Wednesday, July 20, 2016

‎ဝါဆိုရခြင်းအကြောင်း‬

မြတ်စွာဘုရားရှင် ရာဇဂြိုလ်ပြည် , ဝေဠုဝန်ကျောင်းမှာ သတင်းသုံးတော်မူစဉ် စပြီးပညတ်ခဲ့တယ် ။ အကြောင်းကတော့ ဝါဆိုပညတ်ချက်မရှိသေးတာကြောင့် ရဟန်းတော်တွေဟာ နွေ , မိုး , ဆောင်း ဘယ်အချိန်အဖြစ်ဖြစ် သွားလာသာသနာပြုနေကြတာပေါ့ ။
ဒါကို လူတွေက ကဲ့ရဲ့ကြတယ် ။ ရဟန်းတွေက မိုးတွင်းကြီးတောင် ခြေမငြိမ်ကြဘူး ။ မိုးတွင်းမှဖွံ့ဖြိုးရတဲ့ မြက်ပင်တွေ , စိုက်ပင်တွေ ရဟန်းတွေနင်းလို့ပျက်စီးရတယ် ။ ပိုးကောင်တွေသေတယ် မသနားဘူး ဘာညာကွိကွပေါ့ ။ တိတ္ထိတွေတောင် မိုးတွင်းခရီးမသွားပဲ ; ငှက်ကလေးတွေတောင် အသိုက်ထဲနေချိန်ကြီးမှာ သူတို့က လပ်လျားလပ်လျားလုပ်နေတယ်ပေါ့ ။
ဒါနဲ့ မြတ်စွာဘုရားက ရဟန်းတော်တွေ ဝါဆိုရမယ်ဆိုပြီး သတ်မှတ်လိုက်ရော ။

(၂) ‪#‎ဝါအမျိုးအစား‬
ဒီတော့ ဝါဘယ်လိုဆိုရမလဲဘုရားပေါ့ ။
ဆိုတော့ ဘုရားရှင်က (၁) ပုရိမဝါ (၂) ပစ္ဆိမဝါ ဆိုပြီး
နှစ်မျိုးနှစ်စားနဲ့ ဝါဆိုကြ တဲ့ ။
(၃) ‪#‎ဘယ်ရက်တွေမှာဝါဆိုရမလဲ‬ ဆိုတော့
ပုရိမဝါ ဆိုမယ့်ရဟန်းများက ဝါဆိုလပြည့်ကျော် (၁) ရက်နေ့ကနေပြီး သီတင်းကျွတ်လပြည့်နေ့ထိ ; ခရီးလွန်ပြီး ပုရိမဝါ မမှီတဲ့ရဟန်းများက မစ္ဆိမဝါအဖြစ် ဝါခေါင်လပြည့်ကျော် (၁)ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့ထိ တဲ့ ။
ရဟန်းတော်တွေ ဝါဆိုရတဲ့ သမိုင်းပေါ့ ဒါက ။
(၄) ‪#‎ဝါဆိုပုံ‬
ဝါမဆိုခင် ကျောင်းတိုက်သန့်ရှင်းရေးလုပ် , ဘုရား ပန်းကပ် , သောက်တော်ရေကပ် ပြင်ဆင်ပေါ့ဗျာ ။ နောက် ဘုရားဝတ်တက်ပေါ့ ။
အားလုံးပြီးရင် * ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံ ဥပေမိ * လို့ တစ်ကြိမ်ဖြစ်ဖြစ် , နှစ်ကြိမ်ဖြစ်ဖြစ် , သုံးကြိမ်ဖြစ်ဖြစ် နှုတ်ကရွတ်ဆိုပြီး ဝါဆိုပေါ့ ။
အဓိပ္ပါယ်အကျဉ်းကတော့ ဤကျောင်း (သို့) အဆောက်အဦ (သို့) နေရာမှာ နေပါမည် ပေါ့ ။
အဲလို ဝါဆိုပြီးသွားရင် ရဟန်းတော်တွေဟာ မိမိသီတင်းသုံးရာ ကျောင်းတိုက် နေရာကနေ ဘယ်မှ ညအိပ်ညနေမသွားရတော့ဘူး ။
လုံးဝမသွားရတာတော့ မဟုတ်ဘူး ။
အရေးကြီးကိစ္စရှိရင် (၇) ရက်အတွင်းပြန်လာပါမယ်ဘုရားဆိုပြီး ဝါပန်ပြီး သွားလို့တော့ရတယ် ။ (၇) ရက်မပြည့်မှီ မိမိဝါဆိုရာ ကျောင်းကို ရောက်အောင်ပြန်ပေါ့ ။
ဒါဆို မပြန်နိုင်တဲ့အခါ ဘာဖြစ်သလဲဆိုတော့ ဝါကျိုးတယ်ပေါ့ ။
( ဒီမှာ အမှတ်မမှားဖို့က ဝါကျိုးတယ်ဆိုတာ ဝါအရေအတွက်မရတော့တာ မဟုတ်ဘူး ။
ဝိနည်းအရ စည်းကမ်းဖေါက်ဖျက်လို့အပြစ်သေးသေးတစ်ခု ဖြစ်တယ်ပေါ့ဗျာ ။ )
ဒါပါပဲ ။

