသံဂါယနာတင်
ဒကာအဖြစ် ခံယူရသည်။ ဘုရားရှင်၏ဓာတ်တော်များကို
စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး
တည်ထားခဲ့သည်။ ဗုဒ္ဓသာသနာနှစ်ကို အတိအကျ
သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို
အတိအကျသုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏
ကျေးဇူးဖြစ်သည်။ နောင်အခါ သီရိဓမ္မာသောက
မင်းကြီးသည် အဇာတသတ်မင်း၏ စုဆောင်း
ထားသော ဓာတ်တော်များကို ရှာဖွေ၍ စေတီပေါင်း
ရှစ်သောင်းလေးထောင် တည်ထားကိုးကွယ်
သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓ
ဘာသာဝင်များဖူးမြော်ကြရသည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက်
တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသော
ပွဲတော်များသည်
-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍
ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည်
ရိုးးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】
Posted by►
www.facebook.com/youngbuddhistassociation.mm

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“တန်ဆောင်မုန်းလပြည့် သာမညဖလ
အခါတော်နေ့ သိမှတ်ဖွယ်ရာများ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား
တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလ
သုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌
သာမညဖလအခါတော်နေ့ အထိမ်းအမှတ်
ကျင်းပရခြင်း ဖြစ်ပါသည်။

(၁)။သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏
အကျိုးဟု အဓိပ္ပါယ်ရပါသည်။

(၂)။ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသော
နေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို
“သံဃာတော်များနေ့”ဟု ခေါ်ဆိုနိုင်ပါသည်။

(၃)။သာမညဖလသုတ်သည် ဒီဃနိကာယ်
သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

(၄)။သာမညဖလသုတ်သည် ရဟန်းသံဃာတော်
များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်
ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်ပါသည်။

(၅)။သာမညဖလသုတ်သည် လူဒါယကာများအဖို့
ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော
ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊
မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။

(၆)။အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို
ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ
ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်
ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ
စွဲကပ်ခဲ့ပါသည်။

(၇)။ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏
အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံ
သွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သော
အဖြေကို မရရှိခဲ့ပါ။

(၈)။နောက်ဆုံး သမားတော်ကြီးဇီဝက၏
အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝက
လှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံး
လျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊
လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏
အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။

(၉)။အဇာတသတ်မင်းသည် သာမညဖလသုတ်
တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓ
သာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး
ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး
ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

(၁၀)။အဇာတသတ်မင်းသည် သာမညဖလသုတ်
တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို
ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်
ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး
နောင်သောအခါ “ဝိဇိတာဝီ” မည်သော ပစ္စေကဗုဒ္ဓါ
ဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

(၁၁)။အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊
သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်
သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်။


(၁၂)။ပိဋကတ်တော်များကို မပျက်စီးရအောင်
သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်
ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု
ဆိုထိုက်ပါပေသည်။

(၁၃)။အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော်
များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း
ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့
သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့်
ရရှိနေကြခြင်း ဖြစ်ပါသည်။

(၁၄)။ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ
သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏
ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု
ဆိုထိုက်ပါသည်။ ။
-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များ-နှာ၁၇၅-မှ-”】

Thursday, September 28, 2017

#သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်
နေ့အကြောင်း သိကောင်းစရာများ
✅✅✅✅✅✅✅✅✅✅✅✅✅✅✅
သုံးလောကထွတ်ထား သဗ္ဗညု
မြတ်စွာဘုရာသည် အဘိဓမ္မာတရား
တော်ကို ၆-ဝါ အလွန် ၇-ဝါအရောက်
မဟာသက္ကရာဇ် ၁၀၉-ခုနှစ်တွင် တာဝ
တိံသာနတ်ပြည် ပင်လယ်ကသစ်ပင်
ရင်း ပဏ္ဍုကမ္ဗလာ ကျောက်နေရာ
ထက်၌ မယ်တော်မိနတ် ကျေးဇူးဆပ်
လိုသော ရည်ရွယ်ချက်ဖြင့် မယ်တော်
ဖြစ်ခဲ့ဘူးသော သန္တုဿိတ နတ်သား
အမှုးပြုသော နတ်ဗြဟ္မာအပေါင်းတို့
အား ဝါတွင်းသုံးလ ရက်ပေါင်း (၉၀)
ကြာအောင် ဟောကြားတော်မူပါသည်

အဘိဓမ္မာဒေသနာတော်သည် သုတ္တန်
ဒေသနာ , ဝိနည်းဒေသနာတော်များ
ကဲ့သို့ လူတို့၏ အချိန်ကာလတစ်ရက်
အတွင်း၌ အစ , အလယ် , အဆုံး
ဟောကြား၍ မဖြစ်ပါ။

အဘိဓမ္မာတရား၏ ရှည်လျားသောဒေ
သနာအစဉ်ကို လူသားများ ဣရိယာ
ပုထ်တစ်ခုတည်းဖြင့် ပြီးဆုံးအောင်
နာယူနိုင်သောစွမ်းရည်လည်းမရှိပါ။

လူတို့၏အချိန်ကာလ ဝါတွင်းသုံးလ
သည် နတ်တို့၏အချိန်ကာလ တစ်ခ
ဏမျှသာ ဖြစ်ပါသည်။ဤအကြောင်း
များကြောင့် ဘုရားရှင်တိုင်း အဘိဓမ္မာ
တရားတော်ကို လူ့ပြည်၌ မဟောကြား
ပဲ နတ်ပြည်မှာ ဟောကြားရခြင်းဖြစ်ပါ
သည်။

အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံး
လ ဟောကြားရာ၌ လူသားဘုရား
အနေဖြင့် နတ်အာဟာရကို မမှီဝဲပါ။
လူ့ပြည်လူ့ရွာ မြောက်ကျွန်းသို့ ဆွမ်းခံ
ကြွပြီး လူ့အာဟာရကို မှီဝဲသုံးဆောင်
ပါသည်။

ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသော
အခါ အဘိဓမ္မာတရား ဟောကြားခြင်း
မှ ရပ်ဆိုင်းမထားပါ။ပကတိမြတ်စွာ
ဘုရားကိုယ်စား တန်ခိုးတော်ဖြင့် ဖန်
ဆင်းထားသော နိမ္မိတဘုရားရှင်က
ဆက်၍ ဟောကြားတော်မူပါသည်။

အဘိဓမ္မာတရား ဟောကြားပုံ ဟောကြားနည်း
သုံးမျိုးရှိပါသည်။
၁။သဗ္ဗညုမြတ်စွာဘုရားက တာဝတိံ
သာနတ်ပြည်၌ နတ်ဗြဟ္မာပရိသတ်တို့
အား အကျယ်နည်းဖြင့် ဟောကြား
တော်မူပါသည်။

၂။စန္ဒကူးတော၌ အရှင်သာရိပုတ္တရာ
အား အကျဉ်းနည်းဖြင့် ဟောကြား
တော်မူပါသည်။

၃။မြတ်စွာဘုရား ဟောကြားထားသော
အဘိဓမ္မာတရားကို အရှင်သာရိပုတ္တ
ရာမထေရ်က မဇ္ဈိမဒေသကို
ယူဆောင်လာပြီး လင်းနို့သားဖြစ်ခဲ့ဘူး
သော တပည့်ရဟန်း ၅၀၀-တို့အား
မကျဉ်းမကျယ် အလယ်အလတ်နည်း
ဖြင့် ဟောကြားတော်မူပါသည်။

ယနေ့မျက်မှောက်ခေတ်အထိ ရဟန်း
ရှင်လူတို့ အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ အရှင်
သာရိပုတ္တရာ၏ ကျေးဇူးကြောင့် ဖြစ်
ပါသည်။

သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာ
တရားကို ဝါတွင်းသုံးလ ဟောကြား
တော်မူရာ သီတင်းကျွတ်လပြည့်နေ့
တွင် ပြီးဆုံးသောကြာင့် လူတို့နေရာ
သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်သက်
ဆင်းတော်မူပါသည်။

နတ်ပြည်မှ လူပြည်သို့သက်ဆင်းရာ၌
နတ်ပရိသတ်တွေက လက်ယာဘက်
ရွှေစောင်းတန်း

ဗြဟ္မာပရိသတ်တွေက လက်ဝဲဘက်
ငွေစောင်းတန်း

မြတ်စွာဘုရားရှင်က အလယ်
ပတ္တမြားစောင်းတန်းမှ
သက်ဆင်းတော်မူပါသည်။

မာတလိနတ်သားက မြတ်စွာဘုရား
အနီး ဝဲဘက်တော်မှ ခစားလိုက်ပါပြီး
ပဉ္စသီခနတ်သားက စောင်းတီးပူဇော်
ရင်း လိုက်ပါပို့ဆောင်ပါသည်။သိကြား
မင်းက ဘုရားနောက်တော်မှ ထီးမိုး
လိုက်ပါပြီး သုယာမနတ်သားက ယပ်
ခတ်လို့ ပူဇော်လိုက်ပါလာပါသည်။

အဲဒီအချိန်က မြတ်စွာဘုရားရှင်၏
အသရေတော်ကို ဖူးတွေ့လိုက်ရတဲ့
လူတွေဟာ ဗောဓိဆုကို ရလိုကြောင်း
ဆုတောင်းသူက များပါသတဲ့။

ကုဋေပေါင်းများစွာ ကျွတ်တမ်းဝင်လို
ကြတယ်လို့ ပိဋကတ်ကျမ်းဂန်များမှာ
ဖော်ပြထားပါတယ်

နောက်ဆက်တွဲ        
--------------
အဘိဓမ္မာတရားတော်ကို မြတ်စွာဘု
ရားသည် ၆-ဝါအလွန် ၇-ဝါအရောက်
သက်တော် ၄၂-နှစ်အရွယ်တွင် တာဝ
တိံသာနတ်ပြည်၌ မယ်တော်မိနတ်ကို
ကျေးဇူးဆပ်လိုသော ရည်ရွယ်ချက်
ဖြင့် မယ်တော်မိနတ်အမှုးပြုသော
နတ်ဗြဟ္မာပရိသတ်တို့အား ဝါတွင်းသုံး
လ ရက်ပေါင်း ၉၀ - ကြာမျှ ဟောကြား
တော်မူခဲ့ပါသည်။

၂။မြတ်စွာဘုရားသည် နတ်ဗြဟ္မာပရိ
သတ်တို့အား အကျယ်နည်းဖြင့် ဟော
ကြား၍ အရှင်သာရိပုတ္တရာအား
အကျဉ်းနည်းဖြင့် ဟောကြားတော်မူခဲ့
ပါသည်။အရှင်သာရိုပုတ္တရာက လင်းနို့
သားဖြစ်ခဲ့ဘူးသော ရဟန်းငါးရာတို့
အား မကျဉ်းမကျယ် အလယ်အလတ်
နည်းဖြင့် ဟောကြားတော်မူပါသည်။

၃။သုတ္တန်တရားတို့ထက် သာလွန်ထူး
ခြားသောတရားဖြစ်၍ အဘိဓမ္မာခေါ်
ပါသည်။

၎။အဘိဓမ္မာသည် ဓမ္မသင်္ဂဏီ ဝိဘင်း
ဓာတုကထာ ပုဂ္ဂလပညတ် ကထာဝတ္ထု
ယမိုက် ပဋ္ဌာန်းဟူ၍
အရေအတွက် ၇-ကျမ်း ရှိပါသည်။

၅။ကုသိုလ် အကုသိုလ်စသော တရား
တို့ကို အကျဉ်းချုပ်အားဖြင့် ဟောကြား
တော်မူသောကျမ်းကို ဓမ္မသင်္ဂဏီ ကျမ်း ဟု
ခေါ်ပါသည်။

၆။ခန္ဓာစသော တရားတို့ကို သုတ္တန်
နည်း အဘိဓမ္မာနည်းတို့ဖြင့် အမေး
အဖြေပြု၍ အကျယ်ဝေဖန်ဟောကြား
သောကျမ်းကို ဝိဘင်း ကျမ်းဟု ခေါ်
ပါသည်။

၇။ဓာတ်အမျိုးမျိုး ဟောကြားသော
ကျမ်းကို ဓာတုကထာ ကျမ်းဟုခေါ်ပါ
သည်။

၈။ပုဂ္ဂိုလ်အမျိုးမျိုးတို့ကို ခွဲခြားသတ်
မှတ် အမည်တပ်၍ ဟောကြားသော
ကျမ်းကို ပုဂ္ဂလပညတ် ကျမ်း ဟု ခေါ်
ပါသည်။

၉။အယူဝါဒနှင့်ဆိုင်သော စကားတို့၏
တည်ရာဖြစ်၍ အဘိဓမ္မာအနှစ်သာရ
တို့နှင့် ပြည့်စုံသောကျမ်းကို ကထာ
ဝတ္ထု ကျမ်းဟု ခေါ်ပါသည်။

၁၀။အနုလုံနှင့်ပဋိလုံ ပုစ္ဆာနှင့်ဝိသဇ္ဇ
နာ သန္နိဋ္ဌာန်နှင့် သံသယ အစုံစုံပြု၍
ဟောကြားသောကျမ်းကို ယမိုက် ကျမ်း
ဟု ခေါ်ပါသည်။

၁၁။အကြောင်းအမျိုးမျိုးကို ဟော
တော်မူသောကျမ်း ကုသိုလ်စသော
တရားတို့ကို ၂၄ -ပစ္စည်းတို့ဖြင့်
ဝေဖန်အပ်သောကျမ်း သဗ္ဗညုတ
ဥာဏ်တော်၏ ကျက်စားရာဖြစ်သော
ကျမ်းကို ပဋ္ဌာန်း ကျမ်း ဟု ခေါ်ပါသည်။

၁၂။အဘိဓမ္မာတရားသည် အမိကျေး
ဇူးဆပ်တရားဖြစ်ပြီး နတ်ပြည်၌ ဟော
ကြားခြင်း သုံးလကြာမျှ ဟောရခြင်း
ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်
လှည့်စီဟောကြားခြင်း ဟူသော
ထူးခြားချက် လေးမျိုးနှင့် ပြည့်စုံပါသည်။

၁၃။အဘိဓမ္မာတရားသည် ပါဠိ၏နက်
နဲခြင်း သဘောအဓိပ္ပါယ်၏ နက်နဲခြင်း
ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်း
ဥာဏ်တော်၏ နက်နဲခြင်း ဟူသော
ဂမ္ဘီရလေးမျိုးနှင့်လည်း ပြည့်ုစုံပါသည်

၁၄။အဘိဓမ္မာတရားတော်ကို ရွတ်
ဖတ်ပူဇော်ခြင်း သင်ကြားနာယူရခြင်း
ကြောင့် လင်းနို့သားဖြစ်ခဲ့ဘူးသော
ရဟန်းတော်များကဲ့သို့ နာမရူပပရိစ္ဆေ
ဒ ဥာဏ် ရင့်သန်စေခြင်း မဂ်ဖိုလ်
နိဗ္ဗာန်ရောက်ရန် လမ်းကြောင်း
အထောက်အပံ့ကောင်း ရနိုင်ခြင်း
ဘေးဥပါဒ်အန္တရာယ် ကင်းဝေးခြင်း
ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်
စုံခြင်းဟူသော အကျိုးတရားများကို
ရရှိနိုင်ပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် အဘိ
ဓမ္မာတရား ဟောကြားပြီးဆုံးသည်ကို
ရည်စူး၍ ဤနေ့တွင် အဘိဓမ္မာအခါ
တော်နေ့ အထိမ်းအမှတ်အဖြစ်ဖြင့်
ကျင်းပခြင်း ဖြစ်ပါသည်။

အဘိဓမ္မာ(ရ)ကျမ်းနှင့် ဝါတွင်းသုံးလ
-------------------------------
၁။ဓမ္မသင်္ဂဏီကျမ်း             ၁၂-ရက်
၂။ဝိဘင်းကျမ်း                   ၁၂-ရက်
၃။ဓာတုကထာကျမ်း             ၆-ရက်
၎။ပုဂ္ဂလပညတ်ကျမ်း           ၇-ရက်
၅။ကထာဝတ္ထုကျမ်း             ၈-ရက်

၆။ယမိုက်ကျမ်း                  ၂၀-ရက်
၇။ပဋ္ဌာန်းကျမ်း                   ၂၅-ရက်
═══════════════════════




Monday, September 25, 2017

ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ  ဓမ္မကျောင်းတော်များ  ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွား ဗဟို ကော်မတီမှ နည်းပြ ဆရာ / ဆရာမများ တွေ့ဆုံ ဆွေးနွေးပွဲကို ပင့်လျှောက်/ ဖိတ်ကြားအပ်ပါသည် ။


#တရားရှိ ... #မရှိ #တိုင်းတာနည်း *******************************


တရားမရှိသူက ယူရတာကို ပျော်တယ် ......

တရားရှိသူက လှူရတာကို ပျော်တယ် .......

တရားမရှိသူက ငါကောင်းစားဖို့လှူတာ .....

တရားရှိသူက လောကကောင်းစားဖို့လှူတာ ........

တရားမရှိသူက လူအထင်ကြီးဖို့လှူတာ .......

တရားရှိသူက လောဘကုန်ဖို့လှူတာ .........

တရားမရှိသူက ကမ္ပည်းထိုးပေးတဲ့ နေရာလှူတယ် .....

တရားရှိသူက တကယ်လိုအပ်တဲ့ နေရာလှူတယ် .....

တရားမရှိသူက ကျော်ကြားတဲ့သူကိုမှ လှူတယ် .........

တရားရှိသူက ဒုက္ခရောက်နေတဲ့သူကိုမှ လှူတယ် .....

တရားမရှိသူက လှူတာနည်းတယ် ...... မျှော်လင့်ချက်ကများတယ်*.....

တရားရှိသူက လှူတာကများတယ် .... မျှော်လင့်ချက် ဘာမှမထားဘူး ..... ။

#မေတ္တာရှင် ( ရွှေပြည်သာ ) #ရှင်ဇ၀န

***#ဓမ္မမိတ်ဆွေများ အသိဉာဏ် ဗဟုသုတ
နှင့်ကုသိုလ်တရားများ စဉ်ဆက်မပြတ်ပွားများ
နိုင်ကြပြီးမင်္ဂလာရှိသောနေ့တနေ့ဖြစ်ပါစေရှင်***

Saturday, September 16, 2017

ဓမ္မကျောင်းတော် (ဗဟို ) ပျော်ဘွယ် နှင့် ခင်နှင်းပညာဒါန
ဖောင်ဒေးရှင်းတို့မှ ကြီးမှူးကျင်းပအပ်သော ကွန်ပျူတာသင်တန်း ဖွင့်ပွဲ အခမ်းအနား








Tuesday, September 5, 2017

#သီလရှင်_၀တ်လျှင် #ဘယ်လိုအကျိုးကျေးဇူးရမှာလဲ????

#မေး။ ။ သီလရှင် ဝတ်ခြင်းသည် ဝတ်သူနှင့် ဝတ်သူ၏ မိဘများ၌ မည်ကဲ့သို့ အကျိုးကျေးဇူး ရှိနိုင်သည်ကို ရှင်းပြတော်မူပါဘုရား။

#ဖြေ။ ။ ဗုဒ္ဓစာပေတွင်
၁။ဥပသမ္ပဒ ပဗ္ဗဇ္ဇ
၂။သာမဏေရပဗ္ဗဇ္ဇ
၃။ဣသိပဗ္ဗဇ္ဇနှင့်
၎။ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍
ပဗ္ဗဇ္ဇ လေးမျိုးရှိပါသည်။

ရဟန်းပြုခြင်း၊ သာမဏေပြုခြင်း၊ ရသေ့
ခြင်းနှင့် သီလရှင်ပြုခြင်းဟု ဆိုရပါမည်။

သီလရှင် မှာအမှတ် (၄) ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဖြစ်၍ အမျိုးသမီးများအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူဖွယ်ကောင်းလှပါသည်။

အမှန်အားဖြင့် မိန်းကလေးတစ်ဦးအနေနှင့် မိမိ၏ အလှအပ ဗန်းတင် ပစ္စည်းဖြစ်သော ဆံပင် ကို ရိတ်ပယ်လိုက်နိုင်ခြင်းပင် အလွန်ခဲယဉ်းသောကိစ္စဖြစ်၍
ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကို စွန့်လွှတ်သကဲ့သို့ နေက္ခမ္မပါရမီတစ်မျိုးပင် ဖြစ်ပါသည်။

ထို့နောက်လူဝတ်ကြောင်ကို ပယ်၍
သီလရှင် ဝတ် ဖန်ရည်ဆိုးဝတ်ကို ဝတ်ကာ
လူတို့ ဆောက်တည်နိုင် ခဲသော
၈ပါး၊ ၉ပါး၊ ၁၀ပါး သီလများကို နိစ္စဆောက်တည် နေနိုင်ခြင်း စာပေကျမ်းဂန်
သင် အံနိုင်ခြင်း တရားစာပေ လေ့လာခြင်း သမထ ဝိပဿနာဘာဝနာများကို ပွားများနေထိုင်းခြင်း စသည်ဖြင့် ဘုရားသာသနာကို ချီးမြှောက်နိုင်ခြင်းမှာ
မိန်းမဘဝပင် ဖြစ်သော်လည်း မြင့်မြတ်လှပါသည်။ ဘဝပေါင်းများစွာက လင်ယူသားမွေး
လောကီရေးကိစ္စများဖြင့်သာ အကုသိုလ်နယ်ပယ် ဒုဂ္ဂတိ နယ်ပယ်တွင် ကျင်လည်ရာ
ကျင်လည်ကြောင်း ကျင့်ကြံနေခဲ့ရာမှ
ယခုဘုရားသာသနာ၌ တွေ့ခိုက်တွင်
မဂ်ဖိုလ် ရရေး အသက်ပေး အားထုတ်ရခြင်း သာသနာ့နွယ်ဝင် ဖြစ်ခွင့်ရခြင်းတို့မှာ ဘဝ၏အနှစ်သာရ အစစ်ပင်ဖြစ်ပါသည်။

