Friday, August 19, 2016

သာသနာတော်သက္ကရာဇ်၂၅၆၀ ခု ၊ ကောဇာသက္ကရာဇ် ၁၃၇၈ ခု ၊ ဝါခေါင်လပြည့်နေ့ တွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့  နယ် ဆိတ်ချို အုပ်စု ဆီးကြို  ကျောင်းတိုက်အတွင်း  မြန်မာနိုင်ငံလုံး
ဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့၏ လမ်းညွန်ချက်ဖြင့်  ဓမ္မကျောင်းတော်မှတ် (၆၂၅ ) 
ကို ပျော်ဘွယ်မြို့  နယ်လုံးဆိုင်ရာ ဓမ္မကျောင်းတော်များ ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့််ပွားရေးကော်မတီ ၏ ထောက်ပန့််မှုဖြင့် ဆီးကြို ဓမ္မကျောင်းတော်ကို ဖွင့်လှစ်ခဲ့ပါသည် ။


                                 အမှတ် ( ၆၂၅ ) ဆီးကြို ဓမ္မကျောင်းတော် အဝင်မုဌ်ဦး

   သာယာကုန်း ဓမ္မကျောင်းတော် ဆရာတော်မှ ဓမ္မကျောင်းတော်ဖွင့်ရခြင်းအကြောင်းကို သြဝါဒပေးစဉ်




                                  သင်ကြားထောက်ကူပြု စာအုပ်စာတမ်း လှူ  ဒါန်းပွဲ



                ဆီးကြို ဓမ္မကျောင်းတော် ဆရာမ မှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားစဉ်
                        အာဟာရဒါန ပေးလှူ ကြသော မြို့ နယ် ဓမ္မကျောင်းတော် ဆရာ ၊ ဆရာမ များ




                                          ဓမ္မကျောင်းတော်သား

Wednesday, August 17, 2016

ဓမ္မကျောင်းတော်သစ်ဖွင့်ပွဲနှင့်သင်ကြားထောက်ကူပြုစာအုပ်လှူ ဒါန်းပွဲ

သာသနာတော်သက္ကရာဇ် ၂၅၆၀ ခု ၊ကောဇာသက္ကရာဇ် ၁၃၇၈ ခု ၊ ဝါခေါင်လ္ဆန်း ( ၁၄ ) ရက် အင်္ဂါနေ့ 
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့  နယ် ၊ သဖန်းချောင်းအုပ်စု  ၊ ပေပင်လေးကျေးရွာ အောင်ဇေယျတုကျောင်းတိုက်အတွင်း မှတ်ပုံတင်အမှတ် ၆၄၃ ဓမ္မကျောင်းတော်သစ်ဖွင့်ပွဲနှင့် သင်ကြားထောက်ကူပြု သင်ရိုး စာအုပ်များပေးအပ်လှူ ဒါန်းပွဲ အခမ်းအနား 


                                            အောင်ဇေယျတု ဓမ္မကျောင်းတော် အဝင်မုဌ်ဦး
 မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ထွန်းကားပြန့်ပွားရေးအဖွဲ့  အားကြိုဆိုကြစဉ်
                         ဆရာတော််ဘုရားများအား ဦးခိုက်ပူဇော်ခြင်း သမဏာနဉ္စ ဒဿ     န ကုသိုလ်

                                    ဆရာကြီး ၊ ဆရာမကြီးများအား ကြိုဆိုကြ
                               မင်းရာမ ဓမ္မကျောင်းတော် သင်ကြားရေး ဆရာတော်
                     ဓမ္မကျောင်းတော်များ ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေးအဖွဲ့  အား ကြိုဆိုကြစဉ်
                            အစွမ်းကုန်         အချင်းချင်း       ကြည်ညို လေးစားရမည် ။
                               အစွမ်းကုန်   မိမိကိုယ်တိုင် ယဉ်ကျေးသိမ်မွေ့  ရမည် ။

                                ဆရာတော်ဘုရားများ အထံမှ သြဝါဒ ခံယူကြစဉ်

                             ဓမ္မကျောင်းတော် ဒုဥက္ကဌ မာမကပရိယတ္တိဆရာတော်မှ သြဝါဒ ချီးမြှင့်စဉ်
                         ကလေးငယ်များအတွက် အဟာရဒါန ပေးအပ်လှူ ဒါန်းစဉ်




                                                                       ဓမ္မကျောင်းတော်သား
သာသနာတော်သက္ကရာဇ် ၂၅၆၀ ခု ၊ ကောဇာသက္ကရာဇ်၁၃၇၈ ခု ၊ဝါခေါင်လ္ဆန်း ( ၁၂ ) ရက် တနင်္ဂနွေနေ့
သီးပင်ကျေးရွာ ၊ သီးပင်အရှေ့  ကျောင်း ၊ သီးပင်အနောက်ကျောင်း ၊ သီးပင်တောင်ကျောင်း ၊ ဓမ္မကျောင်းတော် ( ၃ )ကျေင်းဖွင့်ပွဲအခမ်းအနား