သမီးကို မိမိတို့ကိုယ်တိုင် သာသနာ့နွယ်ဝင် အဖြစ်သို့ ပို့ဆောင်ပေးကြသော မိဘများမှာလည်း သာသနနုဂ္ဂဟ ကုသိုလ်ထူးကို ဆည်းပူးကြသူများပင် ဖြစ်၍ လွန်စွာ အကျိုးကြီးလှပါသည်။


သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော ❆ ဂရုဓမ္မ ❆ တရားတော်။



ကုရုဓမ္မဇာတ်
<><><><><>
(အပြည့်အစုံရေးထားသဖြင့် အနည်းငယ်ရှည်၏၊ ရဟန်းတော်များအတွက် တရားဟောရန် အဆင်ပြေနိုင်၏ အချိန်ရမှဖတ်စေချင်၏။ ရှယ်ထားပါ၊)

ရှေးအခါက သာဝတ္တိပြည်မှာ မိတ်ဆွေသူငယ်ချင်းနှစ်ယောက်ရှိခဲ့ဘူးသည်၊ တစ်နေ့ သူတို့ နှစ်ယောက် ဘာစိတ်ကူးပေါက်တယ်မသိ၊ ဒို့ သင်္ကန်းဝတ်ကြရအောင်ကွာ-ဟုဆိုကာ နှစ်ဦး စလုံးစိတ်တူ ကိုယ်တူ သာသနာ့ဘောင်ဝင်ရောက် ရဟန်းပြုသွားကြလေသည်။

သင်္ကန်းဝတ်ပြီးသောအခါမှာလည်း အတူသွား အတူလာ အတူစား အမြဲ တတွဲတွဲနေဖြစ်ခဲ့ကြ သည်၊ တစ်နေ့ သူတို့နှစ်ပါး အစိရ၀တီမြစ်ထဲ ရေသွားချိုးကြရာ ရေထဲမှာအတန်ကြာတော့ ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ သဲသောင်ပြင်ပေါ်တက် သဲပူပူပေါ်မှာ ပက်လက်လှန်ကျောခင်း ဇိမ်ကျကျ အေးအေးဆေးဆေးနေရင်း မဆုံးနိုင်သော ရှေးဟောင်းနှောင်းဖြစ်တွေ အတိတ် အကြောင်းတွေ တသီတတန်းကြီးပြောနေဖြစ်ခဲ့ကြလေသည်။

ထိုအခိုက် ဟင်္သာနှစ်ကောင်ပျံလာသည်ကိုလှန်းမြင်လိုက်ကြရာ ရဟန်းငယ်က ကပြာ ကယာ ထကာ ကျောက်ခဲတစ်လုံးကိုပြေးတဲ့ကောက်ပြီး အရှင်ဘုရား ကြည့် တပည့်တော် ဟိုဟင်္သာ တစ်ကောင်ရဲ့မျက်လုံးတည့်တည့်မှန်အောင်ပစ်ပြမယ်၊ တစ်ပါးက မမှန်နိုင်ပါဘူးကွာ ဟုဆိုလေ သည်၊ သေချာကြည့်ကိုယ်တော် ဒီဘက်မျက်လုံးတောင်မဟုတ်ဖူး ဟိုဘက်မျက်လုံးကနေ ဒီဘက်မျာက်လုံးဖေါက်ထွက်လာအောင်ကိုပစ်ပြမယ်ဟုဆိုရာ ဒါ-ပိုတောင်မဖြစ်နိုင်သေးဟု ဆိုပြန်လေ၏။

ပြောပြောဆိုဆို ကျောက်ခဲတစ်လုံးနဲ့လှန်းပစ်ရာ ရွှီခနဲ မြည်သံကြားလိုက်သဖြင့် ဟင်္သာလှည့် အကြည့် နောက်ကျောက်ခဲတစ်လုံးနှင့်ထပ်ပစ်လိုက်ရာ ဟိုဘက်မျက်လုံမှဝင်၍ဒီဘက်မျက်လုံး ဆီဖေါက်ထွက်ကာ ချာလယ်ချာလယ်အော်မြည်ရင်း သူတို့နှစ်ပါး၏ခြေရင်းသို့ ကျလာလေ သည်၊ သွေးသန်ရဲရဲနှင့်ဟင်္သာ တဖြတ်ဖြတ်လူးနေသော်လည်း ရဟန်းငယ်ကတော့ သနားရ ကောင်းမှန်းမသိ သူဘယ်လောက်လက်တည့်တယ် တွေ့တယ်မဟုတ်လားဆိုတဲ့ သဘောမျိုး နှင့် အောင်ပွဲခံ ဂုဏ်ယူလျက် ပီတိတွေဖြစ်နေလေသည်။

ထိုအဖြစ်ကိုမြင်လိုက်ကြသော အခြားရဟန်းတော်တွေက ငါ့ရှင်တို့ မင်းတို့ဟာ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရာ မြတ်ဘုရားသာသနာတော်၌ ရဟန်းပြုနေကြပါလျက် အဘယ့်ကြောင့် ရက်ရက် စက်စက် သူတစ်ပါးအသက်ကို သတ်နေကြသနည်းဟုဆိုကာ သူတို့နှစ်ပါးကို ဘုရားရှင်ထံခေါ်သွားကြပြီး ဘုရားရှင်အား အကျိုးအကြောင်းလျှောက်ထားကြလေသည်။

ဘုရားရှင်က မေးမြန်းစီစစ်ပြီး အဘယ့်ကြောင့် ရဟန်းလုပ်နေပြီး သူများအသက်သတ်ရလေ သနည်း ဘုရားမပွင့်မီ ရှေးပညာရှိတွေတောင် လူဝတ်ကြောင်ဘ၀နှင့်နေလျက် မပြောပ လောက်တဲ့အပြစ်သေးသေးကလေးပြုမိတာကိုတောင် စိတ်မကောင်းခြင်းများစွာဖြစ်ခဲ့ကြ တယ် ငါ့ရှင်တို့က ရဟန်းလုပ်နေပြီး စိတ်မကောင်းဖြစ်ရကောင်းမှန်းတောင်မသိ လက်ရဲ ဇက်ရဲ လုပ်ဖြစ်ကြပလေတယ်၊ ရဟန်းဆိုတာ ကိုယ်ရောစိတ်ပါစောင့်စည်းရတယ်ကွဲ့-ဟုဆိုကာ အတိတ်ဇာတ်ကြောင်းတစ်ခုကို ဟောကြားတော်မူလေသည်။

ရှေးအခါက ဣန္ဒပတ္တမြို့ ဓနဉ္စယကောရဗျမင်းအုပ်ချုပ်စဉ် ဘုရားအလောင်းဟာ ဘုရင့်သား တော်အဖြစ်မွေးဖွားကြီးပြင်းလာလေသည်၊ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်မှာ ပညာသင်ပြီးနောက် အိမ်ရှေ့မင်းဖြစ်ပြီး ဖခင်မင်းကြီးနတ်ရွာစံသောအခါ ထီးမွေနန်းမွေ ဆက်ခံခဲ့လေသည်၊ ထီးမွေနန်းရာဆက်ခံပြီး မင်းကျင့်တရားဆယ်ပါးနှင့်အညီ တိုင်းပြည် အုပ်ချုပ်နေခဲ့သည်၊ ကုရုဓမ္မဟုခေါ်သော ငါးပါးသီလကိုလည်း ခါးဝတ်ပုဆိုးပမာ မပျက် မကွက်စောင့်ထိမ်းခဲ့လေသည်၊ ဘုရားလောင်းနှင့်အတူ ငါးပါးသီလကို မပျက်အောင်စောင့် စည်းခဲ့သူများမှာ-

၁။ ဘုရားလောင်း
၂။ မယ်တော်
၃။ အဂ္ဂမဟေသီခေါ်မိဖုယားခေါင်ကြီး
၎။ ညီတော် အိမ်ရှေ့မင်းသား
၅။ ပုရောဟိတ်ပုဏ္ဏား
၆။ တိုင်တား အမတ်
၇။ ရထားထိန်း
၈။ သူဋ္ဌေး
၉။ တင်း တောင်းခြင်အမတ်
၁၀။ တံခါးစောင့်အမတ်ကြီး နှင့်
၁၁။ ပြည့်တန်ဆာမတို့ဖြစ်ကြသည်။

မင်းကြီးသည် မြို့တံခါးလေးပေါက် မြို့လယ်နှင့် နန်းတော်ရှေ့ ဤခြောက်ဌာနတို့၌ အလှူ မဏ္ဍပ်ကြီးများဆောက်လျက် နေ့စဉ် ၆-သိန်းအကုန်အကျခံလျက် (ဇမ္ဗူဒိပ်တစ်ကျွန်းလုံး လယ်ယာလုပ်ငန်းများဖြင့်လုပ်ကိုင်စားသောက်နေစရာမလိုသော) ထွန်တုံးပိတ် အလှူဒါန ကြီးပြုလုပ်လေသည်၊ ဘုရားအလောင်းတော်မင်းကြီးသည် အလှူ အတန်းအလွန်ရက်ရော သောကြောင့် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးက ချစ်ကြည်ညိုကြလျက် သူ့စကားလိုက်နာ သူ့သြဇာ ညောင်းလျက်ရှိသည်။

ထိုအချိန် ကာလိင်္ဂတိုင်း ဒန္တပူရမြို့မှာ ကာလိင်္ဂမင်းအုပ်စိုးနေခိုက်ဖြစ်၏၊ ထိုတိုင်းပြည်မှာ မိုဃ်းခေါင် ရေရှားလျက်ရှိနေသည်၊ မိုဃ်းခေါင် ရေရှားသဖြင့် အသီးအနှံများပျက်ခါ ငတ်မွတ် ခေါင်းပါး အစာရှားလျက်ရှိသည်၊ အစာ အာဟာရမလုံလောက်သဖြင့် လူအများ ရောဂါဘယ များဖြစ်ပွားလျက်ရှိသည်၊ မိုဃ်းမရွာခြင်း ငတ်မွတ်ခေါင်းပါးခြင်း ရောဂါများခြင်းဆိုတဲ့ ဘေးကြီး သုံးမျိုး ဆိုက်ကပ်လျက်ရှိနေလေသည်။

တိုင်းသူပြည်သားတို့သည် သူတို့ပိုင် ဘာပစ္စည်းမှယူငင်မနေနိုင်တော့ဘဲ ကလေးငယ်တွေ လက်ဆွဲကာ အစာရလိုရငြား ဟိုဟို ဒီဒီလှည့်လည်သွားလာနေကြရလေသည်၊ တစ်နေ့ တိုင်းသူပြည်သားတို့် ဒန္တပူရမြို့ရှိ နန်းတော်တံခါးဝမှာ စုရုံးထိုင်နေကြလေသည်၊မင်းကြီးသည် လေသာဆောင်မှာခဏရပ်နေစဉ် လူအုပ်ရဲ့ ဆူညံသံတွေကြားလိုက်ရသဖြင့် အခြေအနေကို မေးမြန်းရာ အမတ်ကြီးများက မိုဃ်းမရွာသဖြင့် ကောက်ပဲသီးနှံတွေပျက်ခြင်း အစာရေစာငတ် ပြတ်ခြင်း ရောဂါဘယထူပြောခြင်းဆိုတဲ့ ဘေးကြီးသုံးမျိုးဆိုက်နေကြောင်း ထို့ကြောင့် သူတို့ပိုင် ဆိုင်သောပစ္စည်းများကိုထားခဲ့ပြီး ကလေးငယ်များလက်ဆွဲလျက် အစာရလိုရငြား ဟိုဟို ဒီဒီ လှည့်လည်သွားလာနေကြရကြောင်း လျှောက်တင်ကြလေသည်။

ထိုအခါ မင်းကြီးက ရှေးရှေးမင်းများ ဤကဲ့သို့ မိုဃ်းခါင် ရေရှား အစာရှားဖြစ်ခဲ့သော် ဘယ်လို များလုပ်ခဲ့ကြသလဲဟုမေးရာ ရှေးမင်းများ မိုဃ်းခေါင် ရေရှား အစာရှားခဲ့သော် အလှူ ဒါနပြုလုပ် ဥပုသ်ဆောက်တည် ဆောက်တည်ထားသောဥပုသ်ကိုဆင်ခြင်လျက် ၇-ရက်ပတ်လုံး ကျက်သရေတိုက်ခန်းအတွင်း မြက်ဖျာကြမ်းအခင်းပေါ်မှာ အိပ်နေတတ်ကြ သည် ထိုအခါ မိုဃ်းရွာပါတော့သည်ဟု လျှောက်ကြလေ၏၊ ကောင်းပြီ ဒါဆို ငါလည်း ထိုကဲ့သို့ပြုလုပ်မည်ဟုဆိုကာ ဒါနပြု ဥပုသ်စောင့်ပြီး ၇-ရက်ပတ်လုံး ဥပုသ်ကိုဆင်ခြင် လျက်နေခဲ့လေသည်၊ သို့သော်လဲ မိုဃ်းကား မရွာပေ။

ထိုအခါ မင်းကြီးက အမတ်ကြီးများကိုခေါ်လျက် ငါ ပြုသင့်ပြုထိုက်သောကိစ္စများပြုခဲ့ပြီ ဒါပေမဲ့ မိုဃ်းမရွာခဲ့၊ ဘာဆက်လုပ်ရမလဲ-ဟုမေးပြန်လေသည်၊ မင်းကြီး ဣန္ဒပတ္တမြို့က ဓနဉ္ဇယကောရဗျ မင်းကြီးမှာ အဉ္ဇန၀ဏ္ဏအမည်ရှိသော မင်္ဂလာဆင်တော်ကြီးတစ်ကောင် ရှိသည်၊ ထိုဆင်တော်ကို အကျွန်ုပ်တို့တိုင်းပြည်သို့ရောက်အောင် ဖမ်းယူခေါ်ဆောင်နိုင်မည် ဆိုပါက မိုဃ်းရွာပါလိမ့်မည်၊ သို့သော် ထိုဆင်တော်ကို ဖမ်းယူခေါ်ဆောင်နိုင်ဖို့ကား မလွယ်ကူချေ ထိုမင်းမှာ စစ်သည်အင်အားတောင့်တင်းခိုင်မာ၏ စစ်တိုက်ယူလို့ မဖြစ်နိုင်ပေ၊ ဒါဆို ထိုဆင်တော်ရအောင် ဘယ်လို လုပ်ရပါ့။

မင်းကြီး မပူပါနဲ့ စစ်တိုက်နေစရာမလိုပါ၊ ထိုမင်းကြီးသည် အလှူဒါန အလွန်ရက်ရောပါသည်၊ အလှူဒါနမှာ အလွန်ပျော်မွေ့ပါသည်၊ အလှူခံပါက ဦးခေါင်းကိုတောင်ဖြတ်လှူမည့်မင်း၊ မျက်လုံးကိုတောင် ဖေါက်လှူမည့်မင်း၊ နန်းစည်းစိမ်ကိုတောင်စွန့်လွှတ်လှူမည့်မင်းဖြစ်ပါသည် တိရစ္ဆာန်ဖြစ်တဲ့ ဆင်တော်လောက်ကတော့ အလွယ်တကူလေး လှူမည့်မင်းဖြစ်ပါသည် ဟုလျှောက်ထားကြလေသည်။

ဒါဆို အဲဒီဆင်ကို ဘယ်သူတွေသွားအလှူခံနိုင်ကြမလဲဟု ကမေးရာ၊ ပုဏ္ဏားကြီးများသွား ရောက်အလှူခံရင် ရနိုင်မည်ဖြစ်ကြောင်းလျောက်ထားကြရာ၊ ဒါဆို ပုဏ္ဏားရွာမှ ပုဏ္ဏားကြီး ရှစ်ယောက်ကိုခေါ်လိုက်ကြဟုဆိုကာ ထိုက်သင့်သလိုပေးကမ်းချီးမြင့်ပြီး ဆင်တော်အလှူခံဖို့ လွှတ်လိုက်လေသည်။

ပုဏ္ဏားကြီးတို့သည် ရိက္ခာအလုံအလောက်ယူလျက် သာမံခရီးသွားအသွင်ဖြင့် ရောက်လေရာ အရပ်မှာ တစ်ညမျှသာအိပ်ပြီး မြန်နိုင်သမျှ အမြန်သွားကြရာ နှစ်ရက် သုံးရက်ဖြင့်ရောက်၍ နန်းတော်တံခါး အလှူမဏ္ဍပ်မှာထမင်းစားပြီးအနားယူ အပန်းဖြေကြလျက် ဘယ်သောအခါ မင်းကြီး အလှူမဏ္ဍပ်သို့လာရောက်မည်နည်းဟု မေးမြန်းစုံစမ်းကြလေသည်၊ မင်းကြီးသည် လပြည့် လကွယ် လဆန်းရှစ်ရက် ဥပုသ်နေ့များတွင် လာတတ်ကြောင်း မနက်ဖြန်လပြည့်နေ့ ဖြစ်ကြောင်း ထို့ကြောင့် မနက်ဖြန် မင်းကြီးလာမည်ဖြစ်ကြောင်းပြောဆိုကြလေသည်။

ပုဏ္ဏားကြီးတို့သည် နောက်ရက်မနက်စောစောသွား၍ နန်းတော်အရှေ့တံခါးမှာ မင်းကြီးအလာ ကိုစောင့်ကြိုနေကြလေသည်၊ ဘုရားလောင်းမင်းကြီးသည် အလုံးစုံသောတန်ဆာများဆင်ယင်လျက် ဆင်တော်စီးပြီး များစွာသော ခြွေရံမူးမတ်ပရိသတ်နှင့်အတူ မြို့အရှေ့တံခါးမုခ်မှ အလှူ မဏ္ဍပ်သို့ရောက်လာခဲ့ပြီး အလှူခံ ၇-ယောက် ၈-ယောက်လောက်ကို သူကိုယ်တိုင်လှူဒါန်းပြီး အလှူခံတစ်ယောက် တစ်ယောက်ကို ဒီလောက် ဒီလောက်စီလှူကြဟု မှာကြားထားပြီး ဆင်တော်ပေါ်ပြန်တက်ပြီး မြို့တောင်ဖက်ရှိ အလှူမဏ္ဍပ်ဆီသို့ ခရီးဆက်လေသည်။

ပုဏ္ဏားကြီးတို့သည် နန်းအရှေ့မုခ်မှာ အစောင့်အကြပ်များအလွန်ထူထပ်သဖြင့် ဆင်တော် အလှူခံခွင့်မရသဖြင့် နန်းတော်တောင်မုခ်သို့ အပြေးအလွှားသွားရောက်ကာ မင်းကြီးအလာကို အလှူမဏ္ဍပ်နှင့် မနီးမဝေးသောနေရာမှ ရပ်လျက် စောင့်နေကြလေသည်။ မင်းကြီးဆိုက်ရောက်လာသောအခါ လက်များကိုမြှောက်လျက် မင်းကြီး အောင်ပါစေ မင်းကြီး အောင်ပါစေဟု ကြွေးကြော်ကြလေသည်၊ မင်းကြီးသည် ဆင်တော်ကိုရပ်စေလျက် ၀ရဇိန်ချွန်း ဖြင့်ဆင်တော်ကိုပြန်လှည့်စေပြီး သူတို့ထံသွားကာ အို… ပုဏ္ဏားကြီးများတို့ သင်တို့ ဘာကိုများ အလိုရှိကြပါသနည်းဟုမေးလေသည်၊ ပုဏ္ဏားကြီးတို့သည် ဘုရားလောင်းမင်းကြီးကို ဤဂါထာဖြင့်ဆိုကာ လျောက်ထားကြလေသည်။

တ၀ သဒ္ဓဉ္စ သီလဉ္စ၊ ၀ိဒိတွာန ဇနာဓိပ၊
ဝဏ္ဏံ အဉ္ဇန၀ဏ္ဏေန၊ ကာလိင်္ဂသ္မိံနိမိမှသေ။

အို အရှင်မင်းကြီး အရှင်မင်းကြီး၏ သဒ္ဓါ သီလတို့ကိုအကျွန်ုပ်ကြားသိရပါသည် အရှင်မင်းကြီး သည် အလှူခံလာပါက အသက်ကိုပင်လှူမည့်သူဖြစ်သည့်အတွက် တိရစ္ဆာန်ဖြစ်သောဆင်ကို အလှူခံလာ၏ပါက မလှူမရှိ ဧကန်လှူမည်ဟုယုံကြည်လျက်ရောက်ရှိလာကြခြင်းဖြစ်ပါသည်၊ ထို့ကြောင့် အရှင်မင်းကြီး၏ မင်္ဂလာဆင်တော်နှင့် အကျွန်ုပ်တို့၏ ကာလိင်္ဂတိုင်းမှထွက်သော ရွှေငွေကျောက်သံပတ္တမြားများ လဲလှယ်ပေးပါဟု လျှောက်ဆိုကြလေ၏။

ထိုအခါ ဘုရားလောင်းက အိုပုဏ္ဏားကြီးတို့ ဤဆင်ကိုရောင်း၍ ငွေကြေးဓနများအလိုရှိပါမူ တန်ဆာအမျိုးမျိုးဆင်ထားသည့်အတိုင်း ဤဆင်ကိုလှူပါအံ့ဟုဆိုကာ အောက်ပါဂါထာ များကို ဆိုပြန်လေသည်။

အန္နဘစ္စာစ ဘဇ္ဇာစ၊ ယောဓ ဥဒ္ဒိဿ ဂစ္ဆတိ။
သဗ္ဗေတေ အပ္ပဋိက္ခိပ္ပါ၊ ပုဗ္ဗာစရိယ ၀စော ဣဒံ။
ဒဒါမိ ဝေါ ဗြာဟ္မဏာ နာဂမေတံ၊ ရာဇာရဟံ ရာဇဘောဂ္ဂံ ယသဿီနံ၊
အလင်္ကတံ ဟေမဇာလာဘိဆန္နံ၊ သာရထိံဂစ္ဆထ ယေန ကာမံ။

ပေးဘူး ကျွေးဘူး ကျေးဇူးရှိသူဖြစ်စေ၊ ပေးဘူး ကျွေးဘူး ကျေးဇူးမရှိသူဖြစ်စေ တစုံ တခု အလိုရှိလို့ မိမိထံလာရောက်အလှူခံပါက မလှူနိုင်ပါ မပေးနိုင်ပါဟု မငြင်းပါ၊ ဤစကားကား မိဘတို့၏ အစဉ်အလာ အဆုံးအမ စကားများပဲဖြစ်ချေသည်။

သင်တို့ကို မင်း၏အသုံးအဆောင်သာဖြစ်သော၊ မင်းအားသာထိုက်သော ရွှေငွေကျောက်သံ ပတ္တမြားများဖြင့်တန်ဆာဆင်ထားသောဤဆင်ကို ဆင်ထိန်းနှင့်တကွလှူပါမည်၊ အလှူခံပြီးပါ က သင်တို့အလိုရှိရာအရပ်သို့ စိတ်တိုင်းကျသွားနိုင်ပါသည်ဟုဆိုကာ ဆင်တော်ပေါ်မှဆင်း၍ ဆင်မှာ တန်ဆာမဆင်ရသေးသောနေရာရှိပါက တန်ဆာဆင်လျက် သုံးကြိမ်တိုင်တိုင်လစ်လပ် မှုမရှိအောင် သေချာစစ်ဆေးလျက် နံ့သာရေများဖြင့် ရေစက်ချပြီးလှူလိုက်ပါသည်။

ပုဏ္ဏားကြီးတို့သည် ဆင်ပေါ်တက်စီးပြီး ဒန္တပူရမြို့ပြန်သွားကြ၍ မင်းအားဆက်သကြလေ သည်၊ ဆင်တော်ရောက်သော်လည်း ထိုနိုင်ငံ၌ မိုဃ်းမရွာပြန်ပေ။ မင်းကြီးကား အဘယ်သို့ပြုရ ပါအံ့နည်းဟု မေးမြန်းပြန်လေသည်။

ဓနဉ္ဇယကောရဗျမင်းကြီးသည် ကုရုဓမ္မကိုကျင့်၏ ထို့ကြောင့် ထိုမင်း၏တိုင်းပြည်၌ ဆယ်ရက် တစ်ကြိမ် ဆယ့်ငါးရက်တစ်ကြိမ် မိုဃ်းရွာကြောင်းလျှောက်တင်ကြပြန်လေသည်၊ ဆင်သည် မိုဃ်းရွာခြင်းငှါမစွမ်းနိုင်ပေ ထိုကြောင့်ဒီဆင်ကို ဆင်ယင်ထားသည့်အတိုင်းသော တန်ဆာများဖြင့် ပင်လျှင် မင်းကြီးအားပြန်လည်ဆက်သ၍၊ အဲဒီမင်းကြီးကျင့်သော ကုရုဓမ္မတရားများကိုသာ ရွှေပေလွှာ၌ရေး၍ယူခဲ့ကြကုန်လော့ဟု စေလွှတ်လိုက်ပြန်လေသည်။

ပုဏ္ဏားကြီးတို့သည် ဆင်တော်ကိုပြန်လည်အပ်နှင်းပြီး မင်းကြီး ဤဆင်သည်အကျွန်ုပ်တို့ တိုင်းပြည်၌ မိုဃ်းရွာခြင်းငှါမတတ်နိုင်ပါ၊ အရှင်မင်းကြီးကျင့်သော ကုရုဓမ္မတရားများကိုသာ အကျွန်ုပ်တို့မင်းကြီး ကျင့်လိုပါသည် အရှင်မင်းကြီးကျင့်သော ထိုကုရုဓမ္မတရားများကိုသာ ဤရွှေပေလွှာ၌ရေး၍ ယူခဲ့ကြကုန်လော့ဟု အမိန့်တော်ပါရှိပါကြောင်း လျှောက်တင်ကြလေ သည်။

ထိုအခါ ဘုရားလောင်းက အမောင်တို့ ငါသည် ကုရုဓမ္မကိုစောင့်ရှောက်သည်ကား မှန်ပါ၏၊ သို့သော်လည်း ယခုအခါ ထိုကုရုဓမ္မ၌ ကုက္ကုစ္စ=အလို့အလို (စဉ်ကြယ်မှစဉ်ကြယ်ပါတော့ မလားဟု သံသယ) ဖြစ်နေမိပါသည်၊ ထို့ကြောင့် သင်တို့အားမပေးလိုပါ။

မင်းကြီး အဘယ့်ကြောင့်ကုက္ကုစ္စဖြစ်နေပါသနည်း၊ နက္ခတ်ပွဲသဘင်ကစားကုန်သောမင်းတို့ သည် ခပ်သိမ်းသောတန်ဆာကိုဆင်ကုန်လျက် နတ်အသွင်ယူကာ စိတ္တရာဇာနတ်မင်းထံ၌ တည်ကုန်၍ အရပ်လေးမျက်နှာတို့သို့ ပန်းတို့ဖြင့်တန်ဆာဆင်ထားသော မြားတို့ကို ပစ်လွှတ် ကြကုန်၏၊ ကောရဗျမင်းပစ်လွှတ်လိုက်သော မြားလေးစင်းအနက် မြားသုံးစင်းကိုသာမြင်၍ ရေပြင်သို့ပစ်အပ်သောမြားကိုမမြင်(မတွေ့) ငါပစ်အပ်သောမြားသည် ငါးပေါ်သို့ကျ၍ ငါးသေလေသလောဟု သံသယဖြစ်မိသောကြောင့် ငါ၏သီလကို မနှစ်သက် ထို့ကြောင့် ငါဆောက်တည်ထားသော ကုရုဓမ္မ၌ သံသယဖြစ်မိပေ၏၊ မယ်တော်ကား သီလစဉ်ကြယ်နိုင်၏ မယ်တော်၏သီလကိုသာ သွားယူကြပါကုန်လော့ဟု တိုက်တွန်းလေ၏။

ထိုအခါ ပုဏ္ဏားကြီးတို့က အို..မင်းမြတ် အသင်မင်းမြတ်သည် သတ္တ၀ါတို့အား သေစေလိုသောစိတ်မရှိပါမူ ပါဏာတိပါတ ကံ မဖြစ်နိုင်ပါ၊ မင်းကြီး၏ ကုရုဓမ္မကိုသာ ပေးပါကုန်လော့ဟုဆိုကုန်၏၊ ဒါဆိုရွှေပြား၌ ရေးယူ ကြကုန်လော့

၁။ ပါဏော န ဟန္တဗ္ဗော၊ (သူ့အသက် မသတ်အပ်)
၂။ အဒိန္နံ နာဒါတဗ္ဗံ၊ (သူ့ဥစ္စာ မခိုးအပ်)
၃။ ကာမေသု မိစ္ဆာ န စရိတဗ္ဗံ၊ (ကာမဂုဏ်၌ မမှားအပ်)
၎။ မုသာ န ဘဏိတဗ္ဗံ၊ (လိမ်ညာ မပြောအပ်)
၅။ မဇ္ဇံ န ပါတဗ္ဗံ၊ (သေအရက် မသောက်အပ်)
ဟုရေးစေ၍ ရေးပြီးသော်လည်း မိမိသီလကိုသိပ်မနှစ်သက်လှ မယ်တော့်ထံ သွားကြကုန်လော့ဟု စေလွှတ်လိုက်လေသည်။

မယ်တော့်ထံရောက်သော်လည်း မယ်တော်က အမောင်တို့ ငါ ကုရုဓမ္မစောင့်သည်ကား မှန်ပါ ၏ ဒါပေမဲ့ ငါ့ကုရုဓမ္မ၌ ကုက္ကုစ္စ=သံသယဖြစ်မိပေ၏၊ ထို့ကြောင့်ငါ့ကုရုဓမ္မကို သင်တို့အား မပေးလို၊ မယ်တော့်မှာ သားနှစ်ယောက်ရှိ၏၊ သားကြီးကား မင်း၊ သားငယ်ကား အိမ်ရှေ့မင်း၊ တိုင်းတစ်ပါးမင်းက ဘုရားလောင်းအား တစ်သိန်းတန်သောစန္ဒကူးနံ့သာနှစ်နှင့် တစ်ထောင်တန် ရွှေပန်းကိုဆက်သလာ၏၊ ဘုရားလောင်းသည် မယ်တော်အားပူဇော်ကန်တော့လေ၏၊ မယ်တော်ကား နံ့သာလည်းမလိမ်း ပန်းလည်းမပန်လိုသဖြင့် ချွေးမတို့အားပေးဖို့စိတ်ကူး၏၊ ချွေးမကြီးကား မိဖုယားခေါင်ဖြစ်သဖြင့်ချမ်းသာသဖြင့် ရွှေပန်းကိုပေး၍ ချွေးမငယ်ကား ဆင်းရဲ သဖြင့် စန္ဒကူးနံ့သာကိုပေးဖြစ်၏၊ တကယ်ဆို ချမ်းသာဆင်းရဲရွေးမနေပဲ မြင့်မြတ်သူအားသာ မြင့်မြတ်သောအရာပေးသင့်ပါလျက် မလုပ်သင့်တာကို လုပ်မိပေ၏ ထို့ကြောင့် ငါ၏သီလ ပျက်လေပြီလောဟု သံသယဖြစ်မိပေ၏။

ထိုအခါ ပုဏ္ဏားကြီးတို့က မိမိကိုယ်ပိုင်ပစ္စည်း ပေးလိုသူအားပေးရာ၌ သီလမပျက်နိုင်ပါ မယ်တော့် ကုရုဓမ္မကိုပေးပါလော့ဟုဆိုကုန်၍ ရွှေပေလွှာ၌ရေးကူးကြလေ၏၊ အမောင်တို့ ဤသို့ပေးရသော်လည်း သိပ်အားမရလှ ငါ့ချွေးမ၏ ကုရုဓမ္မကား စဉ်ကြယ်၏ ငါ့ချွေးမ၏ ကုရုဓမ္မကို သွားယူကြလေကုန်ဟု စေလွှတ်လိုက်ပြန်လေသည်။

ချွေးမ (မိဖုယား)ထံ ကုရုဓမ္မကိုတောင်းသောအခါ ငါ့သီလ၌ သံသယရှိသဖြင့်မပေးလိုဟု ဆိုပြန်လေ၏၊ မိဖုယားကြီးသည် တစ်နေ့ လေသာပြုတင်း၌ရပ်နေစဉ် တိုင်းခန်းလှည့်လည် လာသော မင်းကြီး၏ ဆင်ကျောကုန်းပေါ်တွင် မင်းကြီး၏နောက်မှ အိမ်ရှေ့မင်းသားကိုမြင်မိ သောအခါ သူ့ကိုတပ်မက်မိသွားလေ၏၊ ငါအိမ်ရှေ့မင်းနှင့်ပေါင်းသင်းခဲ့သော်ကောင်းလေစွာ့ မင်းကြီးနတ်ရွာစံလျှင် ငါ့ကိုသိမ်းယူလိမ့်မည်ဟုကြံမိ၏၊ လင်ကြီးရှိပါလျက် တစ်ပါးသော ယောက်ျားကို ကိလေသာအလိုလိုက်လျက် ကြံမိပေ၏၊ ထို့ကြောင့် ငါ့သီလအပေါ်သံသယဖြစ် မိပေ၏။

ထိုအခါ ပုဏ္ဏားကြီးတို့က အရှင်မိဖုယားကြီး ဤသို့ စိတ်ကူးရုံသက်သက်မျှဖြင့် ပြစ်မှုမမြောက် ပါ မိဖုယားကြီး၏ ကုရုဓမ္မကိုပေးပါလော့ဟုဆိုကာရွှေပေလွှာ၌ရေးယူကြလေ၏၊ သင်တို့ရေး ယူကြသော်လည်း ငါ၏သီလ၌ သိပ်အားမရလှပေ အိမ်ရှေ့မင်းကား ကောင်းစွာစောင့်ရှောက် ၏ သူ့ထံသွား၍ ယူကြလေကုန်ဟု ညွှန်လိုက်ပြန်လေသည်။

ပုဏ္ဏားကြီးတို့သည် အိမ်ရှေ့မင်းထံရောက်သော် အိမ်ရှေ့မင်းကလည်း သူ၏သီလ၌သံသယ ဖြစ်နေကြောင်း တစ်နေ့ မင်းကြီးထံအခစားဝင်စဉ် မိုဃ်းရွာသဖြင့်မင်းကြီးက နန်းတော်တွင်အိပ် စေကြောင်း နောက်ပါပရိသတ်သည် ခဏအကြာပြန်ထွက်လာမည်အထင်နှင့် မိုဃ်းရေထဲစောင့် နေကြကြောင်း နောက်ရက်မနက်စောစောထွက်သော် တစ်ညလုံးမိုဃ်းရေထဲမှာစောင့်နေကြ သောသူတို့ကိုတွေ့မိသဖြင့် များစွာစိတ်မကောင်းဖြစ်မိကြောင်း သူ့သီလညစ်နွမ်းသွားလောက် ပြီဖြစ်သဖြင့် မပေးလိုကြောင်းပြောပြန်လေသည်။

ထိုအခါ ပုဏ္ဏားကြီးတို့က အိုအိမ်ရှေ့မင်း သင့်မှာ ပရိတ်သတ်မိုဃ်းစို၍ ဒုက္ခရောက်ကြပါစေ ဟူသောစိတ်ထားမရှိလျှင် အပြစ်မရှိပါကြောင်းဆိုကာ သူ၏ကုရုဓမ္မကိုရေးယူကြလေ၏၊ သို့သော်လည်း အိမ်ရှေ့မင်းက ပုရောဟိတ်ကြီ်း၏ သီလကိုသွားယူကြကုန်လော့ဟု ညွှန်လိုက် ပြန်လေသည်။

ပုရောဟိတ်ကြီးသည်လည်း ငါ၏သလအပေါ်သံသယဖြစ်နေမိ၏ကြောင်း၊ ငါသည် မင်းနန်းတော်သို့အခစားဝင်စဉ် တိုင်းတစ်ပါးမင်းတို့ လာရောက်ဆက်သမည့် အပြင်၌ ရပ်ထားသော ရထားအသစ်တစ်စင်းတွေ့မိ၏၊ ငါသည် အသက်ကြီးပြီ မင်းကြီးက ဤရထားအသစ် ငါ့ကိုလှူလျှင်ကောင်းမှာပဲဟု စိတ်အကြံဖြစ်မိ၏၊ မင်းကြီးက ငါ့ကိုတွေ့ သောအခါ ရထားအသစ်ကိုလှူ၏ မလှူပါနဲ့ငြင်းလို့မရ၊ ငါသည် ကုရုဓမ္မဆောက်တည်ထားသူ ဖြစ်ပါလျက် သူတစ်ပါးပစ္စည်းကိုလောဘဖြင့်ကြံမိပေ၏၊ ငါ၏သီလစဉ်ကြယ်တော့အံ့မထင် ထို့ကြောင့် ငါ့ကုရုဓမ္မကို မပေးလိုဟုဆို၏။

ထိုအခါပုဏ္ဏားကြီးတို့က လောဘဖြစ်ရုံမျှဖြင့် သီလမပျက်နိုင်ပေဟုဆိုကာ ပုရောဟိတ်ကြီး၏ ကုရုဓမ္မကိုရေးကူးသွားကြလေ၏၊ ပုရောဟိတ်ကြီးကလည်း ကြိုးတိုင်း အမတ်ထံသွားကြလေ ကုန်ဟု ညွှန်လိုက်ပြန်လေသည်။

ကြိုးတိုင်းအမတ်ကလည်း ငါ၏သီလအပေါ်သံသယဖြစ်မိကြောင်း၊ တစ်နေ့ ကြိုးတိုင်း အမတ်သည် လယ်ကိုတိုင်းသည်ရှိသော် ကြိုးချည်ထားသောဒုက်တစ်ချောင်းကို လယ်ရှင်အားကိုင်စေ၍ ဒုက်တစ်ချောင်းကိုမိမိက ကိုင်လေသည် မိမိကိုင်သောဒုက်ကို မြေ၌ငုတ်ရိုက်မည်ပြုရာ ပုဇွန်တွင်းတည့်တည့်ဖြစ်နေသဖြင့် ပုဇွန်သေမှားစိုးမိလေသည်၊ ဟိုဘက်ကိုနဲနဲရွှေ့ရိုက်ပါက မင်းနစ်နာမည်၊ ဒီဘက်ကိုနဲနဲရွှေ့ရိုက်ပါက လယ်သမားနစ်နာမည် ပုဇွန်လှုပ်ရှားတာလဲ မတွေ့သဖြင့် ပုဇွန်းတွင်းအလယ်တည့်တည့် ငုတ်ရိုက်လိုက်လေသည် ထိုအခါ ပုဇွန်မြည်သံကြားလိုက်ရ၏ ပုဇွန်သေများသေလေသလောဟု သံသယဖြစ်မိ၏ ထို့ကြောင့် ငါ၏ကုရုဓမ္မအပေါ်သံသယဖြစ်မိသဖြင့် မပေးလိုဟုဆို၏။

ထိုအခါ ပုဏ္ဏားကြီးတို့က ပုဇွန်သေစေလိုသောစိတ်စေတနာမရှိပါက အပြစ်မဖြစ်နိုင်ပါ ဟုဆိုကာ ပုရောဟိတ်ထံမှကုရုဓမ္မကိုရေးကူးသွားကြလေ၏၊ ပုရောဟိတ်ကြီးကလည်း ရထားထိန်းထံသွားကြပါဟု ညွှန်လိုက်ပြန်လေသည်။

ရထားထိန်းကလည်း ငါ၏သီလအပေါ်သံသယဖြစ်မိကြောင်း၊ တစ်နေ့ မင်းကြီးဥယျာဉ်မှအပြန် နေ၀င်လုဆဲဆဲ မိုဃ်းသားတိမ်လိပ်များတက်လာသဖြင့် မင်းကြီးမိုဃ်းမစိုစေရန် သိန္ဓောမြင်းအား နှင်တံပြလေ၏ သိန္ဓောမြင်းသည် လျှင်မြန်စွာပြေသွားလေ၏ နောက်နောင် ဥယျာဉ်သို့သွား သော်လည်းကောင်း ပြန်သော်လည်းကောင်း ထိုနေရာရောက်သောအခါ အန္တရာယ်တစုံ တရာ ရှိသည်အထင်နှင့် သိန္ဓောမြင်းသည်အလျှင်အမြန်ပြေးလေ၏၊ သူ၏နှင်တံပြခဲ့မှုကြောင့် မြင်းမှာ များစွာပင်ပန်းရလေ၏၊ ထို့ကြောင့် သူ၏သီလအပေါ်သံသယဖြစ်နေမိကြောင်း ဆိုလေ၏။

ထိုအခါ ပုဏ္ဏားကြီးတို့က သင့်မှာ မြင်းပင်ပန်းစေလိုသော စိတ်စေတနာမရှိပါက အပြစ်မရှိပါဟုဆိုကာ သူ၏ ကုရုဓမ္မကိုကူးယူသွားကြလေ၏ သို့သော်လည်း သူဌေးထံ သွာကြပါအုန်းဟု ညွှန်လိုက် ပြန်လေသည်။

သူဌေးထံရောက်သောအခါမှာလည်း သူဌေးက သူ၏သီလအပေါ်သံသယဖြစ်နေမိကြောင်း၊ တစ်နေ့ စပါးခင်းသို့သွားသောအခါ စပါးနှံတစ်ဆုပ်ကို ပန်းအဖြစ် ပန်ရန် ဖြတ်ယူခဲ့၏၊ ယူပြီးနောက်ငါသည် မင်းအတွက် အခွန်အခမပေးရသေး အခွန်မပေးရသေးသောစပါး တစ်ဆုပ်ကို ဖြတ်ယူမိခဲ့၏ ထို့ကြောင့် ငါ၏သီလအပေါ်သံသယဖြစ်မိကြောင်းဆိုလေ၏။

ထိုအခါ ပုဏ္ဏားကြီးတို့က သူဌေးကြီးမှာ အခွန်အခခိုးလိုစိတ်မရှိပဲဖြတ်ယူမိသည်ဖြစ်ပါက အဒိန္နဒါန်မဖြစ်ကြောင်းဆိုကာ သူဌေးထံမှ ကုရုဓမ္မကိုကူးယူခဲ့ကြလေ၏ သို့သော်လည်း သူဌေးက တင်းတောင်းခြင်အမတ်ထံ သွားကြရန် ညွှန်လိုက်ပြန်လေသည်။

တင်းတောင်းခြင်အမတ်ကလည်း မိမိသီလအပေါ်သံသယဖြစ်မိကြောင်း၊ တစ်ခါက အခွန်အခ အတွက်စပါးခြင်နေစဉ် မိုဃ်းရွာချသဖြင့် နေရာပြောင်းရင်း အမှတ်မသေချာဖြစ်နေ၏ မခြင်အပ် သေးသည်ကိုမှတ်လိုက်မိသော် မင်းမြတ်၍ လယ်သမားနစ်နာ၏၊ ခြင်ပြီးသည်ကိုမှတ်လိုက်မိ သော် မင်းနစ်နာ၍ လယ်သမားအမြတ်ရလေ၏၊ သူ၏မသေမချာလုပ်မိမှုအတွက် သူ့သီလကို သံသယဖြစ်နေမိကြောင်းဆိုလေ၏။

ထိုအခါ ပုဏ္ဏာကြီးတို့က သူ့သာစေ သူ့နာစေဟု စိတ်စေတနာမရှိပါက အဒိန္နဒါန်မဖြစ်ပါဟုဆို ကာ သူ၏ကုရုဓမ္မတို့ကိုကူးယူသွားကြလေ၏ သို့သော်လည်း တင်းတောင်းခြင်အမတ်က တံခါးစောင့်ထံသွားကြပါလေဟု ညွှန်လိုက်ပြန်လေသည်။