                                                                            
                                                                                ဓမ္မကျောင်းတော်သား

Wednesday, August 3, 2016

တရားထူး မရနိုင်သော ပုဂ္ဂိုလ် ၁၆ ယောက်


**********************************
၁။ တိရစ္ဆာန်ဘုံ၌ ဖြစ်သော သတ္တဝါ၊
၂။ ပြိတ္တာဘုံ၌ ဖြစ်သော သတ္တဝါ၊
၃။ မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်၊
၎။ ကောက်ကျစ်စဉ်းလဲသော ပုဂ္ဂိုလ်၊
၅။ အမိသတ်သော ပုဂ္ဂိုလ်၊
၆။ အဖသတ်သော ပုဂ္ဂိုလ်၊
၇။ ရဟန္တာသတ်သော ပုဂ္ဂိုလ်၊
၈။ သံဃာ သင်းခွဲသော ပုဂ္ဂိုလ်၊
၉။ ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုသော ပုဂ္ဂိုလ်၊
၁၀။ ရဟန်းအသွင် ခိုး၍ နေသောပုဂ္ဂိုလ်၊
၁၁။ တိတ္ထိဘောင်သို့ ပြောင်းရွှေ့သွားသော ပုဂ္ဂိုလ်၊
၁၂။ ဘိက္ခုနီမကို ဖျက်ဆီးသော ပုဂ္ဂိုလ်၊
၁၃။ သံဃာဒိသိသ်အာပတ် သင့်ပြီးနောက်
ယင်းအာပတ်မှ မထသေးသော ပုဂ္ဂိုလ်၊
၁၄။ ပဏ္ဍုက်ဖြစ်သော ပုဂ္ဂိုလ်၊
၁၅။ ဥဘတော ဗျည်းဖြစ်သော ပုဂ္ဂိုလ်၊
၁၆။ အသက် ခုနစ်နှစ်အောက် ငယ်သော ပုဂ္ဂိုလ်။

ညှီစော်နံသော တရား ၁၄ ပါး


**********************
၁။ ကောဓော- အမျက်ဒေါသထွက်ခြင်း၊
၂။ မောသဝဇ္ဇံ- မုသား စကားကို ပြောဆိုခြင်း၊
၃။ နိကတိ-ကောက်ကျစ်စဉ်းလဲခြင်း၊
၎။ ဒုဗ္ဘော- ပြစ်မှားတတ်ခြင်း၊
၅။ ကဒရိယတာ- နှမြောစေးနှဲခြင်း ဝန်တိုခြင်း၊
၆။ အတိမာနော- အလွန်မာန်မူခြင်း၊
၇။ ဥသူယာ-ငြူစူ စောင်းမြောင်းခြင်း၊
၈။ ဣစ္ဆာ-အလိုရမ္မက်ကြီးခြင်း၊
၉။ ဝိဝိစ္ဆာ- အထူးထူး အပြားပြား တပ်မက်ခြင်း၊
၁၀။ ပရဟေဌနာ-သူတစ်ပါးတို့အား ညှဉ်းဆဲခြင်း၊
၁၁။ လောဘော- လိုချင်ခြင်း၊
၁၂။ ဒေါသော- စိတ်ဆိုးခြင်း၊
၁၃။ မောဟော- တွေဝေခြင်း၊
၁၄။ မဒေါ- မာန်ယစ်ခြင်း။

မြတ်စွာဘုရားကို ပန်းကပ်လှူပူဇော်သူများအတွက် ဗဟုသုတ


***********************************************
တရားနာပရိတ်သတ်များ
အိမ်က ဘုရားကျောင်းဆောင်မှာ
ရနံ့မွှေးတဲ့ပန်း ပူဇော်တာလား၊ ရနံ့မမွှေးတဲ့ပန်း ပူဇော်တာလား
" ရနံ့မွှေးတဲ့ပန်း ပူဇော်တာပါဘုရား"
ဟုတ်လား။ တချို့ကျတော့ ကြာကြာခံအောင် ဆိုပြီးတော့
ဇော်စိမ်းတို့၊ ဇော်ကျားတို့ တင်ကြတယ်လေ။
ဇော်စိမ်း၊ ဇော်ကျားတို့တောင် မဟုတ်ပါဘူး။
ပလတ်စတစ်ပန်းတွေ လှူတာတောင် မရှိဘူးလား။
ရှိတယ်။ ဒါဆိုရင် ဘယ်မှာတုန်း ရနံ့။
ရေမွှေး ဆွတ်လိုက်ရင်တော့လည်း မွှေးမှာပေါ့နော်။
ဘုရားကို ပန်းနဲ့ ပူဇော်တဲ့နေရာမှာ
၁-အဆင်းလှတဲ့ပန်း ပူဇော်တာရယ်
၂-ရနံ့မွှေးတဲ့ပန်း ပူဇော်တာရယ်
၃-အဆင်းလည်းလှ၊ ရနံ့လည်းမွှေးတဲ့ပန်း ပူဇော်တာရယ်
လို့ အမျိုးမျိုးရှိတာပေါ့။
မွှေးတာ၊ မမွှေးတာ ခဏထားလိုက်ဦး။
ပန်းဆိုကတည်းကိုက ပန်းဖြစ်ရမှာနော်။
သစ်ရွက် မဖြစ်ရဘူး။
သပြေရွက်တွေ၊ သပြေညွန့်တွေလည်း မတင်ကြဘူးလား။
တင်ကြတယ်။ ပန်းဟုတ်ရဲ့လား။
" အောင်သပြေပါ ဘုရား "
အံမယ်.......သစ်ရွက်လို့မပြောဘူး။ အောင်သပြေတဲ့။
တော်တော် အောင်ချင်ပုံပေါ်တယ်။
သပြေဟာ သပြေပါပဲ။
အောင်သပြေလို့ အောင်လေးတပ်လိုက်ရုံနဲ့ မအောင်ပါဘူး။
အောင်အောင် လုပ်မှ အောင်တာပါ။
သပြေရွက်ဟာ အရွက်ပါ။ ပန်းမဟုတ်ပါဘူး။
သပြေညွန့်ဟာ အညွန့်ပါ။ ပန်းမဟုတ်ပါဘူး။
ကံ့ကော်ရွက်၊ ကံ့ကော်ညွန့်၊ ခရေရွက်၊ ခရေညွန့်
စသည်လည်း နည်းတူပဲပေါ့။
အရွက်တွေ၊ အညွန့်တွေပါ၊ ပန်းမဟုတ်ပါဘူး။
အရွက်တွေ၊ အညွန့်တွေကို ပန်း လို့ နာမည်တပ်
လှည့်စားပြီး လှူနေကြတာနော်။
လှူတယ်ဆိုတာထက် တင်တယ်ဆိုတာက ပိုမှန်မယ်ထင်ပါတယ်။
ယတြာချေတဲ့အနေနဲ့ ဘုရားရှေ့ သွားတင်ထားကြတာကိုး။
ဇော်စိမ်း၊ ဇော်ကျား ကျတော့ရော ပန်းလား၊ အရွက်လား။
အရွက်။
မွှေးတာ၊ မမွှေးတာ ခဏထား။
ပန်းဖြစ်ဖို့ကို အရင်ကြိုးစားရဦးမှာနော်။
သစ်ရွက်ကို ပန်းလုပ်ပြီး တင်နေကြတော့ မခက်ဘူးလား။
မတင်ရဘူးလို့ မဆိုလိုပါဘူး။ တင်ရပါတယ်။
ကုသိုလ်လည်း ရပါတယ်။
ပန်းရဲ့ အဆင်တန်ဆာ၊ ပန်းရဲ့နောက်ခံ အဖြစ်နဲ့ ပန်းပိုလှသွားအောင်
သစ်ရွက်စိမ်းလေးတွေ၊ သစ်ရွက်ကျားလေးတွေ ခြံရံပြီး
တင်တာဆိုရင်တော့ သဘာဝကျပါတယ်။
ဘာပန်းမှ မပါပဲ သစ်ရွက်တွေချည်းပဲ ပန်းအဖြစ်နဲ့
လိမ်ညာတင်တာကျတော့ ဘယ်ကောင်းပါ့မလဲ။