တံခါးစောင့်ထံရောက်သောအခါမှာလည်း သူ၏သီလအပေါ်သံသယဖြစ်နေမိကြောင်း၊ တစ်နေ့ ဆင်းရဲသားတစ်ယောက်သည် နှမနှင့်အတူထင်းခွေသွားရာ မြို့တံခါးပိတ်ချိန်မှပြန်ရောက်လာ သဖြင့် တံခါးစောင့်က ဖွင့်မပေးနိုင်တော့ကြောင်း တစ်နေကုန်တောထဲမှာ မိမိမယားနှင့်ကာမ ဂုဏ်ပျော်မွေ့အချိန်ဖြုန်းနေခဲ့လေသလောဟု အပြစ်တင်လေ၏၊ ထိုအခါ သူဆင်းရဲက သူသည် မယားမဟုတ် နှမဖြစ်သည်ဟုဆိုလေသည်၊ ထိုအခါ ငါသည် ကုရုဓမ္မစောင့်လျက် စွပ်စွဲမိလေ၏ ဟုဆိုကာ သူ့သီလအပေါ် သံသယဖြစ် မိကြောင်းဆိုလေ၏။

ထိုအခါ ပုဏ္ဏားကြီးတို့က မယားထင်မိ၍ ဆိုရာ၌ မုသာဝါဒမထိုက်ကြောင်းပြောဆို၍ သူ၏ ကုရုဓမ္မကိုကူးယူသွားကြလေ၏ သို့သော်လည်း တံခါးစောင့်က ပြည့်တန်ဆာမထံ သွားကြပါ ကုန်ဟု ညွှန်လိုက်ပြန်လေသည်။

ပြည့်တန်ဆာမကလည်း သူ၏သီလအပေါ် သံသယဖြစ်နေမိကြောင်း၊ သိကြားမင်းသည် ပြည့်တန်ဆာမ၏သီလကိုစုံစမ်းလိုသဖြင့် လူငယ်တစ်ယောက်အသွင်ဖြင့် ပျော်ပါးရန် စရံပေးထားလျက် သုံးနှစ်တိုင် ပြန်မလာချေ၊ ပြည့်တန်ဆာမသည် သီလပျက်မည်စိုသဖြင့် လူသစ်ကိုလက်မခံချေ၊ သုံးနှစ်ပြည့်သော် ဘ၀ရပ်တည်ရန် ငွေမရှိတော့သဖြင့် လူသစ် လက်ခံလို့ ရ မရ တရားအဆုံးအဖြတ်ခံလေ၏၊ သုံးနှစ်ပြည်၍မလာသော် လူသစ် လက်ခံနိုင် ကြောင်း အဆုံးအဖြတ်ပေးရာ လူသစ်၏ငွေကို လက်ခံမည်အပြု ရုတ်တရက်သိကြားမင်းက လုလင်အသွင်ဖြင့်ရောက်လာ၏။

ထိုအခါ လူသစ်ထံမှ ငွေလက်ခံမည်လက်ကို ချက်ချင်းရုပ်လိုက်ပြီး လူဟောင်းရောက်လာပြီဖြစ် သောကြောင့် သင့်ငွေ လက်မခံတောပါဟု ငြင်းဆိုလိုက်လေသည်၊ ထိုအခါ သိကြားမင်းက ကိုယ်ထင်ရှားပြကာ မြို့သူမြို့သားအပေါင်းကိုစုရုံးစေလျက် သူသည် ပြည့်တန်ဆာမ၏သီလ ကိုစုံစမ်းလိုသည်ဖြစ်၍ ဤကဲ့သို့ပြုလုပ်ခဲ့ကြောင်း သူသည် သီလမပျက်ပေ သင်တို့လည်း သူကဲ့သို့ သီလမပျက်အောင်စောင့်စည်းကြပါလေဟုဆိုရင်း ပြည့်တန်ဆာမကို ရတနာ (၇)နှင့် ပြည့်စုံအောင်ပေးခဲ့ပြီး နတ်ပြည်သို့ပြန်သွားလေသည်။ ပြည့်တန်ဆာမသည် စရံပေးထားသူနှင့် မပျော်ရသေးမှီမှာ လူသစ်တစ်ယောက်၏ငွေကို ခံယူရန် လက်လှန်းမိခဲ့သောကြောင့် သူ့သီလအပေါ်သံသယဖြစ်မိကြောင်းဆိုလေ၏၊ ထိုအခါပုဏ္ဏားကြီးတို့က လက်ဖြန့်ကာမျှဖြင့် သီလမပျက်ကြောင်းဆိုကာ သူ၏ကုရုဓမ္မကိုကူးယူသွားကြလေသည်။

ပုဏ္ဏားကြီးတို့သည် ထို (၁၁) ယောက်သောသူတို့၏ သီလကို ရွှေပြား၌ကူးယူခဲ့ကြ၍ ကာလိင်္ဂ မင်းအား ဆက်သကြလေသည်၊ ကာလိင်္ဂမင်းသည် ကုရုဓမ္မ၌တည်၍ ငါးပါးသီလကိုလုံခြုံစွာ စောင့်ထိန်းလေ၏ ထိုအခါ ကာလိင်္ဂတိုင်းမှာ မိုဃ်းရွာ၍ ဘေးကြီးသုံးပါးမှလွတ်ကာ သာယာ ၀ပြောသွားလေတော့သည်။ ဘုရားအလောင်းတော်သည် အသက်ထက်ဆုံး ဒါနစသော ကောင်းမှုများပြုလုပ်လျက် ပရိသတ်နှင့်တကွ နတ်ပြည်ရောက်သွားကြလေသတည်း။
ဇာ၊ဋ္ဌ၊၂၊၃၃၀။
"ဂရုဓမ္မအခါတော်နေ့(သို့) တော်သလင်းလပြည့်နေ့"
********************************************************
ဗုဒ္ဓဘာသာဝင်များအတွက် တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ဟု သတ်မှတ်ထားကြပါတယ်။ ထိုနေ့ကိုရောက်လာရင် ငါးပါးသီလ ချို့ယွင်းနေသူများအား သတိပေးတဲ့အနေ့နဲ့ ငါးပါးသီလကို အသက်ထက်ဆုံး လုံခြုံအောင် စောင့်ထိန်းကြဖို့အသိပေးတယ်တဲ့နေ့ ဆိုလည်း မှားမည်မထင်ပါ။ ဂရုဓမ္မဆိုတာ လူသားတို့ အနေဖြင့် တလေးတစား စောင့်ထိန်းအပ်တဲ့ (ကုရုဓမ္မ) ငါးပါးသီလကိုပဲ ဆိုလိုခြင်းဖြစ်ပါတယ်။ ကုရုဓမ္မကနေ ဂရုဓမ္မဖြစ်လာတာပါ။
ထိုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းက ရဟန်းနှစ်ပါး ဟင်္သာတစ်ကောင်ကို အလောင်းအစားလုပ်ကာ ကျောက်ခဲနှင့် ပစ်သတ်ခဲ့တဲ့အတွက် သာသနာတွင်းရဟန်းများအနေဖြင့် ပါဏာတိပါတကံကို မကျူးလွန်သင့်ကြောင်းနှင့် ရှေးပညာရှိများအနေဖြင့် သာသနာပ ကာလလူဘောင်ဘဝဖြင့်ပင် ပါဏာတိပါတကံ စတဲ့ သီလများကို စောင့်ရှောက်ထိန်းသိမ်းခဲ့ကြောင်းကို  အကြောင်းပြုပြီး ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပါတယ်။

 မြတ်စွာဘုရားရှင် အလောင်းတော်ဘဝတစ်ခုမှာ ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်မြို့ ဓနဉ္စယကောရဗျမင်းရဲ့ မိဖုရားကြီးတို့ရဲ့ သားတော်တစ်ဦးဖြစ်ခဲ့ပြီး အရွယ်ရောက်တာနဲ့ တက္ကသိုလ်မှာ အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားတတ်မြောက်ပြီး အိမ်ရှေ့မင်းအရာမှာ ခန့်အပ်ခြင်းကို ခံရပါတယ်။ ဖခင်မင်းကြီးကွယ်လွန်တဲ့အခါမှာ မင်းအဖြစ်ဆက်လက် အုပ်ချုပ်ခွင့်ရပြီး ဆယ်ပါးသော မင်းကျင့်တရားနှင့် ညီစွာအုပ်ချုပ်လျက် ငါးပါးသီလလို့ခေါ်တဲ့ ကုရုဓမ္မကိုလည်း စောင့်ထိန်းပါတယ်။ ဘုရားအလောင်းတော် မင်းဟာ ငါးပါးသီလကိုစောင့်ထိန်းသကဲ့သို့၊ ဘုရားအလောင်း၏ မယ်တော်၊ မိဖုရားကြီး၊ ညီတော် အိမ်ရှေ့မင်း၊ ပုရောဟိတ်ပုဏ္ဏား၊ အမတ်၊ ရထားထိန်း၊ သူဌေး၊ အမတ်ကြီး၊ တံခါးစောင့်၊ ပြည့်တန်ဆာမတို့လည်းပဲ ငါးပါးသီလလို့ခေါ်တဲ့ ကုရုဓမ္မ(ဂရုဓမ္မ)ကို စင်ကြယ်စွာစောင့်ထိန်းကြတာပါ။ ဘုရားအလောင်းတော်ဟာ မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော် ဤခြောက်ဌာနတို့မှာ အလှူမဏ္ဍပ်တွေဆောက်လုပ်ပြီး နေ့စဉ် ခြောက်သိန်းသော ဥစ္စာများကို စွန့်လှူခြင်းမှာလည်း မွေ့လျော်တာကြောင့် ဇမ္ဗူဒိပ်၌ ကျော်ကြားနေပါတယ်။ တစ်တိုင်းပြည်လုံးမှ လူများလည်း ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလမြဲကြပါတယ်။
ဘုရားအလောင်း၏ နိုင်ငံနှင့်မနီးမဝေး ကာလိင်္ဂတိုင်း ဒန္တပူရမြို့မှာ ကာလိင်္ဂမင်းဟာ မင်းပြုနေပါတယ်။ ထိုမင်းရဲ့ တိုင်းမှာတော့ မိုးမရွာ။ မိုးမရွာတော့ တစ်တိုင်းပြည်လုံးမှာ ငတ်မွတ်ခြင်းဘေး၊ ရောဂါဘေး ရာသီဥတုဖောက်ပြန်တဲ့ဘေးဆိုပြီး ဘေးသုံးမျိုးနှင့်ကြုံတွေ့ရပါတော့တယ်။ တိုင်းသူပြည်သားတွေက ကာလိင်္ဂမင်းကြီးဆီ ထိုကဲ့သို့ကပ်ဆိုက်နေချိန်မှာ ရှေးမင်းများ ပြုကျင့်သည့်အတိုင်း ဒါန သီလများပြုပါက မိုးရွာမည်ဖြစ်ကြောင်းလျောက်ထားပါတယ်။ ဒါပေမယ့် ထိုကဲ့သို့ ဒါန သီလများပြုသော်လည်း မိုးမရွာပါဘူး။ နောက်တစ်ဖန် ကုရုတိုင်းမှာ အဥ္ဏနဝဏ္ဏမင်္ဂလာဆင်ကြီးကို အလှူခံပြီး သယ်ဆောင်ပါက မိုးရွာနိုင်ပါသည်ဟု ဒုတိယအကြိမ်လျောက်ထားပြန်ပါတယ်။ ဆင်တော်မင်္ဂလာကြီး သယ်ဆောင်လာနိုင် သော်လည်း မိုးမရွာပြန်ပါဘူး။ နောက်ဆုံးမှာ အကြောင်းစုံကို စုံစမ်းပြီး ကုရုတိုင်းမှ ဘုရားအလောင်းအတော် အပါဝင်၊ မယ်တော်၊ မိဖုရား၊ ညီတော်၊စတဲ့ ပုဂ္ဂိုလ်ဆယ်ယောက်အပြင် တစ်တိုင်းပြည်လုံးမှ လူများ စောင့်ထိန်းကြတဲ့ ကုရုဓမ္မ(ဂရုဓမ္မ)လို့ခေါ်တဲ့ ငါးပါးသီလကို ရွှေပေလွှာမှာ ကူးစေပြီး ကာလိင်္ဂတိုင်းသူ ပြည်သားအားလုံးအပြင် ဘုရင်မှစ၍ ထိုကုရုဓမ္မကိုစောင့်ထိန်းကျင့်သုံးတော့မှ ရာသီဥတုတွေ မှန်ကန်လာပြီး တစ်တိုင်းပြည်လုံး သာယာဝပြောကာ ဘေးသုံးပါးမှ ကင်းလွှတ်ခဲ့ပါတယ်။

အချုပ်အားဖြင့် ဘုရားအလောင်းတော် အုပ်ချုပ်သော တိုင်းပြည်မှာ ဘုရင်မှစ၍ မယ်တော်၊ မိဖုရားအပါဝင် တစ်တိုင်းပြည်လုံး ငါးပါးသီလမြဲကြသဖြင့်၊ ရာသီဥတုမှန်ကန်ကာ တိုင်းပြည်တစ်ခုလုံး သာယာဝပြောခြင်း၊ ကာလိင်္ဂတိုင်းမှာ ဘုရင်မှအစပြု၍ တိုင်းပြည်တစ်ခုလုံး ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလ မမြဲကြသဖြင့် ရာသီဥတုဖောက်ပြန်ကာ ဘေးဆိုးများနှင့်ရင်ဆိုင်ရခြင်း၊ ငါးပါးသီလမြဲပါမှ တစ်ဖန် ရာသီဥတု မှန်ကန်ပြီး တိုင်းပြည်သာယာဝပြောလာခြင်း စတဲ့အချက်များကို ထောက်ဆကြည့်မည်ဆိုပါလျှင် ယနေ့ခေတ် ရာသီဥတုဖောက်ပြန်ခြင်း၊ အစာငတ်မွတ်ခြင်း၊ ရောဂါထူပြောခြင်းစတဲ့ဘေးဆိုများနှင့် ရင်ဆိုင် နေရခြင်းသည် လူတို့စောင့်ထိန်းအပ်သည့် ဂရုဓမ္မခေါ် ငါးပါးသီလ ဖောက်ဖျတ်ခြင်း၊ လောဘ၊ ဒေါသ မောဟ စတဲ့ကိလေသာများထူပြောခြင်းကြောင့် သုံးသပ်ရမည်ဖြစ်ပါတယ်။
ဒါကြောင့် တိုင်းပြည်သာယာဝပြောပြီး ရာသီဥတုမှန်ကန်၊ ကပ် ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်စေရန် မိမိမှအစပြု၍ တစ်ဦးချင်းလိုက်၊ တစ်မိသားစုချင်းလိုက်၊ အစပြုကာ တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံး ဂရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းသင့်လှကြောင်း နေ့စဉ်စောင့်ထိန်းကြဖို့ အသိပေးလိုခြင်း ဖြစ်ပါတယ်။ ငါးပါးသီလဖောက်ပြားနေသူများ၊ ပျက်ယွင်းနေသူများအား ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းကြဟု ဘုရားအလောင်းတော် ကုရုမင်းကြီး သတိပေးနေဟန် တူပါတော့တယ်။
ဆက်လက်စဉ်းစားမိသည်က ထိုဇာတ်တော်ကို မြတ်စွာဘုရားရှင် တော်သလင်းလပြည့်နေ့တွင် ဟောတော်မူခဲ့ခြင်းလား၊ (သို့မဟုတ်) ကာလိင်္ဂတိုင်းသားတို့အား ငါးပါးသီလကို ရွှေပေလွှာပေါ်တွင် ကူးစေခဲ့သည့်နေ့ကား တော်သလင်းလပြည့်နေလား၊ အနီးစပ်ဆုံးအားဖြင့် ကုရုမင်းကြီးကား ပန္တွရသီဥပုသ်နေ့တွင် ပရိတ်သတ်အလယ်၌ အလှူဒါနပြုစဉ် ကာလိင်္ဂတိုင်းသားတို့အား ငါးပါးသီလကို ရွှေပေပေါ်တွင် ကူးစေခြင်းဆိုတဲ့အချက်ကို ထောက်ဆကြည့်မည်ဆိုပါက တော်သလင်းလပြည့်နေ့သာ ဖြစ်ပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ငါးပါးသီလဟူသော အခြေခံလူ့ကျင့်ဝတ်ကို အချိန်မရွေး စောင့်ထိန်းသင့်လှသည်ဆိုသောအချက်ကတော့ ငြင်းမရပါ။ ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက ကုရုဓမ္မဇာတ်တော်ကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ကုရုဓမ္မ(ဂရုဓမ္မ)အခါတော်နေ့ဟု သတ်မှတ်ခြင်းသာဖြစ်ပါတော့တယ်။

ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ငယ်စဉ်က လူကြီးတွေပြောတာကြားဖူးပါတယ်။

ကိုယ့်ရဲ့မွေးနေ့၊ သောကြာနေ့၊ တနင်္လာနေ့တွေမှာ ဆံပင်မညှပ်နဲ့၊ မညှပ်ကောင်းဘူး တဲ့
ဘာဖြစ်လို့လဲ  လို့မေးကြည့်တော့…

" သြော်… ရှေးလူကြီးတွေပြောခဲ့တဲ့စကား " တဲ့

တစ်ကယ်တော့ သူတို့လည်း တိတိကျကျမသိကြပါဘူး။

ဒါကြောင့်…
မိမိရဲ့မျိုးဆက်တွေမေးလာတဲ့အခါ
ရှေးလူကြီးတွေကို လွဲချစရာမလိုဘဲ
တိတိကျကျဖြေနိုင်ရအောင်လို့ သေချာမှတ်ထားပါ။


Monday, September 4, 2017

"၂၅၀၀ သာသနာနှစ်အတွင်း သံဂါယနာ" ********************************
ပထမသံဂါယနာ

မဟာသက္ကရာဇ် ၁၄၈-ဘီစီ(B.C) ၅၄၄ခုနှစ်၊ ရာဇဂြိုလ် ဝေဘာရတောင် သတ္တပဏ္ဏလိုဏ်ဂူ၌အဇာတသတ် မင်းကို အမှီပြု၍အရှင်မဟာကဿပအမှူးရှိသော အရှင်အာနန္ဒာ၊အရှင်ဥပါလိနှင့် ရဟန္တာငါးရာတို့ မုခါရုဠှ (နှုတ်ဖြင့်ရွတ်ဆိုခြင်း) ပထမ သံဂါယနာတင်တော်မူခဲ့ကြပါသည်။

ဒုတိယသံဂါယနာ

သာသနာနှစ် ၁၀၀၊ဘီစီ(B.C)၄၄၄ခုနှစ်၊ဝေသာလီပြည် ဝါဠုကာရုံကျောင်းတော်၌ကာဠာသောကမင်းကို အမှီပြု၍ အရှင်မဟာယသမထေရ် အမှူးရှိသော ရဟန္တာအရှင်မြတ် ခုနစ်ရာတို့မုခါရုဠှ(နှုတ်ြ ဖင့်ရွတ်ဆိုခြင်း) ဒုတိယအကြိမ်သံဂါယနာတင်တော်မူခဲ့ ကြပါသည်။

တတိယသံဂါယနာ

သာသနာနှစ် ၂၃၉ ၊ဘီစီ(B.C) ၃၀၈ခုနှစ်၊ ပါဋလိပုတ်ပြည်(ယခုအဆို-ပတ္တနား) သီရိဓမ္မာသောကမင်းကို အမှီပြု၍အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်အမှူးရှိသောရဟန္တာတစ်ထောင်တု မုခါရုဠှီ(နှုတ်ဖြင့်ရွတ် ဆိုခြင်း) တတိယသံဂါယနာတင်ေ တ်ာမူခဲ့ကြပါသည်။ထိုအခါမှစ၍ ဟိမဝန္တာတောင်တစ် လျှောက်ရှိ တိုင်းပြည်နယ်အရ ပ်ရပ်သို့လည်းကောင်း၊ မြောက်ဘက်ရှိ စိန့်တိုင်းအနောက်မြောက်ဘက် ရှိ ကသ္မိရကန္တာရ၊ယောနကတိုင်းတို့သို့လည်းကောင်း သာသနာတော်ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။

စတုတ္ထသံဂါယနာ

၎င်းစတုတ္ထသံဂါယနာကို တောင်ပိုင်းစတုတ္ထသံဂါယနာ၊ မြောက်ပိုင်းသံဂါယနာဟုနှစ်မျိုးခွဲ၍ မှတ်ရသည်။ ထိုတွင် သာသနာနှစ်(၄၅၀) ၊ ဘီစီ(B.C) ၉၄ခုနှစ်၊ သီဟိုဠ်ကျွန်းမလယဇနပုဒ်အာလောက လိုဏ်ဂူ၌ ဝဋ္ဋဂါမဏိမင်းကို အမှီပြု၍ဓမ္မရက္ခိတမထေရ်အမှူးရှိသောသံဃာတော်ငါးရာတာလပတ္တအက္ခရာခေါ် (တောင်ပိုင်းစတုတ္ထသံဂါယနာ- ပေထက်အက္ခရာ) ကိုတင်တော်မူခဲ့ကြပါသည်။

သာသနာတော်နှစ် ၆၀၀၊ ဘီစီ(B.C) ၁ရာစု အိန္ဒိယမြောက်ပိုင်းကသ္မိရတိုင်းဇာလန္ဒရမြို့၌ ကနိလျှကမင်းကို အမှီပြု၍ သုမိတြအသွဃောသမေ ထရ် ကြီးမှူးသောသံဃာတော်များသည် ပိ၌ကတ်တော်များကို သင်္သကရိုဋ်(သက္ကတ)ဘာသာဖြင့် တင်သောသံသတိတြာရုဠှခေါ် မြောက်ပိုင်း စတုတ္ထသံဂါယနာကို တင်တော်မူခဲ့ကြပါသည်။ ထိုအခါမှစ၍ဟိမဝန္တာမှမြောက်ဘက်ရှိ တိုင်းပြည်နယ်များသို့ဗုဒ္ဓသာသနာရောက်ရှိပျံ့နှံ့ ခဲ့ပါသည်။

ပဉ္စမသံဂါယနာ

သာသနာနှစ် ၂၄၁၂၊ အေဒီ၁၈၆၈ခုနှစ်၊ မြန်မာပြည် မန္တလေးမြို့တော်၌မင်းတုန်းဘုရင်မ င်းတရားကြီးကို အမှီပြု၍ အရှင်ဇာဂရာဘိဓဇမ ထေရ်အမှူးပြုသော သံဃာတော်၂၄၀၀ကျော်တို့သေလက္ခရာရုဠှခေါ် ကျောက်ထက်အက္ခရာပဉ္စမသံဂါယနာတင်ေ တ်ာမူခဲ့ကြပါသည်။