ပန်း အခက်အခဲဖြစ်နေလို့၊ ပန်း လုံးဝမရှိလို့ မလွှဲမရှောင်သာ
ယာယီအဖြည့် သဘောနဲ့ တင်လှူပူဇော်လိုက်ရတာကတော့တစ်မျိုးပေါ့။
ပြဿနာ မရှိပါဘူး။
စေတနာမှန်ဖို့၊ စေတနာမြတ်ဖို့ပဲ လိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘုရားကျောင်းဆောင်ကတော့
" ဂန္ဓကုဋိ " တဲ့။
နံ့သာဖြင့် ထုံမွမ်းအပ်သော ကျောင်းဖြစ်ရမှာ။
ကိုယ့်ဘုရားကျောင်းဆောင်က ဘာကျောင်းဖြစ်နေလဲဆိုတာ
ကိုယ့်ဘာသာကိုယ် ဆန်းစစ်ပေါ့။
အဲဒီတော့ ရနံ့မွှေးတဲ့ပန်းတွေ
စံပယ်ပန်း၊ ခရေပန်း၊ ကံ့ကော်ပန်း၊ ဇွန်ပန်း၊ မြတ်လေးပန်း၊
တိုက်ဂါးလီလီပန်းတို့ အများကြီးရှိတာပါပဲ။
ရနံ့မွှေးတဲ့ပန်းတွေ ပူဇော်ပေါ့။
ဒါမှ ဂန္ဓကုဋိ ဖြစ်မှာပေါ့။
ရနံ့မွှေးချင်လို့ ဆိုပြီးတော့လည်း
နံ့သာဖြူ၊ နံ့သာနီတွေ အရည်ဖျော်ပြီး သပြေခက်လေးနဲ့
ဟိုပက် ဒီပက်တော့ မလုပ်ကြနဲ့ဦးနော်။
မွှေးတော့ မွှေးမယ်။ ဒါပေမယ့် ညစ်ပတ်တယ်။
အကျိုးပေးတဲ့ ဘဝကျတော့ လူကတော့ မွှေးချင်မွှေးမယ်။
ခရုသင်းကွက်တွေနဲ့ ဖြစ်မှာ။
ခရုသင်းကွက်၊ တင်းတိပ်ကွက်၊ ညှင်းကွက်၊ ပွေးကွက်တို့ပေါ့။
အဲဒါ ဘုရားကျောင်းဆောင်ကို ဟိုပက် ဒီပက် လုပ်ခဲ့လို့။
ဘုရားကျောင်းဆောင်ကို
ဟိုပက် ဒီပက် နဲ့ ဟိုကွက် ဒီကွက်ဖြစ်အောင်လုပ်ခဲ့တော့
ကိုယ့် ခန္ဓာကိုယ်၊ ကိုယ့်မျက်နှာမှာလည်း
ဟိုကွက် ဒီကွက်တွေ ဖြစ်ကုန်တော့တာပေါ့။
ဗောဓိညောင်ပင်တို့လို ဘာသာရေး အထိမ်းအမှတ် သစ်ပင်တွေ
စိုက်ပျိုးတဲ့အခါမျိုးမှာ အမွှေးနံ့သာပူဇော်တဲ့အနေနဲ့
နံ့သာရည်၊ ရေမွှေး ပက်ဖျန်းတာကတော့ကောင်းပါတယ်။
ဒါပေယ့် နံ့သာရည် ညောင်ရွက်စသည်မှာ
အကွက်လိုက် ကပ်ကျန်နေတာမျိုးတော့ မဖြစ်ပါစေနဲ့။
ပက်ဖျန်းပြီးတာနဲ့ သန့်စင်သွားအောင်
ရေနဲ့သေချာ ဆေးကြောပစ်ပါ။
နံ့သာရည် လောင်းပြီးရင် ရိုးရိုးရေလည်းလောင်းပါ။
တခြား တခြား နံ့သာရည် ပက်ဖျန်းတဲ့ကိစ္စတိုင်းမှာလည်းနည်းတူပါပဲ။
အကွက်မကျန်ပါစေနဲ့။
ဘုရားကျောင်းဆောင်ကတော့
နံ့သာရည်နဲ့ ပက်ဖျန်းလို့မကောင်းဘူး။
ရေထပ်ဆေးလို့လည်း မဖြစ်ဘူးလေ။
ဒါ့ကြောင့် ရနံ့မွှေးတဲ့ ဂန္ဓကုဋိ ဖြစ်အောင်တော့လုပ်ပါ။
နံ့သာရည်တွေနဲ့ ဟိုပက်ဒီပက် ညစ်ပတ်အောင်တော့ မလုပ်ပါနဲ့။
ဘုရားကျောင်းဆောင်ကို ဂန္ဓကုဋိစစ်စစ် ဖြစ်စေချင်တယ်ဆိုရင်တော့
ဘုရားကျောင်းဆောင်ထဲမှာ
ရနံ့မွှေးတဲ့ပန်းတွေနဲ့ အမြဲတမ်း ပူဇော်ထားပါ။
အရှင်ဆန္ဒာဓိက( နံ့သာဖြင့်ထုံမွမ်းအပ်သော

“သံဃာကိုဆဲရေး၍ အရှင်လတ်လတ်ငရဲပို့ခံရသော ရေဝတီ”


•••••••••••••••••••••••••••••••••••••••••••
ဗာရာဏသီတွင် နန္ဒိယဥပါသကာသည် ထင်ရှားသော
သူဌေးတစ်ဦးဖြစ်သည်။ မိဘတို့ကိုပြုစုလုပ်ကျွေးသည်။
ရတနာသုံးပါးကို အလွန်ကြည်ညို၍ အမြဲမပြတ်
လှူဒါန်းသည်။ နောက်ဆုံးမိဂဒါဝုန်၌ ကျောင်းဆောက်
လှူဒါန်း၍ နန္ဒိယကျောင်းဒါယကာဟု ထင်ရှားခဲ့သူဖြစ်ပြီး
တာဝတိံသာနတ်ပြည်၌ နတ်ဗိမာန်ကြိုတင်
ပေါက်နေသူလည်းဖြစ်ပါသည်။
နန္ဒိယသတို့သားကို မိဘတို့က အိမ်နီးနားချင်း
“ရေဝတီ”ဆိုသောအမျိုးသမီးနှင့် လက်ထပ်ပေးခဲ့သည်။
နန္ဒိယသည် ရေဝတီကို မကြိုက်မနှစ်သက်။
မိဘစကားကို မပယ်ရှားလို၍ လက်ထပ်ယူခဲ့သည်။
မိမိမယားဖြစ်လာသော ရေဝတီကို နန္ဒိယက
ရဟန်းသံဃာများ၏အလှူဝတ်ကို မပြတ်ပြုရန်
အမြဲနှိုးဆော်သည်။တိုက်တွန်းသည်။ပြုလုပ်စေသည်။
ရေဝတီက သဒ္ဓါတရားမရှိ၊ ရတနာသုံးပါးမကြည်ညို။
လင်ရှေ့တွင်သာ သဒ္ဓါတရားရှိသယောင်၊
ရတနာသုံးပါးကြည်ညိုသယောင်ပြုသည်။
လင်ကွယ်ရာတွင်မူ ထင်ရာလုပ်သည်။
တစ်နေ့ လင်ဖြစ်သူနန္ဒိယက အလုပ်ကိစ္စအတွက်
ခရီးရှည်သွားစရာရှိ၍ မယားရေဝတီကို အလှူဝတ်
မပျက်ရန် မှာထားခဲ့သည်။ ရေဝတီက လင်ရှေ့တွင်သာ
“ဟုတ်ကဲ့” ဟုဝန်ခံပြီး လင်သွားသောအခါ
နှစ်ရက်သုံးရက်သာ၊လှူဒါန်းပေးကမ်းမြဲအတိုင်း
ပေးကမ်းသည်။
နှစ်ရက် သုံးရက်ကျော်သော် ဆင်းရဲသား၊ ခရီးသွား၊
သူတောင်းစားတို့အား ပေကမ်းစွန့်ကြဲခြင်းဝတ်ကို
ဖြတ်လိုက်သည်။ ရဟန်းသံဃာတို့အားလည်း
ဆန်ကွဲထမင်း ပုန်းရည်ဟင်းကိုသာ လှူလေသည်။
ရဟန်းသံဃာများ ဆွမ်းစားပြီးပြန်ကြွသောအခါ
ဆွမ်းစားသည့်နေရာတွင် မိမိစားပြီးသောစားကြွင်း
စားကျန် ထမင်းလုံး၊ ငါးဖတ်၊ အမဲဖတ်တို့ကို
ဖြန့်ကြဲထားပြီးလျှင် အိမ်နီးချင်းကို ခေါ်ပြ၍-
“ရဟန်းတွေလုပ်ထားတာကို ကြည့်ပါ၊
သဒ္ဓါ၍လှူထားအပ်သောထမင်း ဟင်းကျန်များကို
ခုလို ဖျက်ဆီး လုပ်ကောင်းပါသလား” ဟု
လုပ်ကြံပြောဆို စွပ်စွဲလေသည်။
နန္ဒိယပြန်လာ၍ ထိုအကြောင်းကိုသိသော် ရေဝတီကို
အိမ်မှနှင်ချပြီး ရှေးကပေးကမ်းမြဲဝတ်နှင့်အလှူကို
ပြန်လုပ်သည်။
နန္ဒိယသည် အိမ်နီးချင်းမိတ်ဆွေများ၏ တောင်းပန်မှုကြောင့်
ရေဝတီကို အိမ်မှာပြန်နေခွင့်ပြုခဲ့သည်။
ဥစ္စာအားလုံးကို မအပ်တော့ဘဲ စားသောက်ရုံသာ
ပေးထားသည်။
နောင်အခါ နန္ဒိယသေသော် တာဝတိံသာနတ်ပြည်၌
ဖြစ်ရသည်။ ရေဝတီသည် နန္ဒိယသေသော်
အလှူဝတ်အားလုံးကို ဖြတ်ပစ်သည်။
“သူတို့ကြောင့် ငါ၏လာဘ်လာဘနှင့် အခွင့်အရေးများ
ဆုံးရှုံးရသည်” ဟု ပြောဆိုကာ ရဟန်းသံဃာများနှင့်
ဆင်းရဲသားအလှူခံများကို ဆဲရေးလေသည်။
ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးသည် ဘီလူး
နှစ်ကောင်ကိုခေါ်ကာ ရေဝတီကို ရှေ့ခုနှစ်ရက်တွင်
အရှင်လတ်လတ်ငရဲပစ်ချမည့်အကြောင်း
ဗာရာဏသီမြို့၌ ကြွေးကြော်စေသည်။
ကြွေးကြော်သံကြား၍ မြို့သူမြို့သားတို့ အလွန်
ထိတ်လန့်ကြောက်ရွံ့ကြလေသည်။
ရေဝတီမှာ ပြာသာဒ်ပေါ်တက်ပြီး တံခါးပိတ်နေလေသည်။
ဆဲရေးပြီး(၇)ရက်မြောက်သောနေ့တွင် ဝေဿဝဏ်
နတ်မင်းကြီးစေခိုင်းထားသောဘီလူးနှစ်ကာင်သည်
ရေဝတီကို-
“အလွန်ယုတ်မာသောရေဝတီ...ထလော့”
ဟုပြောပြီး လက်နှစ်ဘက်ကို တစ်ဘက်စီကိုင်ပြီး
လူအများမြင်စေ ဟုဆိုပြီး တစ်လမ်းဝင်တစ်လမ်းထွက်
လှည့်လည်ပြသည်။
ထို့နောက် တာဝတိံသာကိုခေါ်၍ နန္ဒိယ၏
နတ်စည်းစိမ်ကိုပြသကြသည်။
ထိုအခါ ရေဝတီက ထိုဗိမာန်အကြောင်းကိုမေးသည်။
နန္ဒိယဗိမာန် ဟု ပြောသောအခါ နန္ဒိယနှင့်အတူတူ
စံနေပါရစေ ဟုတောင်းပန်သည်။
ဘီလူးနှစ်ကောင်က-
“နင်၏နေရာသည် ဤနေရာမဟုတ်၊
ငရဲသာ ဖြစ်ချေသည်။ နင့်မှာ နန္ဒိယနှင့်အတူ
နေရမည့်ကုသိုလ်မရှိ”
ဟု ပြောပြီး ငရဲသို့ဆက်လက်ခေါ်လာကာ မစင်ပုပ်ငရဲ
ထဲသို့ ပစ်ချခဲ့ကြသည်။
မြင့်မြတ်သောရဟန်းသံဃာများကိုဆဲရေးသော
ရေဝတီ၏နှုတ်ထွက်စကားကြမ်းသည် ဤပစ္စုပ္ပန်ဘဝမှာပင်
ဒိဋ္ဌဓမ္မ အကုသိုလ်အကျိုးပေးပြီး အရှင်လတ်လတ်
ငရဲသို့ပစ်ချခံရသည်။
သို့အတွက် နှုတ်ထွက်စော်ကား ဒေါသစကားကို
အလျင်မပြုမိအောင် သတိနှင့်ရှောင်ပါလေ။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီအေ)】၏“တစ်စက္ကန့် ဒေါသစကား
ပေးဆပ်ရသည်က အလွန်များ”မှ-
Posted by►
www.facebook.com/youngbuddhistassociation.mm