ဆဋ္ဌသံဂါယနာ

ဆဋ္ဌမသံဂါယနာသာသနာနှစ်၂၅၀၀၊ အေဒီ ၁၉၅၆ခုနှစ် မြန်မာပြည်ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌နိုင်ငံတော်အစိုးရ ကြီးမှူးသောပြည်သူလူထုကို အမှီပြု၍ ထေရဝါဒငါးနိုင်ငံ(မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လော၊ သီရိလင်္ကာ) မှ ဆရာတော်များ ကြီးမှူးသော သံဃာတော်၂၅၀၀ကျော်ကို ပေါတ္ထကရုဠှ မုခါရုဠှရွတ်ဖတ်ပုံနှိပ်ခြင်း၊ ရွတ်ဆိုခြင်းနှစ်ပါးစုံဖြင့် ဆဋ္ဌသံဂါယနာတင်တော်မူခဲ့ကြပါသည်။

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

Credit ဓမ္မစာ​ပေ

Sunday, September 3, 2017

တော်သလင်းလပြည့်နေ့ (သို့) ဂရုဓမ္မအခါတော်နေ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနက်ဖြန် (၁၆-၉-၂၀၁၆) တော်သလင်းလပြည့် ဥပုသ်နေ့ ဖြစ်ပါတယ်။ တော်သလင်းလပြည့်နေ့ကို ရှေးအစဉ်အလာ ဘာသာရေးဆိုင်ရာ အထူးသတ်မှတ်ချက် အနေဖြင့် ဂရုဓမ္မ အခါတော်နေ့အဖြစ် သတ်မှတ်ကာ ကုသိုလ်အထူး ဆည်းပူးလေ့ရှိပါတယ်။  ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေထဲက ကုရုဓမ္မဇာတကကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့လို့ သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ မူရင်းစကားမှာ ကုရုဓမ္မဖြစ်ပြီး နောက်ပိုင်းဝေါဟာရ အပြောင်းအလဲတစ်ခု အနေနဲ့ ဂရုဓမ္မလို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အဋ္ဌကထာများမှာတော့ ကုရုတိုင်းသားတို့ ကျင့်သုံးတဲ့ တရားဖြစ်တဲ့အတွက် ကုရုဓမ္မလို့ ဆိုခြင်းဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကုရုဓမ္မခေါ် ဂရုဓမ္မဆိုတာ ပဉ္စသီလ ခေါ် ငါးပါးသီလကို ဆိုခြင်းပဲ ဖြစ်ပါတယ်။ အတိတ်ဘ၀တစ်ခုမှာ ဘုရားလောင်းဟာ ဣန္ဒပတ္တနဂိုရ်ပြည်ရဲ့ ကောရဗျဘုရင်အဖြစ် အုပ်ချုပ်စဉ်အခါက တိုင်းပြည်တစ်ပြည်လုံးကို ငါးပါးသီလစောင့်ထိန်းဖို့ ညွှန်ကြားပြီး သီလတရားနဲ့ ပြည့်စုံစေပါတယ်။ တစ်တိုင်းပြည်လုံး ပဉ္စသီလကို လုံခြုံအောင် စောင့်ထိန်းကြတဲ့အတွက် အဲဒီတိုင်းပြည်မှာ မိုးလေ၀သ မှန်ကန်ပြီး ကောက်ပဲသီးနှံနဲ့ ဆန်ရေစပါး ပေါများကာ တိုင်းသူပြည်သားတွေဟာ အေးအေးချမ်းချမ်း ငြိမ်းချမ်းတည်ငြိမ်တဲ့အပြင် သီလလုံခြုံကြတဲ့အတွက် အသက်ရှည်ပြီး ရောဂါဘယများလည်း ကင်းဝေးကြပါတယ်။ အဲဒီအချိန်မှာ တစ်ဘက်မှာရှိတဲ့ ကာလိင်္ဂမင်း အုပ်ချုပ်တဲ့ ဒန္တပူရပြည်မှာတော့ မိုးခေါင်ရေရှားဖြစ်ကာ ဆန်ရေစပါးရှားပါပြီး တိုင်းသူပြည်သားတွေဟာလည်း ဒုက္ခအမျိုးမျိုး ကြုံနေရပါတယ်။ ဒီတော့ ကလိင်္ဂမင်းဟာ ကောရဗျမင်းရဲ့ တိုင်းပြည်အခြေအနေကို စုံစမ်းပြီး ကောရဗျမင်း ကျင့်သုံးတဲ့ ကုရုဓမ္မကို လိုက်နာကျင့်သုံးစေကာ မိမိတိုင်းသူပြည်သားတွေကိုလည်း သီလနဲ့ ပြည့်စုံစေပါတယ်။ ဒီလို ကုရုဓမ္မကို ကျင့်သုံးတဲ့အတွက် ကလိင်္ဂမင်းရဲ့ တိုင်းပြည်မှာလည်း မိုးလေ၀သမှန်ကန်ကာ တိုင်းပြည်လည်း ငြိမ်းချမ်းသာယာ လာခဲ့ပါတယ်။ ဒါဟာ ကရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံစောင့်ထိန်းစေလို့ပဲ ဖြစ်ပါတယ်။ ဒါက ကုရုဓမ္မဇာတ်တော်ရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်ကို အကြောင်းပြုပြီး မြန်မာဗုဒ္ဓဘာသာများဟာလည်း ဆန်ရေစပါး စိုက်ပျိုးရာဖြစ်တဲ့ မိုးရာသီရဲ့ တော်သလင်းလမှာ မိုးလေ၀သ မှန်ကန်စေဖို့နဲ့ ဗုဒ္ဓဘာသာတွေ အနေနဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို အလေးထားပြီး စောင့်ထိန်းစေဖို့ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ အဖြစ် နေ့ထူးနေ့မြတ်တစ်ခု သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက အရေးကြီးဆုံး တရားက ဂရုဓမ္မ တရားပဲ ဖြစ်ပါတယ်။ ငါးပါးသီလရဲ့ အစွမ်းထက်မြက်မှုပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အနည်းဆုံး သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တာ၊ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်တာ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုများမှ ရှောင်ကြဉ်တာ၊ လိမ်ညာပြောဆိုတာတွေမှ ရှောင်ကြဉ်တာ၊ အရက်သေစာ မူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာတွေမှ ရှောင်ကြဉ်တာတွေကို ပျောက်ပျက်မှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ကြမယ်ဆိုရင် တစ်ဦးချင်းရဲ့ စိတ်အစဉ်မှာ ငြိမ်းချမ်းနေပြီး အချင်းချင်း နှိပ်စက်ခြင်းတွေ ကင်းနေကြမှာ ဖြစ်ပါတယ်။ တစ်ဦးချင်းရဲ့ စိတ်အစဉ်မှာ သီလတွေနဲ့ ထိန်းသိမ်းလို့ ငြိမ်းနေကြမယ်ဆိုရင် အဲဒီနိုင်ငံ၊ အဲဒီလူမျိုးတွေကို စောင့်ရှောက်ကြတဲ့ နတ်ဒေ၀တာတွေဟာလည်း စောင့်ရှောက်မှု အားကောင်းပြီး အဆိုးတွေမဖြစ်အောင် မစကြမှာဖြစ်ပါတယ်။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များရဲ့ အစောင့်အရှောက်ကို ခံကြရတဲ့ တိုင်းပြည်ဟာ မိုးလေ၀သ ရာသီဥတုမှအစ ကောင်းမွန်မှန်ကန်ပြီး ရာသီဥတု မှန်တဲ့အတွက် စိုက်ပျိုးရတဲ့ သီးနှံစပါးဟာလည်း ဖွံ့ဖြိုးတိုးတက်ကာ စားဝတ်နေရေးမှ အစ အစစအရာရာ ငြိမ်းချမ်းသာယာ နေကြမှာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံဖြစ်တဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းနေထိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောရှိတဲ့အတွက် အကြောင်းကောင်းရင် အကျိုးလည်းကောင်းမှာဖြစ်လို့ အကျိုးပေးကောင်းချင်သူတွေ အနေနဲ့ အကြောင်းကောင်းအောင် လုပ်ကြဖို့နဲ့ တစ်ဦးချင်းရဲ့ အကြောင်းတွေ ကောင်းနေရင် တစ်ဦးချင်းရဲ့ အကျိုးလည်းကောင်းနေပြီး အကြောင်းကောင်းသူ တစ်ဦးချင်း ပေါင်းထားတဲ့ အများဟာလည်း အကျိုးကောင်းတဲ့ အစုအဖွဲ့ ဖြစ်လာမှာဖြစ်ကာ အစုအဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာ တိုးတက်ဝပြောနေမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းကောင်းဆိုတဲ့ ဂရုဓမ္မလို တရားများကို ကြိုးစားကျင့်ကြံနေထိုင်ခြင်းဖြင့် အကျိုးကောင်းအောင် အားထုတ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။ ဂရုဓမ္မခေါ် ငါးပါးသီလကို အခြေခံ အဆင့်အနေနဲ့ တည်တံ့အောင် ကြိုးစားပြီး အမြတ်ဆုံးပန်းတိုင်ကို လှမ်းကိုင်နိုင်အောင် အားထုတ်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အကျင့်တရားတွေ အားနည်းပြီး သီလတရားတွေ လျော့ရဲလာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ အများမိုးခါးရေ သောက်လို့ ကိုယ်လည်းလိုက်သောက်တဲ့ ပုံစံမျိုး မဖြစ်စေကြဘဲ အများမလုပ်နိုင်တဲ့ အလုပ်ကို တစ်ဦးချင်း အရင်ကြိုးစား လုပ်ကိုင်ရင်း အများအားဖြစ်လာအောင် အားထုတ်တဲ့အနေနဲ့ လူပဲဖြစ်ဖြစ်၊ ရဟန်းပဲ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အခြေခံအဆင့် သီလများကို လုံခြုံအောင် စောင့်ထိန်းကြဖို့၊ လူတွေအနေနဲ့ တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မ တရားတွေ ထွန်းကားလာအောင် နေ့စဉ်စောင့်ထိန်းရမယ့် ငါးပါးသီလကို လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားကြဖို့၊ ဒီလို တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မတွေ ထွန်းကားလာမယ်ဆိုရင် အဲဒီသူ၊ အဲဒီမိသားစု၊ အဲဒီလူမျိုး၊ အဲဒီတိုင်းပြည်ဟာ အမှန်တကယ် ငြိမ်းချမ်းသာယာ ၀ပြောလာမှာ ဖြစ်လို့ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ဒီဂရုဓမ္မကိုတော့ အတတ်နိုင်ဆုံး လုံခြုံကြစေဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ ဂရုဓမ္မတရားတွေ များများထွန်းကားလေ ကမ္ဘာလောကကြီး ငြိမ်းချမ်းလေ ဖြစ်မယ်ဆိုတာ အသေအချာပဲ ဖြစ်ပါကြောင်း ဂရုဓမ္မအခါတော်နေ့ရဲ့ ထူးခြားမှုတစ်ခုအဖြစ် အသိပေးတင်ပြရင်း ဗုဒ္ဓဘာသာတွေအတွက် အနည်းဆုံး အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံခြုံအောင် ကျင့်သုံးကြဖို့ စေတနာထား မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

မနာပ ဒါယီ အရှင်ဝိစိတ္တ
ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ  ဓမ္မကျောင်းတော်များ  ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွား ဗဟို ကော်မတီမှကြီးမှုးကျင်းပအပ်သော ခင်နှင်းကွန်ပျူတာအခမဲ့သင်တန်းကျောင်း သင်တန်းဆင်း ကျောင်းသား/ကျောင်းသူ 
များအား သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနား




Saturday, September 2, 2017

"ရိုဟင်ဂျာ"၏ဇာစ်မြစ်



==================
==================

(ဤစာတမ်းမှာ ၁၉၉၃ ခုနှစ်၊ လွန်ခဲ့ သော ၂၄ နှစ်ခန့် ကပင်ရေးသားထားခဲ့ သော စာတမ်းဖြစ်ပါသည်။ ထိုအချိန်ကပင် စာရေးသူသည် ၎င်းရိုဟင်ဂျာဆိုသူများ၏ အကြံမှာ မြန်မာပြည်၏တစိတ်တဒေသ သို့ မဟုတ် ဖြစ်နိုင်ပါက တပြည်လုံးကို သိမ်းပြီး အစ္စလာမ်မစ်နိင်ငံထူထောင်နေချင်ကြကြောင်း အသိပေးထားပြီး၊ ၎င်းအန္တရာယ် ကို အချိန်မီ ကြိုတင်ကာကွယ်ထားကြရန် ကြိုတင်သတိပေးထားခဲ့ ပါသည်။ ဝါရင့် နိင်ငံရေးသမားကြီး ဘုံပေါက်သာကျော်ကလည်း "ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ရိုဟင်ဂျာအန္တရာယ်" ဆိုသောအမည်ဖြင့် စာအုပ်တအုပ်ကို ၁၉၉၃ ခုနှစ်က ရေးသားထုတ်ဝေခဲ့ ပြီး နဝတ၊ အင် အယ်လ် ဒီ နှင့် တစည အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီအားလုံးသို့ ၎င်းစာအုပ်ကို ပေးပို့ ပြီး၊ ၎င်းရိုဟင်ဂျာဆိုသူများ၏ အန္တရာယ်မသေးကြောင်း သတိပေးထားခဲ့ ပါသည်။ သို့ သော် ရခိုင်များမှအပ မည် သည့် နိုင်ငံရေးပါတီကမှ မည်မည်ရရ အလေးပေးလုပ်ဆောင်ခြင်း မရှိခဲ့ ကြပါ။ တချိန်တည်း၌ အသားထဲက လောက်ထွက်ဆိုသကဲ့သို့ မြန်မာစစ်အစိုးရကိုဆန့်ကျင်သူအ ချို့သည် "ငါနဲ့မတူ ငါ့ရန်သူ။ ငါ့ရန်သူ၏ ရန်သူသည် ငါ့မိတ်ဆွေ" ဆိုသောထုံးကို နှလုံးမူပြီး ၎င်းရိုဟင်ဂျာဆိုသူ များ၏ ဘက်က ၀ါဒ၀င်ဖြန့်ပေးကြသည်။ တချို့ အတိုက်အခံ အဖွဲ့အစည်းအချို့သည် အာရပ်နိုင်ငံတွေက ပေးသောပိုက်ဆံကိုယူပြီး ရိုဟင်ဂျာဆိုသူများအတွက် သမိုင်းလိမ်ပြီး ၀ါဒဖြန့် စာစောင်များကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့်ရေးသားပေးကြ၏။ ယခု ၂၄နှစ်ကြာသွားပြီးသောအချိန်တွင် မူ ၎င်းရိုဟင်ဂျာဆိုသူများ၏ အန္တရာ ယ်သည် မြန်မာနိုင်ငံအတွက် မည်မျ ကြီးမားနေကြောင်းကို လူတိုင်းမြင်တွေ့ လာကြရပေပြီ။ ထို့ ကြောင့် လွန်ခဲ့သည့် ၂၄နှစ်၊ ၁၉၉၃ ခုနှစ်က စာရေးသူ ရေးသားထားခဲ့ သော ဤစာတမ်းကို ပြန်လည်ဆန်းစစ်မွမ်းမံပြီးတင်ပြ ခြင်းဖြစ်ပါကြောင်း)

ယခုအချိန်များတွင် ရိုဟင်ဂျာဆိုသောနံမည်ကို ကြိမ်ဖန်များစွာကြားနေရပါသည်။ "နိုင်ငံခြားသားများ"၊ "သတင်းစာဆရာ"ဆိုသူများက ၎င်းတို့ အကြောင်းကို အသားပေးရေးသားနေကြပါသည်။ ထိုသူများ၏ရေးသားချက်များတွင် ရခိုင်လူမျိုး၊ ရခိုင်ပြည်၊ နှင့် ရခိုင်သမိုင်းအကြောင်း များကို လုံးဝ ချန်လှပ်ထားပြီး၊ မြန်မာသမိုင်းတွင်ရော နိုင်ငံတကာသမိုင်းတွင်ပါ တခါမျှ မကြားဘူး၊ မတွေ့ဘူး၊မပါ ဘူးသော "ရိုဟင်ဂျာ"ဆိုသူများက ရခိုင်ပြည်မြောက်ဦးမင်းဆက်ကို တည်ထောင်ခဲ့ ပါသည်။ မြောက်ဦးမင်းဆက်မှ ဘုရင်များသည် မူဆလင်ဘာသာဝင်များ ဖြစ်ကြပြီး မြန်မာဘုရင်ဘိုးတော်ဘုရားက ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်ကို သိမ်းယူသောအခါ မူဆလင်ဘာသာဝင် "ရိုဟင်ဂျာ"တို့ ကို မောင်းထုတ်လိုက်ပြီး၊ ဗုဒ္ဒဘာသာဝင် မာဂ (ဝါ) မဂ် (Magh/Mogg) လူမျိုးများ (ပါဠိ/မာဂဓ ဘာသာစကားပြောသူများ) ကို ရခိုင်ပြည်တွင်နေထိုင် စေသည်။ ယခုလက်ရှိရခိုင်ဆိုသူများမှာ ၎င်းမာဂ (ဝါ) မဂ် (Magh/Mogg) လူမျိုးများနှင့်ဘိုးတော်ဘုရား၏ ဗမာစစ်သားများမှ ဆင်းသက်ပေါက်ဖွားလာသော မျိုးမစစ်ကပြားများဖြစ်သည်။ ယခုမြန်မာပြည်၏ စစ်အစိုးရသည်လည်း ဘိုးတော်ဘုရား လုပ်သည့် ပုံစံအတိုင်း ရိုဟင်ဂျာမူဆလင်များကို မောင်း ထုတ်နေပြန်ပြီ။ ထိုေ့ကြာင့် ရခိုင်ပြည်၏ မူလတိုင်းရင်းသားအစစ်ဖြစ်သော "ရိုဟင်ဂျာ"များ၏ဘဝမှာ ပါလက်စတိုင်းလူမျိုးများ၏ ကံကြမ္မာကဲ့ သို့ သနားစရာဖြစ်နေရ ပါသည် စသဖြင့် သမိုင်းလိမ်များကို လက်ရဲ ဇက်ရဲ ရေးသားလာကြပါသည်။

ထိုသတင်းစာ ဆရာများ၏ အာဘော်သက်သက်ကိုသာ ဖတ်ရှုရပြီး "သူခိုးက လူ လူ ဟစ်နေ"သည့် ဇာတ်လမ်းနှင့် သမိုင်းကြောင်းအမှန်ကို မသိသော ကမ္ဘာ စာဖတ်ပရိသတ် အချို့ မှာ ၎င်း "ရိုဟင်ဂျာ"ဆိုသူများ၏ထောင်ချော က် မိကုန်ကြပါတော့သည်။ မြန်မာပြည်ကို ပွဲလန့် တုန်း ဖျာဝင်ခင်းချင်သည့် ၎င်းရိုဟင်ဂျာ ဆိုသူများ၏ ယုတ်မာသောအကြံအစည် နှင့် လုပ်ဇာတ်များကို သိသူအလွန်နည်းပါးကြောင်း တွေ့  ရှိခဲ့ ရပါသည်။ ၎င်းဝါဒဖြန့်ချက်များသည်မျက်ကန်းမျိုးချစ် များသော မူဆလင်ကမ္ဘာတွင် အတော်လေးထိရောက်မှုရှိပြီး ဆော်ဒီအာရေဗျ မင်းသားတပါးကဆိုလျှင် အပြည်ပြည်ဆိုင်ရာမဟာမိတ်တပ်ပေါင်းစုဖွဲ့ကာ မြန်မာပြည်ကို ဝင်ရောက်တိုက်ခိုက်ရန် အဆိုပြုခဲ့ကြောင်း Bertil Lintner က အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါသည်။

“Prince Khaled Sultan Abdul Aziz, commander of the Saudi contingent in the 1991 Gulf War, visited Dhaka, Bangladesh, in Mid-April 1992 and recommended a Desert Storm-like action against Burma; "just what [the UN] did to liberate Kuwait". (Bertil Lintner, Chronology of The Events, in du, Sonderbeilage, Heft 11, 1993)

"သူခိုးက လူ လူ ဟစ်နေ"သည့် ဇာတ်လမ်းနှင့် သမိုင်းကြောင်းအမှန်၊ ဇာတ်ကြောင်းမှန်ကို သိသူ အနည်းငယ်နှင့် သမိုင်းသုတေသီတို့ က ဖြစ်ရပ်အမှန်ကို ရှင်းပြချင်သော်လည်း၊ "ကျား ကျား မီးယပ်" အလုပ်ခံရပါသည်။ ထိုကြောင့် စာရေးသူသည် ၁၉၉၃ ခုနှစ်မေလအတွင်းက ဘာလင်မြို့ Humboldt တက္ကသိုလ် ကဦးစီးကျင်းပခဲ့ သောမြန်မာရေး ရာစာတမ်းတင်ပွဲတွင်၊ ("On the Evolution of 'Rohingya' Problems in the Rakhine State) "ရိုဟင်ဂျာ ဆိုသောအမည်ပေါ်ပေါက်လာပုံ" အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာတမ်းကို တင်ခဲ့ ပါသည်။ သုတေသီများကြားတွင် အောင်မြင်မှု ရသော်လည်း မြန်မာစစ်အစိုးရကို မကြိုက်ဘဲ မျက်မှန်အနက်တပ်၍ကြည့် နေသောသူများ၏မျက်စိတွင်မူ အကောင်းမြင်မည် မဟုတ်ပါ။

၎င်းစာတမ်းပါ သုတေသနပြုထားသောအချက်အလက်အချို့ ကို ယခုမြန်မာဘာသာဖြင့် ရေးသားတင်ပြ ပါမည်။

"ရိုဟင်ဂျာ"ဆိုသောအမည်ကို ၁၉၅၀ခုနှစ်များ မတိုင်မှီက မည်သူမျှ မကြားဘူးပါ။ မည်သည့် သမိုင်းစာအုပ်တွင်မျှ မပါဘူးပါ။ ကိုလိုနီခေတ်က ရေးသားထားခဲ့ သော စာအုပ်စာတမ်း၊ ဂေဇက်တီးယားများတွ င်လည်း မတွေ့ ရပါ။ မောရစ်ကောလစ် အစရှိသော ရခိုင်အကြောင်း စာအုပ်များစွာရေးသားခဲ့ သော၊ ပုဂ္ဂိုလ်ကြီးများ၏ စာအုပ်စာတမ်းများတွင်လည်း၊၎င်း နာမည်နှင့်ဆင်တူယိုးမှားသော်မျှ မပါပါ။ မြန်မာပြည်လွတ်လပ်ရေးရခါစ က ရောင်စုံသူပုန်တို့ ပေါ်ပေါက်လာရာတွင် ရခိုင်ပြည်မြောက်ပိုင်းကို မြန်မာပြည်မှခွဲထုတ်ပြီး၊ မူဆလင်နိုင်ငံလုပ်လို သောအစွန်းေ ရာက်မူဆလင်များ၏ မူဂျာဟစ်ဆိုသောသူပုန်အဖွဲ့ တဖွဲ့ လည်း ပါခဲ့ ပါသည်။ အတိအကျပြောရလျှင် ဗမာပြည် လွတ်လပ်ရေးမရမီအချိန်ကလေးအတွင်း ၁၉၄၇ မှာ မူဂျာဟစ် သူပုန် (၎င်းအချိန်က ဗမာအခေါ် ကုလားဆိုး) ပေါ်လာပါသည်။ ၎င်းပုန်များကို အင်္ဂလိပ်တပ်မှူး ရော်ဂျာ ကမ်ပက်ညှက် (Lt. Colonel Roger Campagnag) ဦးစီးသော ဗမာစစ်တပ်ကတိုက်ခဲ့ရသည်။ NLD နာယကကြီး ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်ဦးသည် ထိုအချိန်က ဗိုလ်သင်တန်းဆင်းစ၊ ကော်မရှင်ရစသာဖြစ်သည်။ NLD နာယကဟောင်းဖြစ်သူ ဗိုလ်မှူးကြီး ဟောင်း ဦးကြည်မောင်သည် ဗိုလ်မှူးရာထူးနှင့် အင်္ဂလိပ်တပ်မှူး ရော်ဂျာ ကမ်ပက်ညှက် (Lt. Colonel Roger Campagnag) ၏အောက် ဒုတပ်ရင်းမှူးဖြစ်သည်။ လွတ်လပ်ရေးရရန်ရက်ပိုင်းခန့် အလိုတွင် အင်္ဂလိပ်တပ်မှူးများကို မြန်မာတပ်မှူးများဖြင့် အစားထိုးရာတွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောက ဒုဗိုလ်မှူးကြီးရာထူးဖြင့်တပ်မှူးဖြစ်လာသည်။ (အသေးစိတ်ကို ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇော၏သမီးကြီး ဒေါက်တာလှကျော်ဇောက ကျွန်တော့် ထက်ပိုသိမည်ထင်ပါသည်။)

၎င်းမူဂျာဟစ် အများစုမှာ အရှေ့ဘဂ င်္လားနယ်မှ မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်လာသူ တယူသန်မူဆလင်များဖြစ်ပြီး၊ ၎င်းတို့ ကို ကာဆင်ဆိုသူက ခေါင်းဆောင်ပါသည်။ အရှေ့ ပါကစ္စတန်က ၎င်းတို့ ကို နည်းအမျိုးမျိုးဖြင့် ကူညီပါသည်။ ဥပမာပြရလျှင် မြန်မာဘက်ကတိုက်လိုက်လျှင် နယ်စပ်ကျော်ပြီး ထွက်ပြေးသဖြင့် ဖမ်း၍မရ။ ပါကစ္စတန်အစိုးရကို ဖမ်းပေးရန်ပြောလည်း ဖမ်းမပေး။ နောက်ဆုံး မူဂျာဟစ်သူပုန်ခေါင်းဆောင် ကာဆင်သည် ကော့ဘဇားခေါ် ဖလောင်းချိတ်မြို့မှာ ရှိနေသည်ကို ဗမာအစိုးရက ဓာတ်ပုံအထောက်အထား အခိုင်အလုံနှင့် တင်ပြပြီး တောင်းဆိုသော်လည်း ပါကစ္စတန်အစိုးရက ကာဆင်ကို သူတို့အကျယ်ချုပ် ချထားပါသည်ဟုသာ အကြောင်းပြန်ခဲ့ပါသည်။ တချိန်တည်း၌ အရှေ့ပါကစ္စတန်က တရားမ၀င်ခိုးဝင်သူတွေသည်လည်း ရခိုင်တိုင်းတွင်းသို့ နည်းအမျိုးမျိုးနှင့် ရောက်ရှိလာပါသည်။ ၎င်းမူဂျာဟစ်တို့ မှာ ဗမာတပ်မတော်ခေါင်းဆောင်သော မြန်မာလက်နက်ကိုင်တပ်ပေါင်းစု တို့ ၏တိုက်စစ်ကို မခံနိုင်တော့ဘဲ ၁၉၅၂ ခုနှစ်မှစပြီး တဖွဲ့ ပြီးတဖွဲ့ လက်နက်ချခဲ့ ကြရာ ၁၉၆၀ ခုနှစ်တွင် နောက်ဆုံး ကျန်ရစ်ခဲ့ သော မူဂျာဟစ် ( ၎င်းအ ချိန်က ဗမာအခေါ် ကုလားဆိုး) များလက်နက်ချရပြီး၊ မူဂျာဟစ်သူပုန်ချုပ်ငြီမ်းသွား ပါသည်။ သို့ သော် ၎င်းတို့ က ခေါတောကုလား၊ ဘင်္ဂလီကုလား၊ စသောအခေါ်အဝေါ် တို့ ကို မကြိုက်၍ "ရိုဟင်ဂျာ"ဟူသောအမည်သစ်ကို မိမိတို့ ဘာသာမိမိတို့  ကင်ပွန်းတပ်ကြပါသည်။ သို့ ရာတွင် မြန်မာတိုင်းရင်းသားစာရင်းမထည့်  မဖြစ် ထည့် ရလေရန် "ကုလားဖန်ထိုး" ထားသော ဇာတ်လမ်းအချို့ ရှိနေပါသည်။ အများသိစေရန် ၎င်းသမိုင်းလိမ်များကို ဖေါ်ပြပါမည် ။

ပါးစပ်ရာဇဝင်လုပ်ထားသောဇာတ်လမ်း အချို့ မှာ

ပထမဇာတ်လမ်း။
၎င်းတို့သည် ရှစ်ရာစုတွင်းက သင်္ဘောပျက်ရာမှ ရောက်ရှိလာသော အာရပ်လူမျိုးများဖြစ်သည်။ ရခိုင်ဘုရင်ထံတွင် အမှုထမ်းရာ၌ အလွန်ရဲစွမ်းသတ္တိနှင့်ပြည့် စုံ သဖြင့်၊ ရခိုင်များက၎င်းတို့ ကို ရွာဟောင်းက ကျား ဟုခေါ်သည်။ ရ ခိုင်သံဖြင့် (Rwahaung Ga Kyar) ကလာသည်ဟူ၏။ လုံးဝ ယုတ္တိမရှိပါချေ။ အတင်းမြန်မာမှု ပြုထားခြင်းသာဖြစ်ပါသည်။ မြန်မာနှင့် ရခိုင်စကားပုံတို့ တွင် " သေချင်တဲ့ကျားတောပြောင်းတယ်" ဟူ၍သာရှိပါသည်။ ရွာဟောင်းက ကျား ရွာသစ်လာလျှင်သေဖို့ ဘဲရှိပါလိ မ့်မည်။

ဘင်္ဂလားနယ်၌ ခရစ်သက္ကရာဇ် ၇၅ဝ ပြည့်နှစ်တွင် ဗုဒ္ဒဘာသာဝင် “ပါလာ” မင်းများက “ပါလာအင်ပါရာ” ကို ထူထောင်ခဲ့သည်။ ၁၂ ရာစုတွင် ဗုဒ္ဒဘာသာဝင် “ပါလာမင်းဆက်များ” ကို ဟိန္ဒူဘာသာဝင် “သေနမင်းဆက်” က ဖြုတ်ချပြီး ဟိန္ဒူအင်ပါရာကို ထူထောင်သည်။ မူဆလင်များသည် ဟိန္ဒူ သေနမင်းဆက်ကိုဖြုတ်ချပြီး မူဆလင်နိုင်ငံထူထောင်သူများဖြစ် ၍ ဘင်္ဂလားဒေသ တခုလုံးကို မူဆလင်တို့သိမ်းပိုက်ချိန်မှာ ၁၄ ရာစု အကုန်ပိုင်းမှသာဖြစ်ပါသည်။

၈ ရာစု ၉ ရာစုက ယခုခေတ် ကမ္ဘာပေါ်တွင် မူဆလင်ဦးရေအများဆုံးရှိသော အင်ဒိုနီးရှားနိုင်ငံသို့ပင် မူဆလင်များမရောက်သေးပါ။ အင်ဒိုနီးရှားနိုင်ငံသည် ထိုအချိန်က သီရိဝိဇယနိုင်ငံတော်အဖြစ်ထင်ရှားခဲ့ပြီး ဗုဒ္ဒဘာသာနိုင်ငံတော်ဖြစ်ခဲ့ပါသ ည်။ ခရစ် သက္ကရာဇ် ၈၂၅ ကတည်ထားခဲ့သည့် “များလှစေတီ” ဟု အဓိပ္ပါယ်ရသော Borobudur စေတီကြီးသည် ကမ္ဘာပေါ်တွင်အကြီးဆုံး ဗုဒ္ဒဘာသာစေတီကြီးဖြစ်ပြီး ယခုခေတ်အထိတည်ရှိနေပါသေးသည်။

အင်္ဂလိပ်ခေတ်က ရခိုင်ပြည်တွ ကိုလိုနီအရာရှိကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် စာရေးဆရာကြီး မောရစ်ကောလစ်ကလည်း “ဘင်္ဂလားနယ်ကို အစ္စလမ်ဘာသာ ၁၂ဝ၃ ခုနှစ်က စတင်ရောက်ရှိခဲ့သော်လည်း (မြန်မာပြည်ပါဝင်သည့်) အင်ဒိုချိုင်းနားကျွန်းဆွယ်မှာကား ၁၄၃ဝ ခုနှစ်အထိ မူဆလင်ဘာသာ အငွေ့အသက်များလုံးဝမရှိခဲ့ပါ” လို့ အတိအလင်းရေးထားခဲ့ပါသည်။

ယင်းအချက်များကိုထောက်ရှုလျှင် “ရိုဟင်ဂျာ” ဆိုသူများ၏သမိုင်းလိမ်လုပ်ဇာတ်၌ ပါသော ၈ ရာစု ၉ ရာစုနှစ်များက သင်္ဘောပျက်ဇာတ်လမ်းများနှင့်ထိုအ ချိန်ကတည်းက ရခိုင်ပြည်၌ အစ္စလာမ်ဘာသာဝင်များရောက်ရှိေ နသည်ဆိုသောဇာတ်လမ်းသည် ယုတ္တိမရှိကြောင်း ထင်ရှားပါ၏။ ထိုေ့ကြာင့် ရိုဟင်ဂျာဝါဒဖြန့်ချိရေးသမားများ သမိုင်းလိမ်ပြီးရေးခဲ့သော ၈ ရာစု ၉ ရာစုက ရခိုင်ကမ်းရိုးတန်း၌ အာရပ်သင်္ဘော ပျက်ခဲ့သည်ဆိုသည့်ဇာတ်လမ်းကို ပုံပြင်ဟုသာ သဘောထားကြစေလိုပါသည်။

ဒုတိယဇာတ်လမ်း။
တခါကမဂိုအင်ပါရာမှ ပသီမင်းသားတပါးသည် စစ်ရှုံး၍ နောက်လိုက်နောက်ပါများနှင့်အတူ ရခိုင်ပြည်သို့ ထွက်ပြေးလာခဲ့ကြ ပြီး၊ ရခိုင်ဘုရင်ထံတွင် ခိုလှုံနေခဲ့ကြရသည်ဟူသတတ်။ ၎င်းမင်းသား၏အမည်မှာ မိုဟာမက်ရာဟင်ဖြစ်သဖြင့် ၎င်းတို့ မှဆင်းသက်လာသူများကို "ရာဟင်ကျ" ၊ ၎င်းမှကာလရွေလျောလာသောကြောင့် ရိုဟင်ဂျာဖြစ်လာသည် ဟူသတည်း။

၎င်းဇာတ်လမ်းမှာလည်း သမိုင်းကြောင်းနှင့်မကိုက်ညီပါ။ "လံကြုပ်" ဇာတ်လမ်းသာဖြစ်ပါသည်။ သမိုင်းကြောင်းအရသော်ကား၊ ခရစ်သက္ကရာဇ် ၁၆၆၁ ခုနှစ်တွင် မဂိုအင်ပါယာ၌ နန်းလုပွဲဖြစ်ပွါးရာ ညီတော် သြရန်ဇစ် အနိုင်ရပြီး နောင်တော်ဘင်္ဂလားစား ရှာရူဂျာ ရှုံးနိမ့် ကာ ရခိုင်ပြည်၌လာရောက်ခိုလှုံ ရသည်။ အစတွင် ရခိုင်ဘုရင် မြောက်ဦးရွှေနန်းရှ င် စန္ဒ္ဒသုဓမ္မ က ကြည်ဖြူစွာလက်ခံထားပါသည်။ သို့ သော်နောက်၎ နှစ်ခန့် အကြာတွင် ရခိုင်ဘုရင်က မဂိုမင်းသား၏သမီးတော်တပါးဖြစ်သော အမီနာ ကို တော်ကောက်ရန်တောင်းဆိုရာတွင် ရှာရူဂျာက မချေမငံငြင်းဆန်လိုက်သဖြင့် မဂိုအားလုံးမှာ အကျယ်ချုပ်ချထားခြင်းခံရသည်။ ထိုအခါ မဂိုတို့ သည် ရခိုင်ဘုရင်၏ ကြေးစားစစ်သားများ ဖြစ်သော ကမန်များကို မူဆလင်ခြင်းဖြစ်၍စည်းရုံးပြီး၊ မြောက်ဦးနန်းတော်ကို မီးတိုက်ခါ ပုန်ကန်ရန်ကြံသဖြင့်၊ မဂိုအားလုံးမှာ သုတ်သင်သတ်ဖြတ်ခြင်းခံရလေတော့သည်။ ကမန်များသည်လည်း တောင်ဘက် ရမ်းဗြဲကျွန်းနှင့် သံတွဲ ခရိုင်တို့ ဘက်သို့ ထွက်ပြေးရလေ တော့သည်။ ၎င်း ရန်မီးပွါးကြောင့် ရခိုင်ဘုရင်မှာ မဂိုအင်ပါယာနှင့်စစ်ဖြစ်ရပြီး ၁၆၆၆ ခုနှစ်တွင် စစ်တကောင်းနယ်ကို လက်လွှတ်လိုက်ရလေတော့သည်။ ထိုအခါမှစ၍ စစ်တကောင်းနယ်မှာ မဂိုအင်ပါယာပို င်နယ်ဖြစ်သွားပြီး ရခိုင်ပြည် မှာလည်း တဖြေးဖြေး အင်အားဆုတ်ယုတ်လာလေတော့သည်။ ဤသည်ကား ရခိုင်မင်းဆက်ပျက်သုဉ်းခြင်း၏အစ ပင်တည်း။

၎င်းသမိုင်းကြောင်းပါကိစ္စကို စာပေနိုဘယ်ဆုရ ကမ္ဘာကျော်ဘင်္ဂလီစာဆိုတော်ကြီး ရာဘင်ဒရာနတ်တဂိုး က ပြုပြင်ဇာတ်လမ်းဆင်ပြီး "ရခိုင်မိဘုရား" အမည်ဖြင့် ဝတ္တုရေးခဲ့ ဘူးပါသည်။ ၎င်းဝတ္တုကို အင်္ဂလိပ်စာရေးဆရာ ဂျော့ ကယ်ဒါရွ န် (George Calderon) က ပြဇာတ်အဖြစ် တင်ဆက်ဘူးပါသည်။ သံတွဲသားစာရေးဆရာ တက္ကသိုလ်နန္ဒမိတ် ( ခေါ်) ဦးတင်အောင်ကလည်း ၎င်းပြဇာတ်ကို မြန်မာဘာသာပြန်ပြီး တဂိုး၏ဇာတ်လမ်းမှာ သမိုင်းပါအချ က်အလက်များနှင့်မကိုက်ညီကြောင်း ၊ အသတ်ခံရသည့် အလွမ်းဇာတ်သိမ်း ခန်းမဟုတ်ဘဲ မင်းသားနှင့်မင်းသမီး နှစ်ဦး ညားကြလေသတည်း ဖြင့်သာဇာတ်သိမ်းထားကြောင်းကို ဘာသာပြန်သူ ဦးတင်အောင်ကထောက်ပြထားပါသည်။ အကျယ်ကို ငွေတာရီမဂ္ဂဇင်း အမှတ် ၁၁၉ ။ ၁၉၇၀ ခုနှစ်မေလထုတ်တွင် ဖတ်ရှုနိုင်ပါသည်။

တက္ကသိုလ်နန္ဒမိတ်က ရခိုင်ဘုရင်၏အမည်ကို ငကုသ ဟုဖေါ်ပြထားပါသည်။ အမှန်မှာစန္ဒ္ဒ္ဒ သုဓမ္မဖြစ်ပါသည်။ ငကုသနန်းစံနှစ်နှင့် ပသီမင်းသားရောက်သည့် နှစ် မကိုက်ညီပါ။ စန္ဒ္ဒ္ဒ္ဒသုဓမ္မနန်းစံနှ စ်နှင့်သာ ကိုက်ညီပါသည်။ ငကုသမှာ ရခိုင်ရာဇဝင်ကျမ်းတိုင်း၌ မင်းဆိုးမင်းညစ်အဖြစ်ဖေါ်ပြလေ့ ရှိသ ဖြင့် တက္ကသိုလ်နန္ဒမိတ် မှားယွင်းသွားဟန်ရှိပါသည်။ မည်သို့ ပင်ဖြစ်စေ ၎င်းဇာတ်လမ်းမှာလည်း ရိုဟင်ဂျာထိုးဇာတ်နှင့် မည်သို့ မျှ မသက်ဆိုင်နိုင်ပါ။

ပထမ အချက်မှာ မင်းသား၏အမည်မှာ "ရှာရူဂျာ" ဖြစ်ပြီး၊ "ရာဟင်" မဟုတ်ကြောင်း သမိုင်းတွင် အတိအလင်းပါပါသည်။ ဒုတိယအချက်မှာ မဂိုအားလုံးသည် ရခိုင်ဘုရင်၏သုတ်သင်ခြင်းကို ခံလိုက်ရသဖြင့် မျိုးဆက်မကျန်နိုင် တော့ပါ။ အကြောင်းအမျိုးမျိုးကြောင့် အဆက်အနွယ်တချို့ ကျန်နေခဲ့ ပါလျှင်လည်း မဂို ရုပ်နှင့် အသားဖြူသူများသာ ဖြစ်ရပါမည်။ ယခုကဲ့ သို့ စစ်တကောင်းသားရုပ်နှင့်ဘင်္ဂလီ စစ်တကောင်းစကား ပြောနေသူများတော့ မဖြစ်နိုင်ပါ။ ထို့ ကြောင့်ဒုတိယဇာတ်လမ်းမှာ သမိုင်းကြောင်းမှ အတင်းဆွဲယူထားသည့် လုပ်ဇာတ် ဆိုပါက မှားမည်မထင်ပါ။

တတိယဇာတ်လမ်း။
ပထမဇာတ်လမ်းကဲ့ သို့ ပင် ရှစ်ရာစုတွင်းက အာရပ်သင်္ဘောပျက်ဇာတ်လ မ်းဖြစ်သည်။ ရိုဝန်ညှာ (Rowennya) ဆိုသော စကားမှဆင်းသက်လာသည်ဟု၏။ ပထမဇာတ်လမ်းကဲ့ သို့ ပင်ယူဆရမည် ဖြစ်ပါသည်။ အခြေအမြစ်အထောက်အထားမရှိပါ။ ကြ ည့် မြင်တိုင်ကို (Come and dine) ) ၊ ပုဇွန်ထောင်ကို (Push him down ) တို့ မှ ဆင်းသက်ဖြစ်ပေါ်လာသည်ဆိုသော "မဟာပျင်ငြာယှိဂျီး" ၏အတွေးအခေါ်မျိုးသာဖြစ်ပါ သည်။ ၎င်းတို့ ၏ အာရပ်သင်္ဘောပျက်ဇာတ်လမ်းမျိုးမှာ " သင်္ဘောသား ဆင်းဘတ်" (Sindbad the Sailor) ၏ သင်္ဘောပျက်ဇာတ်လမ်းများထဲတွင် ပါတတ်သော ဇာတ်လမ်းတခု နှင့်ခပ်ဆင်ဆင်ဖြစ်နေပါ၏။

"တထောင့်တညပသီပုံပြင်"ဆိုသည်ကို မြန်မာများကြားဘူးကြပါလိမ့် မည် ။ ဆရာကြီးသခင်ဘသောင်းကမြန်မာဘာသြာ ပန်ခဲ့ပါသည်။ ဆရာကြီးသခင်ဘသောင်းသာအသက်ရှင်ေ နသေးပါလျှင် "ဆရာကြီးခင်ဗျား၊ ၎င်းတို့ ၏ "ရိုဟင်ဂျာပုံပြင်များ"ကိုလည်း တတောင့်တညတွင် ထပ်တိုး၍ "တထောင်နှစ်ည ပသီပုံပြင်" စာအုပ်သစ်ထုတ်ပါ" ဟုသာပြောချင်ပါဘိတော့သည်။