ဆရာမကြီးများအားကျေးဇူးအထူးတင်ပါသည်

သာသနာတော်နှစ်  ၂၅၆၀ ခု ၊ ကောဇာသက္ကရာဇ် ၁၃၇၈ ခု ၊  3 . 8 . 2016 WECNESDAY  

 မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ အခြေခံ ယဉ်ကျေးလိမ္မာပြန့်ပွားရေး ( ဓမ္မကျောင်းတော်) တတိယအကြိမ်မြောက် နည်းပြ (ဆင့်ပွား ) သင်တန်းတွင် လာရောက်သင်ကြားပြသပေးကြသော ဆရာမကြီး ဒေါ်ခင်စိုးတင့် နှင့် ဒေါ်သန်းတင်တို့အား ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့်ထွန်းကားပြန့်ပွားရေးကော်မတီအဖွဲ့  ကိုယ်စား  ဒါယိကာမကြီး ဒေါ်ကေသီမှ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်

 






 



                                                                           ဓမ္မကျောင်းတော်သား

                                                  ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့်ထွန်းကားပြန့်ပွားရေးကော်မတီ 

                                                                       သာယာကုန်းဓမ္မကျောင်းတော်

ဆရာမကြီးများအား ကျေးဇူးအထူးတင်ပါသည် ။

သာသနာတော်နှစ်  ၂၅၆၀ ခု ၊ ကောဇာသက္ကရာဇ် ၁၃၇၈ ခု ၊  3 . 8 . 2016 WECNESDAY  

 မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ အခြေခံ ယဉ်ကျေးလိမ္မာပြန့်ပွားရေး ( ဓမ္မကျောင်းတော်) တတိယအကြိမ်မြောက် နည်းပြ (ဆင့်ပွား ) သင်တန်းတွင် လာရောက်သင်ကြားပြသပေးကြသော ဆရာမကြီး ဒေါ်ခင်စိုးတင့် နှင့် ဒေါ်သန်းတင်တို့အား ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့်ထွန်းကားပြန့်ပွားရေးကော်မတီအဖွဲ့  ကိုယ်စား  မာမကပရိယတ္တိစာသင်တိုက်ဆရာတော်မှအမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်