စတုတ္ထဇာတ်လမ်း။
မြောက်ဦး ခေတ်ရခိုင်ပြည်၏ သြဇာခံ မူဆလင်နိုင်ငံတခုရှိခဲ့ သည်။ ၎င်းပြည်ကို ရုံပြည် ရခိုင်သံဖြင့် (Roang) ခေါ်သည်။ ထိုနိုင်ငံမှမင်းသားတပါးနှင့်ေ နာက်လိုက်နောက်ပါများရခိုင်ပြည် တွင်လာရောက်ခစားနေထိုင်သည်။ ၎င်းတို့ ကို "ရုံအင်ကျ" ဟုခေါ်ခဲ့ရာမှ ကာလရွေ့ လျော၍ "ရိုဟင်ဂျာ" ဖြစ်လာသည်ဟူ၏။

မဟာပညာကျော်လျောက်ထုံး ၊ ဓညဝတီ အရေးတော်ပုံ စသော ရခိုင်ရာဇဝင်ကျမ်းများတွင် ရုံပသီပြည်မှ ရုံမင်းသည် ရခိုင်ဘုရင်မင်းဖလောင်းကြီးနှင့် အမတ်ကြီး မဟာပညာကျော်တို့ ကို လေးစားကြည် ညိုလှ၍ သားတော်အလတ် ရှာအလင် နှင့်နောက်ပါ တထောင်တို့ ကို မြောက်ဦးမြို့ တော်သို့ စေလွှတ်ပြီး "မရာမာ" (မြန်မာ) ဘာသာစကား စာပေ ယဉ်ကျေးမှု တို့ ကို လေ့ လာသင်ယူစေကြောင်း၊ ပါရှိပါသည်။ သို့ ရာတွင် ၎င်းတို့ အုပ်စု ရခိုင်ပြည်တွင် အခြေချနေထိုင် ကြောင်းတော့မပါပါ ။

ထို့ ကြောင့် စတုတ္ထဇာတ်လမ်းကို သမိုင်းနှင့်ညီမညီ စီစစ်ကြပါစို့ ။ ရုံမင်းသား "ရှာအလင်" နှင့်နောက်လိုက်နောက်ပါတို့ မှာ မရာမာ (မြန်မာ) စာပေ၊ စကား၊ ယဉ်ကျေးမှု တို့ ကို မင်းဖလောင်းကြီးခေတ်မှပင် သင်ယူခဲ့ ပြီးဖြစ်ရကား၊ နောက်နှ စ်ပေါင်း ၄၀၀ ခန့် ကြာနေသည် ဖြစ်သည့်  ယခုခေတ်တွင် ၎င်းတို့ ၏အဆက်အနွယ်များမှာ မြန်မာစကားနှင့်ရခိုင်စကားတို့  ကို ကောင်းစွာတတ်ရပါမည်။ ရွှေဘို ခရိုင်မှ မြန်မာမူဆလင်များနှင့် ဗရင်ဂျီ အဆက်အနွယ်များက သက်သေခံပါလိမ့် မည်။ ဥပမာ။ ကွယ်လွန်သူရေတပ်ဗိုလ်မှူးဟောင်း ဘသော် (စာရေးဆရာမောင်သော်က) နှင့်၎င်း၏ညီဝမ်းကွဲ ကွယ်လွန်သူ ကျားဘညီမ်း ( မန္တလေးမြို့ ရွှေ ကျားလက်ဝှေ့ အဖွဲ့ ကို တည်ထောင်သူ) တို့ မှာ ရွှေဘိုသားမြန်မာမူဆလင် အစစ်ကြီးများဖြစ်ကြပါသည်။ သူတို့ ဆွေမျိုးတသိုက်လုံး မြန်မာဗုဒ္ဒဘာသာဓလေ့ ထုံးစံများကို မိရိုးဖလာ ဗုဒ္ဒဘာသာဝင်အချို့ ထက်ပင် ပို၍သိကြပါသေးသည်။ ထို့ ကြောင့်သူတို့ ညီအကိုများကို အချို့ ဗမာများက "ကမ္မာဝါညှပ်မည့် မူဆလင်များ" ဟု ကင်ပွန်းတပ်ခဲ့ ကြရပါသည်။ ယခု ရိုဟင်ဂျာဆိုသူများကို ကြည့် ပါ။ မုတ်ဆိတ်မွှေးက တတောင်လောက် ၊ မိန်းမ များကို ကြည့် လျှင်လည်း ခေါင်းမီးခြုံ ၊ပြောသည့် စကားနှင့်ယဉ်ကျေးမှု ကလည်း ဘင်္ဂလီစစ်တကောင်းစကား ကလွဲပြီး ဗမာစကား ၊ ရခိုင်စကားတလုံးမျှ မတတ်ကြပါ။ မည်ကဲ့ သို့ ရခိုင်ပြည်တွင်း၌ အ နှစ် ၄၀၀ ခန့် နေထားခဲ့ သူများဖြစ်နိုင်ပါမည်နည်း။ ထို့ ကြောင့် စတုတ္ထဇာတ်လမ်းမှာလည်း လုံးဝ ယုတ္တိမရှိပါ။

ဝါရင့်သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (စာရေးဆရာအောင်ဗလ) ၏အဆိုအရ "ရိုဟင်ဂျာ"ဆိုသောအမည်ကို အလံနီကွန်မြူနစ်များက မူဂျာဟစ် သူပုန်များအတွက် ထွင်ပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ၁ ၉၄၀ခုနှစ်များအကုန်ပိုင်းနှင့် ၁၉၅၀ ခုနှစ်များအစပိုင်း တွင် အလံနီများနှင့်မူဂျာဟစ်များမှာ မဟာမိတ်ဖွဲ့ ထားပြီး ဖဆပလ အစိုးရကိုတိုက်ခိုက်နေကြကြောင်း ၊ မူဂျာဟစ်များက သူတို့ အတွက်ရခိုင်သမိုင်းဝင်နံ မည်တခု ရှာပေးခိုင်းသဖြင့် အလံနီများက "ရိုဟင်ဂျာ" ဆိုသောအမည်ကို ရှာပေးခဲ့ခြင်းဖြစ်ကြောင်း၊ မည် သို့ အဓိပ္ပါယ်ရှိသည်ကိုတော့ ဦးသောင်းကိုယ်တိုင်လည်းမသိကြော င်း၊ မည်သူကမှလည်း အဓိပ္ပါယ်ကို မသိကြောင်းပြောပြပြီးလျှင်ဦးသောင်းက စာရေးသူအား ဆက်၍ပြောသည်မှာ သူကိုယ်တိုင် ယခုလက်ရှိအချိန်တွင် မြန်မာစစ်အစိုးရကို ဆန့် ကျင်သူဖြစ်နေသော်လည်း ဤ "ရိုဟင်ဂျာ" ကိစ္စကဲ့ သို့ လူမျိုး၊ ကိုးကွယ်သည့် ဘာသာ နှင့်တိုင်းပြည် နစ်နာမည့် ပွဲလန့် တုန်း ဖျာခင်းသည့် ကိစ္စမျိုးတွင် တော့ လုံးဝ မထောက်ခံနိုင်ကြောင်း ၊ ဤကိစ္စမျိုးတွင် ပေါင်းချင်းပေါင်းလျှင်စစ်အစိုးရနှင့်ပေါင်းပြီး တိုင်းပြည်ဖျက်မည့် "ရိုဟင်ဂျာ" ကို တိုက်ရမည်ဖြစ်ကြောင်း၊ ၁၉၉၃ ခု မေလ က ဘာလင်မြို့တွင် ကွန်ဖရင့်လာတက်စဉ်က ပြတ်ပြတ်သား သားပြောသွားခဲ့ ပါသည်။

"ရိုဟင်ဂျာ" ဆိုသောအမည်ကို အလံနီများက ထွင်ပေးခဲ့ သည် ဆိုသော ဦးသောင်း၏အဆိုအမိန့် မှာ အလွန်ယုတ္တိရှိပါသည်။ အလံနီများသည် အမည်သစ်ထွင်ရာတွင်ပါရဂူမြောက်သကဲ့ သို့  ၊ "နာမည်ပြောင်"ပေးရာတွင်လည်း ကော င်း၊ အနွတ္တသညာ သမုတ်ရာတွင်လည်း အတုလံသူများဖြစ်၍ သူတပါးအားနံမည်ဖျက်ရာကိစ္စများတွင်တော့ သူမတူ ထူးချွန်သူများဖြစ်ကြပါ၏။ ၎င်းကိစ္စအားလုံးတွင် အလံနီများသည် မည်သူမျှမယှဉ်သာသော "စပယ်ရှယ်လစ်" များဖြစ်ကြပါသည်။ ဥပမာ နှစ်ခုပေးပါမည်။

ပထမတခုမှာ ဦးနုအစိုးရကို "မသာတခုအရင်းပြုတဲ့ ငနုအစိုးရ" ဟုဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာ နည်ကြီးများ၏အသုဘကို အမြတ်ထုတ်ပြီး မဲနိုင်သွားသည်ဟု အကျိုးယုတ်အရှက်ကွဲ သိက္ခာချခဲ့ သူများဖြစ်ပါသည်။
ဒုတိယတခုမှာ ၎င်းတို့ ၃ ပါတီမဟာမိတ်များ သိမ်းပိုက်ထားသော လွတ်မြောက်သည့် နယ်မြေ ဆိုသည့် နေရာများတွင် ကျောင်းသုံးဒေါင်းတံဆိပ် မြန်မာဖတ်စာ သင်ပုန်းကြီးပါ "ဘူးသီးနုနုမခူးရ ၊ ငါ၏ဒူးနာ၏" စသောဖတ်စာများအစား ၎င်းတို့ထွင်ထားသော "ဖဆပလ ၊ လခ မရ၊ မဝတဝ စားရ ၊ ခဏ ခဏ အာဏာပြ ၊ စသော နိုင်ငံရေးသင်ပုန်းကြီးများကို သင်စေခဲ့ သူများ ဖြစ်ပါသည်။ အလံနီခေါင်းဆောင်ကြီးသခင်စိုးသည် နံမည်သစ်များထွင်တတ်သူ ဖြစ်ပါသည်။ ဥပမာ ""အနုပဋိလောမရုပ်ဝါဒ" စသော ပါဠိဘာသာအရ သဒ္ဒါမမှန်သည့် ဝေါဟာရသစ်များကို အလွန်ကြိုက်သူလည်းဖြစ်ပါ၏။ ရခိုင်တိုင်းအလံနီခေါင်းဆောင်ေ ကျာ်ဇံရွှီး မှာ ရခိုင်တဦးဖြစ်သဖြင့် သူတို့နှ စ်ဦးသည်

၁။ "ရုံပသီပြည်" (Sultanate of Roang) အကြောင်း ကြားဖူးနားဝဖြင့် ရုံပြည်သားများ (Roangian) ဟူသော အမည်ကို ရှာဖွေပေးခဲ့ ခြင်းဖြစ်တန်ရာပါသ ည်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း ကြံဖန်အကြောင်းပြရမည့် မူဂျာဟစ် များကလည်း ၎င်း အမည်သစ်ကို ခဏမဆိုင်းဝမ်းသာအားရလက်ခံလိုက်ြ ကဟန်ရှိပါသည်။ (Roangian ) ကို (Ro-an-gian) ဟုအသံထွက်ရာမှ အသံထွက်မမှန်သဖြင့် ဘင်္ဂလီသံဖြင့် "ရိုဟင်ဂျာ" ဖြစ်လာနိုင်စရာရှိပါသည်။

၂။ ဒုတိယဖြစ်နိင်ချေမှာ ဘင်္ဂလီစကားဖြင့် ရခိုင်ပြည်ကို ရိုဟန်(Rohan) ဟုခေါ်ကြောင်း ၊ လူမျိုးကို ဂျာ (Gya) ဟုခေါ်ကြောင်း၊ ရခိုင်သား သို့ မဟုတ် ရခိုင်လူမျိုးကို ရိုဟင်ဂျာ (Rohangya) ဟုခေါ်ကြောင်း၊ သခင်စိုးနှင့်အလံနီများသိသွားသြ ဖင့်၊ ရခိုင်သားဟုအဓိပ္ပါယ်ရသည့် ၎င်းရိုဟင်ဂျာဆိုသောအခေါ်ကို ထွင်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။

၃။ တတိယဖြစ်နိင်ချေမှာ သခင်စိုး သည်စာအလွန်ဖတ်သူဖြစ်ရာ စကော့လူမျိုး အင်္ဂလိပ်စစ်တပ်ဆရာဝန် ဘူခါနန် (Buchanan) ရေးခဲ့ သော ရိုအင်ဂါ (Rooinga ) ဆိုသောစကားလုံးကို လည်းဖတ်မိပြီး ၎င်းစကားလုံးမှ "ရိုဟင်ဂျာ" ထွင်ပေးကြောင်းလည်း ဖြစ်နိုင်ပါသည်။

နောက်ပိုင်းဝင်ရောက်လာသော စစ်တကောင်းသားများ နှင့်၎င်းတို့ ကို အားပေးနေသောသတင်းစာဆရာ၊ သမိုင်းဆရာ ဆိုသူအများစုမှာ "ဝ မရှိဘဲ ဝိလုပ်ချင်သူများ" ဖြစ်၍ ထင်ရာကိုစွတ်ပြောပြီး "ယုတ်တန်း" ရမ်းတုတ်လိုက်ခြင်းသာဖြစ်ပါသည်။ သမိုင်းကြောင်းကို အသေအချာလေ့ လာကြဟန်မတူပါ။ နောက် ထပ်ဝင်လာသမျှ စစ်တကောင်းသားအပေါင်းတို့ ကလည်း ၊ အများ "ဂျာ" သဖြင့် လိုက်"ဂျာ"ကြ ပြီး "ရိုဟင်ဂျာ " ဖြစ်သွားကြခြင်းဖြစ်ပါသည်။

မိမိကိုယ်ကို မိမိ "ဘားမာအိပ်စပတ်" လုပ်ထားသော သတင်းစာဆရာ မာတင်စမစ် (Martin Smith) က ၎င်း၏ ဆောင်းပါးများတွင် လက်ရှိမြန်မာပြည်စစ်အစိုးရသည် ရခိုင်ပြည်ရှိ ရှေးဟောင်းမူဆလင် အမည်များကို ဗမာမှု အဖြစ် ဗုဒ္ဒဘာသာအမည်သစ်ပြောင်းပြ စ်နေသည်။ ဥပမာ။ အာရကန် (Arakan) မှ ရခိုင် (Rakhine)သို့ ပြောင်းသည်။ အက်ကြက် (Akyab) မှ စစ်တွေ (Sittwe) သို့ ပြောင်းသည်။ စသဖြင့် ရေးထားပါသည်။ အကျယ်ရှင်းပြရန်လို အပ်မည်မထင်ပါ။ ထင်ရာလျှောက်ရေးသားထားခြင်း ဖြစ်သည်ကို စာရှုသူအားလုံးတို့ သိကြမည်ဖြစ်ပါသည်။ ၎င်းကဲ့ သို့  ပုဂ္ဂိုလ်ကြီးမဟုတ်သော" ပုပ် ကိုယ်ကြီး" များ၏လက်ချက်များမှာ အလွန်ကြောက်စရာကောင်းပါသည်။ သတင်းစာလွတ်လပ်ခွင့်ကို မတရားအသုံးချခြင်းပင်ဖြစ်ပါသည်။ ၎င်းတို့ ၏လက်ချက်ကြောင့်ပင် မြန်မာနိုင်ငံတွင်ရော မြန်မာသမိုင်း နှင့်ကမ္ဘာ့သမို င်းတွင်ပါ တခါမျှ မပါခဲ့ဘူး၊ မရှိခဲ့ ဘူးသော "ရိုဟင်ဂျာ"ဆိုသောနံမည်သည်ကမ္ဘာကျော်ဖြစ်သွားပြီး ၊ ထိုစစ်တကောင်းသားများကို မြန်မာနိုင်ငံသားပေးရမည်ဆိုပြီး ကုလသမဂ္ဂ နှင့် အိုအိုင်စီ (OIC) တို့ က မြန်မာအစိုးရအဆက်ဆက်အပေါ် ကိုဖိအားပေးခဲ့ကြရာမှ ယခုဒေါ်စု အင်အယ်လ်ဒီ (NLD) အစိုးရလက်ထက်တွင် ကုလသမဂ္ဂ နှင့် အိုအိုင်စီ (OIC) တို့ ၏ အနိင်ကျင့်ဗိုလ်ကျချက် များမှာ အဆိုးဆုံးသို့ ရောက်လာပါသည်။ ၁၉၉၃ ခုနှစ်ကပင် စာရေးသူရော ဗုံပေါက်သာကျော်ပါ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် အကြီးဆုံးအန္တရယ်သည် ရိုဟင်ဂျာပြဿနာဖြစ်ပါလိမ့် မည် ဟုကြိုတင် သတိပေးထားခဲ့ သည်များမှာ ယခု ၂၄ နှစ်အကြာတွင် အတိအကျမှန်နေသည်ကို မြန်မာပြည်သူပြည်သားတိုင်း လက်တွေ့ မြင်နေရပြီ ဖြစ်ပါသည်။

"သတင်းစာဆရာ"၊ "လူ့ အခွင့်အရေးသမား"၊ "လူနည်းစုများကို ကာကွယ်သူ" ဆိုသော "ပုပ်ကိုယ်ကြီး" များ၏လက်ချက်များမှာ အလွန်ကြောက်စရာကောင်းပါသည်။ လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို မတရားအသုံးချ ခြင်းပင်ဖြစ်ပါသည်။ ၎င်းတို့ သည်တနေ့ နေ့ တွင်" မြန်မာစစ်အစိုးရသည် သမိုင်းဝင်အမည် (Rangoon ) မှ ရန်ကုန် (Yangon) သို့ ပြောင်းပစ်သည်။ (Rangoon) ဆိုသည် မှာ ဘင်္ဂလားဒက်ရှ် မြောက်ပိုင်းရှိ (Rangunia) ရန်ဂွန်းနီးယား နယ်သားဘင်္ဂလီများက တည်ထောင်ခဲ့ သောမြို့ ဖြစ်သည်။ ၎င်းတို့ ဒေသရင်းကို စွဲ၍ ပေးခဲ့သောအမည်ဖြစ်သည်။ မြန်မာစစ်အစိုးရက အတင်းမြန်မာမှု ပြုပြီး ရန်ကုန်ဟုပြောင်းပစ်သည်။ သက်သေခံအထောက်အထားအဖြစ် ရန်ကုန်မြို့ကို ဂျာမန်ဘာသာဖြင့် Rangun ဟုရေးခဲ့သည်ကိုကြည့်ပါ" စသော "လံကြုပ်" ဇာတ်လမ်းများကို လည်း တည်ထွင်ကောင်း တည်ထွင်ကြပါလိမ့် ဦးမည်။ စောင့်သာကြည့် ကြပါတော့ အရပ်ကတို့ ဟုသာဟစ်လိုက်ချင်ပါဘိတော့သည်။

၁၉၇၀ ခုနှစ်များအတွင်းက ခေတ်စားခဲ့ေ သာ သီချင်းတပုဒ်ကို သတိရလာမိပါသည်။ သီဆိုသူအမျိုးသမီး၏အမည်နှင့်တေး သားအားလုံးကို မမှတ်မိတော့ပါ။ မှတ်မိသောစာသားအချို့ မှာ "ပွဲလန့် တုန်းဖျာခင်းမလို့  ကြံရွယ်၊ နောက်မှရောက်လာတဲ့ ကိုယ်လူလည်၊ သူ ကျမကို ချစ်တယ်၊မေတ္တာနေရာမပေးကွယ်၊ ကျမမှာချစ်သူရှိတယ်၊ ရှင်ငရဲကြီးလိမ့် မယ် ဟူ၍ဖြစ်ပါသည်။ ယခုစစ်တကောင်းသားများကိစ္စတွင် ၎င်းတေးသွားအတိုင်း စာသားပြောင်းပြီး "ပွဲ ကို လှန့် ပြီး ဖျာခင်းမလို့ ကြံရွယ်၊ အနောက်ကရောက်လာတဲ့ ခေါ်တောလူလည်၊ သူကိုယ်ကို သူ ရိုဟင်ဂျာတဲ့ ကွယ်၊ ရခိုင်ပြည်မှာ နင်တို့ အတွက် နေရာမရှိတယ်၊ လူများပြည်ကို လုချင်ရင်၊ "ဂျဟာနမ်" ငရဲအိုးမှာ ဇောက်ထိုးကျလိမ့် မယ်" ဟု သီချင်းသစ်ထွင်ပြီး ဆိုရတော့မည် ဖြစ်ပါကြောင်း ။

===========

ခင်မောင်စော (ဘာလင်) -

(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇

http://blog.moemaka.com/2017/09/blog-post_89.html

ဘုရားအနေကဇာ မတင်ဘဲ ကိုးကွယ်လို့ ရ မရ


______________________________________

           ဘုရား ဆင်းတုတွေ ကို တစ်ချို့က အနေကဇာတင်မှ အသက် ဝင်တယ် အနေကဇာမတင်ရင် အသက် မဝင်ဘူး လို့ပြောကြသလို တစ်ချို့က အနေကဇာတင်မှ ဘုရားဖြစ်တာ အနေကဇာမတင်ဘဲ ကိုးကွယ်ရင် ကုသိုလ်မရဘူးလို့လဲ ပြောကြပါတယ် ။ တစ်ချို့က အနေကဇာမတင်ဘဲ မကိုးကွယ်ကောင်းဘူးလို့လဲ ယူဆကြ ပါသေးတယ် ။

   ယ္ခု အယူအဆတွေက မှားပါတယ် တကယ်တော့ အနေကဇာတင်တယ် ဆိုတာ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တွေ ကျေးဇူးတော်တွေကို အောက်မေ့ ရွတ်ဖတ် ပူဇော်ခြင်း အမှတ်ရခြင်း ပြုတဲ့ သဘောမျိုးပါ ။ စေတီတော် ဆင်းတု တော်တွေကို ထပ်မံမွန်းမံခြင်းလို့လဲ ဆိုနိုင် ပါတယ် ။ အနေကဇာတင်တော့ အနေကဇာတိ စတဲ့ ဗုဒ္ဓ ကြုံးဝါးခဲ့တဲ့ ဂါထာတော်တွေကို ကြားနာခွင့်ရတယ် ။ ဗုဒ္ဓ ဆင်ခြင်သုံးသပ်ခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ်ကို နာခွင့်ရတယ် ။ ရဟန်းတော်တွေကို လှူဒါန်း ကုသိုလ်ပြုခွင့်ရတယ်  အစရှိ သဖြင့် ဆိုင်ရာ အကျိုးတွေ ရပါတယ် ။