 



 



 

                                                                                         ဓမ္မကျောင်းတော်သား

                                         ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့်ထွန်းကားပြန့်ပွားရေးကော်မတီ

                                                                   သာယာကုန်းဓမ္မကျောင်းတော်



Monday, August 1, 2016

မန်လည်ဆရာတော်ဘုရားကြီး၏ သြဝါဒကထာ
========================
လူရွေးမမှားဖို့
---------------
တရားမရှိ၊ လူဒိဋ္ဌိကား၊ ပြုမိတတ်ဆန်း၊ အမှန်မသိ၊ ပြုတတ်ဘိ၏၊ ဉာဏ်ရှိမင်းပျို၊ သူမိုက်ကိုလျှင်၊ မလိုကင်းကွာ၊ ရှင်းရှင်းခွာလော့။
(မဃဒေဝ၊ ပိုဒ်ရေ၊ ၂၁၆)

ကိုယ်ကျင့်တရားနှင့် အသိပညာ အမြော်အမြင်မရှိသော လူမိုက်သည် အမှန်တရားကို မသိဘဲ ပြုမိတတ်ရာ ပြုတတ်၏။ ဉာဏ်ပညာ အမြော်အမြင်ရှိသော မင်းသည် လူမိုက်ကို မလိုလားပါနှင့်။ ထိုလူမိုက်နှင့် ကင်းကင်းရှင်းရှင်းနေပါ။
လူ့လောက၌ လူမှုရေး၊ စီးပွားရေးစသော နယ်ပယ်များနှင့် အသင်းအဖွဲ့များတွင် အကြီးအကဲပုဂ္ဂိုလ်တို့သည် သူတို့၏ လုပ်ငန်းကိစ္စဌာနတို့၌ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသည်ဖြင့် ခန့်ထားလေ့ရှိကြသည်။ မိမိ ခန့်ထားသော ပုဂ္ဂိုလ်သည် “လူမိုက်လော၊ လူလိမ္မာလော” ခွဲခြားတတ်ဖို့ အရေးကြီးလှပေသည်။
လူမိုက်တို့သည် အကြောင်းအကျိုး၊ အကောင်းအဆိုးကို နားမလည်ဘဲ ထင်မိထင်ရာ ပြုလုပ်တတ်ကြသည်။ အသိပညာ အမြော်အမြင် မရှိသော လူမိုက်ကို မိမိထံပါး၌ ထားခြင်းသည် ကိုယ့်သေတွင်းကို ကိုယ်တူးသကဲ့သို့ ဖြစ်ပေလိမ့်မည်။
အသိပညာမရှိသော မျောက်ကို သန်လျက်အပ်၍ သက်တော်စောင့်အဖြစ် ထားမိသောကြောင့် မင်းနှင့်မိဖုရား အသက်ဆုံးရှုံးခဲ့ရဖူးသည်။
မျောက်သက်တော်စောင့်
-------------------------
ရှေးအခါက ရမ္မာဝတီပြည်ကို အစိုးရသော မင်းတစ်ပါးသည် မျောက်ထီးတစ်ကောင်ကို မွေး၍ လူတို့စကားကို နားလည်အောင် သင်ထား၏။ လူတို့စကား နားလည်သောအခါ လက်သုံးတော် သန်လျက်ကိုပေး၍ “ဘေးရန်ဟူသမျှ မလာရအောင် သင် စောင့်ပါ”ဟု သက်တော်စောင့် ရာထူးပေးထား၏။
တစ်နေ့သ၌ မင်းနှင့်မိဖုရားတို့သည် လတ်ဆတ်သော ပန်းသုံးပွင့်ကို ပန်လျက် သလွန်တော်ထက် အိပ်စက်ကြ၏။ ထိုစဉ် ပိတုန်းတစ်ကောင်သည် ပန်းရည်သောက်အံ့သော်ငှာ မင်းကြီး၏ လည်ပင်းတွင် နားလာ၏။
သက်တော်စောင့်မျောက် မြင်သော် “အရှင်မင်း၏ လည်ပင်း၌ နားရသလော”ဟု သန်လျက်ဖြင့် ပိတုန်းကို ခုတ်သတ်လိုက်၏။ ထိုအခါ မင်းမိဖုရားနှစ်ပါးလုံး လည်ပြတ်၍ သေလေ၏။
(ကျီးသဲလေးထပ်ဆရာတော်၊ ပုရာဏ်ကျမ်း၊ ၅၉)
ဤသမိုင်းကြောင်းပါ မျောက်သည် သူ၏အရှင်သခင် ဘုရင်မင်းမြတ်နှင့် မိဖုရားကို သတ်လိုသော စိတ်ဆန္ဒ မရှိချေ။ သူ၏အရှင်သခင် အကျိုးအတွက် ပြုလုပ်ခြင်းဖြစ်ပေသည်။ သို့သော် ပင်ကိုအသိဉာဏ် မရှိသောကြောင့် အကျိုးကို ပြုလုပ်သော်လည်း ရလဒ်ကား ဆိုးကျိုးကိုသာ ရရှိသွားသည်။
ထို့ကြောင့် အကြီးအကဲပုဂ္ဂိုလ်တို့သည် မိမိတို့ဌာန၌ လူမိုက်တို့အား နေရာကောင်းများပေးပြီး ချီးမြှောက်ခြင်း၊ ခန့်ထားခြင်းများ မပြုလုပ်သင့်ကြောင်း၊ လူမိုက်ကို ချီးမြှောက်မိ, တာဝန်ပေးမိလျှင် ရမ္မာဝတီမင်းကဲ့သို့ ဒုက္ခရောက်မည် ဖြစ်ကြောင်း ဘဝသင်ခန်းစာ ရရှိသည်။
အရှင်သြသဓ
သုတ္တန္တပိဋကမဟာဌာန (နည်းပြ)
သာသနာ့တက္ကသိုလ် (မန္တလေး)