   ဒါပေမဲ့ အဲဒီလို အနေကဇာ တင်ခြင်းကြောင့် စေတီ ရုပ်ထုတွေက အသက်ဝင်လာတာတော့ မဟုတ်ပါဘူး ။ ဗုဒ္ဓဘာသာတွေကလဲ အဲဒီ ရုပ်ထုတွေကို ကိုးကွယ်နေတာ မဟုတ်ရပါဘူး ။ ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ကိုးကွယ်တာပါ ။ စေတီ ရုပ်ထု ဆိုတာက ဗုဒ္ဓ၏ ဂုဏ်တော်တွေကို အာရုံပြုလို့ လွယ်ကူအောင် အထောက်ပံ့ ပြုတဲ့ အရာမျှသာ ဖြစ်ကြပါတယ် ။ စေတီ ဆင်းတုတော်တွေကို ဖူးမျှော်ပြီး ဗုဒ္ဓ၏ ဂုဏ်တော် ကျေးဇူးတော်တွေကို အာရုံပြုကြ ပူဇော်ကြရပါတယ် ။ ရှေ့မှာ ရှိနေတဲ့ စေတီ ဆင်းတုတော်တွေကို ပူဇော်နေကြတာ မဟုတ်ပါဘူး ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော် အနန္တ ဂုဏ်တော် အနန္တကို ပူဇော်နေကြတာပါ။

      မိမိစိတ်က ဗုဒ္ဓ၏ ဂုဏ်တော်တွေကို ရည်မှတ်ဖို့သာ အဓိက ကျတာဖြစ်ပါတယ် စေတီ ဆင်းတုတွေက အဓိက မကျပါဘူး သာမညမျှသာ ဖြစ်ကြပါတယ် ။ ဒါကြောင့် မိမိ အနေနဲ့ ဗုဒ္ဓ၏ဂုဏ်တော်တွေကို ရည်မှတ်ရရင် အနေကဇာ တင်တင် မတင်တင် ကိုးကွယ်လို့ ရပါတယ် ။ မြတ်ဗုဒ္ဓအား မိမိ၏ ကြည်ညိုမှု သဒ္ဓါ ထက်သန်သလောက် အကျိုးထူးရရှိမှာသာ ဖြစ်ပါတယ် သူတော်ကောင်းတို့ ။

   စာဖတ်သူ ဓမ္မမိတ်ဆွေ အပေါင်းသူတော်ကောင်းတို့ အားလုံး မြတ်ဗုဒ္ဓ၏ ကျေးဇူးတော် ဂုဏ်တော် အနန္တတွေကို ထက်သန်သော သဒ္ဓါတရား နှင့် ကိုးကွယ် ဆည်းကပ် ပူဇော်တတ်သူ စစ်စစ်များ ဖြစ်ကြပါစေ။

     မေတ္တာဖြင့် အရှင်နန္ဒောဘာသ (ဓမ္မရောင်စဉ်)

___________________________________________________

🙏🙏🙏အနေကဇာတင်ခြင်း ရသ 🙏🙏🙏

   “အနေကဇာမတင်လျှင် ဘုရားအဖြစ် ကိုးကွယ်မရ၊ အနေကဇာတင်ပါမှ ဘုရားအဖြစ် ကိုးကွယ်လို့ ရသလား” ဆိုတော့ မဟုတ်ပါ။ ဘုရားရုပ်တုတော် ဆင်းတုတော်အဖြစ် ထုလိုက်သည်နှင့်တပြိုင်နက် ရိုသေလေးစားဖို့ တာဝန်ရှိသွားပါပြီ၊ ‘ဘုရား’ ဟု ‘ဘုရားဆင်းတု’ ဟုသာ ခေါ်ကြပါသည်။ တစ်စုံတစ်ယောက်မျှ  ခြင်္သေ့ရုပ် ဆင်ရုပ် စသည် မခေါ်ကြပါဘူး၊ ရုပ်ပုံပေါ်လာသည်နှင့်တပြိုင်နက် “ဒါ ဘုရားပဲ၊ မရိုမသေ မလေးစားလုပ်လျှင် အပြစ်ရှိသည်” ဟု ယုံကြည်ထားကြပါသည်။ ဘုရားထုလုပ်သော လူတွေကတော့  အနေကဇာ မတင်ရသေးလျှင် ဘုရား မဖြစ်သေးဘူးဟူ၍ ထင်မှတ်တတ်ကြပါသည်။ ဘုရားဟူ၍ သတ်မှတ်လိုက်သည်နှင့် တပြိုင်နက် ဗုဒ္ဓဘာသာအားလုံးက သမ္မုတိသစ္စာသဘောအရ ဘုရားဟူ၍ အသိအမှတ် ပြုထားသည့်အတွက်ကြောင့် ဘုရားပဲ ဖြစ်ပါသည်။ မရိုမသေ မလေးမစားလုပ်လျှင် အပြစ်ရှိပါသည်။ ဘုရားဆင်းတုထုလုပ်ကြပါကုန်သော ဆရာများ သတိထားဖွယ်ရာအဖြစ် ကြားညှပ်ကာ ရေးသားပေးရပါသည်။ ထို့ကြောင့် အနေကဇာမတင်လည်း ဘုရားအဖြစ် ကိုးကွယ်နိုင်ကြပါသည်ဟူ၍ ဦးစွာ အကျဉ်းအားဖြင့် မှတ်သားပေးကြစေလိုပါသည်။

  “ထိုသို့ ဘုရားရှင်ကို အနေကဇာတင်ခြင်းကိစ္စသည် ဘယ်ခေတ်က စတင် ဖြစ်ထွန်းလာပါသလဲ” ဆိုတော့ မိမိတို့ ထေရဝါဒဗုဒ္ဓဘာသာ မြန်မာပြည်တွင် သာသနာတော်ကြီး တစ်ဖန်ထွန်းတောက်ရာခေတ်ဖြစ်သော ပုဂံခေတ်က စခဲ့သည်ဟု ဆိုကြပါ၏။ ရှေးအခါက ပုဂံပြည်မှာ ဘုရားစေတီပုထိုးများ များစွာ တည်ကြပါသည်။ တည်ပြီးသောအခါ ပူဇော်ပွဲအမျိုးမျိုး ပြုလုပ်ကြရာ၌လည်း ရွတ်ဖတ်ပူဇော်မှုကိုပါ ထည့်သွင်း၍ ပူဇော်မှု ပြုကြပါသည်ဟု ဆိုကြပါ၏။ထိုတွင် ဘုရားအသစ်ကို ထုလုပ်ပူဇော်ခြင်းဖြစ်ကြောင့် ဘုရားဖြစ်စကို ရည်ရွယ်မှန်းဆ၍ ဘုရားရှင်ကိုယ်တော်တိုင် စိတ်ဖြင့်လည်းကောင်း နှုတ်ဖြင့်လည်းကောင်း ပွားများဆင်ခြင်တော်မူခဲ့ပါသော တရားတော်များကို ပူဇော်ရွတ်ဆိုကြရန် စီမံကြခြင်းဖြစ်ပါသည်။ ဤကား အနေကဇာတင်မှု စတင်ဖြစ်ပေါ်လာ အကြောင်းရင်း ဖြစ်ပါသည်။

    “ ဘာကြောင့် အနေကဇာတင်ကြပါသလဲ” ဆိုတော့ ထေရဝါဒဗုဒ္ဓဘာသာဝင်များသည် အိမ်သစ် ကျောင်းသစ် စသည် ဆောက်လုပ်ကြသောအခါ အိမ်ဦးခန်း ကျောင်းဦးခန်းမှာ ဘုရားရှင်သီတင်းသုံးဖို့ရန်အတွက် ကျောင်းဆောင်လေးများကိုပါ အဦးထား၍ ဆောက်လုပ်ကြပါသည်။ ဆောက်လုပ်၍ ပြီးစီးကြသောအခါ ဘုရားရှင်၏ ရုပ်ပွားတော်ကို ပင့်ဆောင်၍ အိမ်ဦးခန်း ကျောင်းဦးခန်းမှာ ကိုးကွယ်ထားကြပါသည်။ ထိုသို့ ကိုးကွယ်ကြရာ၌  အသစ်ဖြစ်သောအိမ်ကျောင်းမှာ အစဦးဆုံးအဖြစ် ဘုရားရှင်ကို ပင့်ဆောင်ကြခြင်းဖြစ်၍ ဘုရားရှင်ကို ပူဇော်ကြဖို့ရန်အတွက် သံဃာတော်များကို ပင့်ဖိတ်ပြီး ဘုရားရှင်ကို ပူဇော်သမှု ပြုစေကြခြင်း ဖြစ်ပါသည်။ ဒါသည် ပုဂံခေတ်မှ လာခဲ့သော အစဉ်အလာအတိုင်းပင် ဖြစ်ပါသည်။ သံဃာတော်များက ရွတ်ဆိုပူဇော်နည်းကို မသိကြပါကုန်သော လူများကိုယ်စား ဘုရားရှင်ကို ပူဇော်ပေးကြခြင်း ဖြစ်ပါသည်။ ထိုသို့ သံဃာတော်များကို မိမိတို့ အိမ်ဂေဟာသို့ ပင့်ဖိတ်၍ ဘုရားရှင်ကို ပူဇော်စေကြသူတို့သည် ဘုရား တရား သံဃာ ရတနာသုံးဖြာလုံးကိုပင် ပူဇော်ပြီးသား ဖြစ်ရပါသည်။  ရွတ်ဆိုပူဇော်နည်းကို သိကြပါကုန်သော လူများကတော့ ကိုယ်တိုင်လည်း ရွတ်ဆို ပူဇော်နိုင်ကြပါသည်။

  ဆရာတော်လေးတစ်ပါးက “တစ်ချို့က ဘုရားအနေကဇာ တင်တာကို ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာ ရှိပါသေးတယ်။ ဘုရားကို အဘိသိက်မြောက်တယ်ပေါ့။ ဒါဟာ ဘုရားကို အဘိသိက်မြောက်တာ မဟုတ်ပါဘူး။ ဘုရားကို အဘိသိက်မြောက်ပေးလို့လည်း မရပါဘူး။ ဆင်းတုတော်ကို ထုလုပ်ပူဇော်တဲ့ အရာဝတ္ထုကို သန့်စင်စေတဲ့ သဘောပဲ ဖြစ်ပါတယ်” ဟူ၍ ရေးသားထားသည်ကို ဖတ်ရဖူးပါသည်။ သူ့အယူအဆနှင့်သူ မှန်သည်ဟု ဆိုရပါမည်။ သို့သော် “ဗုဒ္ဓါဘိသေကမင်္ဂလာ” ဟူသည် ဘုရားရှင်ကို အသက်သွင်းခြင်း, ရေစင်ဖြင့် အဘိသိက်သွန်းခြင်း မဟုတ်ရပါ။

   အဘိသိက်ဟူသည် သုံးမျိုးရှိသည်ဟု မင်းကွန်းဆရာတော်ကြီး၏ ဗုဒ္ဓနေ့ဆိုင်ရာ တရားအလွှာထဲမှာ ထည့်သွင်း၍ ဟောကြားထားပါသည်။ ထိုသုံးမျိုးမှာ-----
 ၁။ မုဒ္ဓါဘိသေကမင်္ဂလာ။
 ၂။ ပဗ္ဗဇ္ဇာဘိသေက မင်္ဂလာ။
 ၃။ ဗုဒ္ဓါဘိသေကမင်္ဂလာ တို့ ဖြစ်ပါသည်။

   ထိုသုံးမျိုးတို့တွင်  မုဒ္ဓါဘိသေကမင်္ဂလာဟူသည်မှာ အစဉ်အလာ သူ့ခေတ်အခါလာ  ဗေဒင်ကျမ်းလာအတိုင်း ရှင်ဘုရင်အဖြစ် တင်မြောက်မည့်ဘုရင်လောင်းကို ထိုထိုဆက်သစရာများ ဆက်သပြီး  ထိုထိုဆိုင်ရာမန္တာန်များကို ရွတ်ဆိုကြကာ ဦးခေါင်းထိပ်၌ ရေစင်ဖြင့် သွန်းလောင်းခြင်း ဖြစ်ပါသည်။

   ပဗ္ဗဇ္ဇာဘိသေကမင်္ဂလာဟူသည်မှာ ရေစင်ဖြင့် သွန်းလောင်းရသည့် အဘိသိက်တင်ခြင်း မြောက်ခြင်းမျိုး မဟုတ်ပါ။ ( လောကီမင်္ဂလာအဖြစ် မင်းများအဘိသိက်ခံယူကြသည်ကို အစွဲပြုကာ ယဉ်ကျေးမှု ဓလေ့ရိုးရာ အစဉ်အလာဖြင့် ရှင်လောင်းကို အဘိသိက်မြှောက်ခြင်းသည် မြန်မာတို့၏ အစဉ်အလာမို့ အပြစ်ဖို့စရာ မရှိပါ)  ယုတ်ညံ့သောလူအဖြစ်မှ မြင့်မြတ်သော သာမဏေ ပဉ္ဇင်းအဖြစ်သို့ ဝင်ရောက်မည့် ရှင်လောင်း,ရဟန်းလောင်းကို ရှင်ဖြစ်လျှင် သင်္ကန်းတောင်းခြင်း သရဏဂုံပီသရခြင်း စသည်နှင့် ရဟန်းဖြစ်လျှင် ဥပဇ္ဈာယ်ယူမှုမှသည် ကမ္မဝါစာဆုံးသည်အထိ ဌာန် ကရိုဏ်းကျကျ ရွတ်ဆိုရခြင်းဟု ဆိုအပ်သော အစီအစဉ်အတိုင်း ပြုလုပ်ရခြင်းသည် အဘိသေကမန္တာန်ကို ရွတ်ဆိုခြင်းနှင့် တူသည်ကို အစွဲပြုကာ ခေါ်ဝေါ်ထားသော အမည်ဖြစ်ပါသည်။

  ဗုဒ္ဓါဘိသေကမင်္ဂလာဟူသည်  အနေကဇာတင်သည့် ပါဠိများထဲတွင် အပါအဝင်ဖြစ်သော “ အပရာဇိတပလ္လင်္ကေ သီသေ ပုထုဝိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ အဂ္ဂပ္ပတ္တော ပမောဒတိ” ဟူသော ရှေးဆရာတော်ကြီး၏ ဂါထာကို အစွဲပြုကာ ပေါ်ပေါက်လာသည့် အခေါ်အဝေါ်ဖြစ်ပါသည်။ သို့သော် ချီးမြှောက်သော အဘိသိက်မျိုး မဟုတ်ပါ။ ရှိပြီးသားဂုဏ်ကို အမွှမ်းတင်သော အဘိသိက်မျိုး ဖြစ်ပါသည်။ ဘုရားရှင်သည် ဘုရားဖြစ်စ ပထမသတ္တာဟ ဗောဓိပင်ရင်းတွင် တဏှာကျွန်အဖြစ်မှ လွတ်ခဲ့ပုံကို အနေကဇာတိ သံသာရံ -စသော ဂါထာဖြင့် စိတ်တော်၌ ဆင်ခြင်တော်မူပါသည်။ ထို့နောက် ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ပဋိလုံတို့ကို စိတ်တော်ဖြင့်ပင် ဆက်လက် ဆင်ခြင်တော်မူပါသည်။ထို့နောက် စိတ်တော်ဖြင့် ဆင်ခြင်ရသည်ကို အားရတော်မမူသောကြောင့် နှုတ်ဝစီဖြင့် ယဒါ ဟဝေ -စသော ဂါထာတော်များကို ၀မ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်တော်မူပါသည်။တဖန် စတုတ္ထသတ္တာဟ၌ အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင်တော်မူရာ ပဋ္ဌာန်းကျမ်းတော်ကြီးသို့ အရောက်တွင် ရောင်ခြည်တော်များ ထွက်ပါသည်။ ထိုကို ရည်ရွယ်၍ ပဋ္ဌာန်း ၂၄-ပစ္စည်း ရွတ်ပါသည်။ဆက်လက်၍ အောင်ဂါထာများပါဝင်သော ပုဗ္ဗဏှသုတ်ကို ရွတ်ပွား၍ ဆုတောင်းပါသည်။

   ဆိုခဲ့ပြီးသော ဗုဒ္ဓါဘိသေက ဖြစ်ထိုက်သော ဗုဒ္ဓဝစနများကို  အစဉ်အတိုင်း ရွတ်ဆိုကြကာ ဘုရားရှင်တော်မြတ်ကို အမွှမ်းတင်ကြခြင်း ပူဇော်ကြခြင်းကိုပင် ဗုဒ္ဓါဘိသေကမင်္ဂလာဟု တင်စားကာ ခေါ်ဆိုထားခြင်း ဖြစ်ပါသည်။ ဤကား ဘုရားရှင်ကို အသက်သွက်ခြင်း မဟုတ်ကြောင်း, အဘိသိက်ဟူရာမှာလည်း ရေစင်ဖြင့် သွန်းလောင်းရသည့် တင်မြှောက်ခြင်းကို မဆိုလိုကြောင်း မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။

   တစ်ချို့က---“ ပုံတော်က သာမညပါ။ ဟန်ပြပါ။  ဂုဏ်တော်ကိုသာ အာရုံပြု၍ ပူဇော်နိုင်ဖို့ လိုရင်းပါ” ဟူ၍ ဆိုလာကြပါသည်။ ပုံတော်ကိုကြည်ညို ဂုဏ်တော်ကိုအာရုံစိုကာ ပူဇော်ရမည် မှန်ပါသော်လည်း ပုံတော်က သာမညလည်းမဟုတ် ဟန်ပြလည်းမဟုတ်ပါ။ လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကြာသည့်တိုင်အောင် အနစ်နာခံခြင်း သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်းဟု ဆိုအပ်သော ပါရမီ စရိယများစွာတို့ကို ဖြည့်ကျင့်ပါမှ ရရှိလာပါသော လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် တုဖက်မရှိ ကြည်ညိုဖွယ်အတိပြည့်သော ပုံတော် ဖြစ်ပါသည်။ ထုလုပ်သူ ညံ့လို့ ပုံကောင်း မထွက်လျှင်သာ ရှိပါမည်။  “ထိုရုပ်တု ဆင်းတုသဏ္ဍာန်များသည် မြတ်စွာဘုရား၏ သဏ္ဍာန်တော်နှင့် ဆက်စပ်လျှက် ရှိသည်ဖြစ်၍ ထိုရုပ်ပုံ ရုပ်တုတော်များကို မြင်လိုက်ရသည်နှင့် တပြိုင်နက် ဘုရား ဘုရားဟူ၍ မြတ်စွာဘုရားကို အာရုံပြုသောစိတ်သည် ထင်ရှားစွာ ဖြစ်ပေါ်လာ၏။ မြတ်စွာဘုရားကို အာရုံပြု၍ အားကောင်းစွာဖြစ်ပေါ်လာသော ထိုကုသိုလ်စိတ်များသည် ချမ်းသာများစွာရ သံသရာဘဝထိအောင် အကျိုးများပါသည်” ဟုလည်းကောင်း, ဘုရားအစစ်၏ ရုပ်ပုံတော် သဏ္ဍာန်တော်များကို ဖူးမြင်ခွင့် မရကြသည့်အတွက် ထိုဘုရားအစစ်၏ ရုပ်ပုံတော် သဏ္ဍာန်တော်နှင့် အသွင်အဆင်တူသော ရုပ်ပုံတော် ဆင်းတုတော်များကို အလွန်ဖူးမြင်လိုကြ၏။ ကြည်ညိုစွာ ဖူးမြှော်ကြရသောအခါ၌ ထိုသူတို့၏စိတ်မနောသည် ဘုရားအစစ်သို့ စိတ်ရောက်၍ သွားကြကုန်သည်ချည်းသာ ဖြစ်ကုန်၏။ ရှိခိုးပူဇော်စဉ်အခါ နှုတ်မှ ရွတ်ဆိုကြသော ဣတိပိ သော ဘဂဝါ အရဟံ အစရှိသော ဂုဏ်တော်များသည် ဘုရားစစ်၌ ရှိသော ဂုဏ်တော်များပေတည်းဟု အမှန်သိ၍ ရွတ်ဆိုကြခြင်း ဖြစ်၏။ လောက၌ ဤသူသည် သီလစသောဂုဏ်ကြီး၏ စသည်ဖြင့် ကြားသိရလျှင် ထိုပုဂ္ဂိုလ်ကြီးကို ဖူးမြှော်လိုသောစိတ် အလွန်ထက်သန်ကြသည့်အားလျော်စွာ ထိုပုဂ္ဂိုလ်ကြီး ရှိရာသို့ ကိုယ်တိုင်သွား၍ပင် ဖူးမြှော်ကြ၏။ မသွားနိုင် ဖြစ်ခဲ့ကြလျှင် ထိုပုဂ္ဂိုလ်ကြီး၏ ပုံများကို ဝယ်ယူပူဇော်၍ ခေါင်းရင်းမြင့်မြတ်ရာမှာ ထားကာ ကြည်ညိုပူဇော်ကြကုန်၏။ ထိုအမှုသည် အလွန်ကောင်းမြတ်သော အမှုဖြစ်၏” ဟု လည်းကောင်း ကျေးဇူးးတော်ရှင် လယ်တီဆရာတော်ကြီးမှ ရတနာသုံးပါးကို ကြည်ညိုပူဇော်ရခြင်း၏ အကျိုးများပုံကို ရေးသားထားပါသည်။

အားလုံး သာယာချမ်းမြေ့ကြပါစေ.....။

အရှင်ခေမိန္ဒ တိပိဋကနိကာယ