သာသနာတော်နှစ်  ၂၅၆၀ ခု ၊ ကောဇာသက္ကရာဇ် ၁၃၇၈ ခု ၊  3 . 8 . 2016 WECNESDAY  

 မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ အခြေခံ ယဉ်ကျေးလိမ္မာပြန့်ပွားရေး ( ဓမ္မကျောင်းတော်) တတိယအကြိမ်မြောက် နည်းပြ (ဆင့်ပွား ) သင်တန်းတွင် လာရောက်သင်ကြားပြသပေးကြသော ဆရာမကြီး ဒေါ်ခင်စိုးတင့် နှင့် ဒေါ်သန်းတင်တို့အား ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့်ထွန်းကားပြန့်ပွားရေးကော်မတီအဖွဲ့  ကိုယ်စား  ဒေါ်ကေသီ မှအမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်

 






 



 

                                                                          ဓမ္မကျောင်းတော်သား

                                ဓမ္မကျောင်းတော်များဖြစ်မြောက်ရေးနှင့်ထွန်းကားပြန့်ပွားရေးကော်မတီ

                                              သာယာကုန်းဓမ္မကျောင်းတော်

ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ရေးနှင့် ထွန်းကားပြန့်ပွားရေး အတွက် ဆရာမ ဒေါ်အေးပွင့်သီ ( K . M .D )  မှ နဝကမ္မ အလှူ တော်ငွေ ကျပ် 100000 ( တစ်သိန်းကျပ် ) ကို  မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့   ၊ 
ဓမ္မကျောင်းတော်များဖြစ်မြောက်ရေးနှင့်ထွန်းကားပြန့်ပွားရေး ကော်မတီရုံး ၊ သာယာကုန်းဓမ္မကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အား လှူ  ဒါန်းဆက်ကပ်






                

                                                                                                      ဓမ္မကျောင်းတော်သား                                                                                                                                                                   ဓမ္မကျောင်းတော်များဖြစ်မြောက်ရေးနှင့်ထွန်းကားပြန့်ပွားရေး
                                                                                      သာယာကုန်းကျောင်းတိုက် 
သာသနာတော်နှစ် ၂၅၆၀ ၊ ကောဇာသက္ကရာဇ် ၁၃၇၈ ခု ၊ 2 -8 - 2016 Tuesday 

 မန္တလေးတိုင်းဒေသကြီး ၊ ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ၊  ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့   ၊
 ဓမ္မကျောင်းတော် နည်းပြ ( ဆင့်ပွား ) သင်တန်း အမှတ်စဉ် ( ၃ ) ၊ကို 
 
မန္တလေးတိုင်းဒေသကြီး  ပျော်ဘွယ်မြို့  နယ် ၊ ရှမ်းပွဲရပ် ၊ ပျော်ဘွယ်မြို့  တွင်  ဓမ္မကျောင်းတော်အသီး အသီး မှ ထပ်ဆင့် ပြန်လည်ပို့ချ ပေးကြမည့် သင်တန်း ဆရာ ၊ ဆရာမ များ အား ဆင့်ပွား နည်းပြသင်တန်း ကို  သင်တန်းနည်းပြ ဆရာ ၊ ဆရာမကြီးများမှ သင်ကြားပို့ချပေးကြစဉ် 










                                                                      ဓမ္မကျောင်းတော်သား
                                                          သာယာကုန်း ဓမ္မကျောင်းတော်
                                                                          ပျော်ဘွယ်မြို့