ဝါဝါမြင် တိုင်း ရှိမခိုးဘူး


***********************
တစ်နေ့က ဒကာတစ်ယောက်လာလျောက်
တယ်။ဘာတွေမြင် ခဲ့လဲမ ပြောတက်ဘူး
တပည့်တော်က
ဝါဝါမြင် တိုင်း ရိုးခိုးတာမဟုတ်ဘူးလို့
လျောက်ထားလာပါတယ်
ဒါဖြင့် ဒကာကြီးက ဘယ်လိုမှ ရှိခိုးချင် တာလဲ
ကိုယ်နဲ့အလွမ်းသင့်မှလားလို့
မေးလိုက်ပါတယ်
ဒကာကြီး
ဒီဝါဝါတွေ ရှိနေလို့
*သာသနာဒီလောက်တည်နေတာ
*ဝါဝါတွေရှိနေလို့
ကုသိုလ်အကုသိုလ်ခွဲခြားသိနေနိင် တာ
*ဝါဝါတွေရှိနေလို့
န မောတဿလေး ဆိုစရာကျန်နေတာ
*နောက်တစ်ခါပြောလိုက်ပါတယ်
ဒကာကြီး ဝါဝါလို့မသုံးပါနဲ့
ဦးထိပ်ထားရမဲ့ ကိုးကွယ် ရာ
သံဃာ သာဖြစ်တယ်လို့ ပြောလိုက်ပါတယ်
အချို့ဘုန်းကြီးတွေက ဆိုပြီး
သူပြောလာတဲ့အချိန်မှာ လက်ကာပြလိုက်တယ်
ဒကာကြီး ဆိုလိုချင် တာကို
သ ဘောပေါက်ပါတယ်
ဘယ်အရာမဆိုအ ကောင်းအဆိုးဒွန်တွဲနေတယ်
ဒါကြောင့်လည်း
သိက္ခာပုဒ်တွေ ပညတ်ခဲ့ရတာပေါ့လို့
ပြောလိုက်ပါတယ်။
ဒကာက သီလဘယ်နှစ်ပါးလုံခြုံပါသလဲလို့
မေးလိုက်ပါတယ်။
တပည့်တော်တို့ အိမ်မှာနေတဲ့သူအတွက်
သီလလုံဖို့မလွယ်ပါဘူး ဘုရားလို့
လျောက်ထားပါတယ်။
ရဟန်းတော်များ စောင့်ရှောက် ရတဲ့
သီလ ဘယ်လောက် ရှိတယ်လို့
ကြားဘူးသလဲ လို့မေးလိုက်တော့
၂၂၇ပါ ဘုရားလို့ဖြေပါတယ်။
ရဟန်းသံဃာတွေ သိက္ခာပုဒ် ၁၀၀
ပျက်သွားဦးတော့ ၁၂၇ ကျန်သေးတယ်
မဟုတ်လား ၊ ကိုယ့်ထက်သာတယ်
လို့ပဲ မှတ်ပေါ့ဒကာကြီးလို့ ပြောလိုက်ပါတယ်
မင်းကွန်းဆရာတော်ဘုရားကြီးကလဲ
သံဃာကို ကြည်ညိုတက်အောင်
"'"သစ်ပင်လေးတွေ မကြီးထွားခင် မှာ
အနှစ်ကင်းမဲ့နေတက်တယ်
သက်တမ်းရင့်လာရင် အလိုလို
အနှစ်တည်သွားတယ်လို့ ဆုံးမဖူးပါတယ်
သေချာစဉ်းစားစေချင် ပါတယ်
မိဘတိုင်းကရင် အုပ်မကွာ မိမိ
သားသ္မီးကို ယုယပိုက်ထွေးပြီး
နေ နေတဲ့အချိန်မှာ
ကိုရင်လေးတွေ ဦးဇင်းလေးတွေက
ငယ်ငယ် အသက်၁၀နှစ်၊၁၁နှစ်လောက်
နဲ့ မိဝေးဖ ဝေး မိဘရဲ့ယုယပိုက်ထွေး
မူကိုမရဘဲ သာသနာ့ဝန်ကို ထမ်းနေ
ကြပြီလေ
သာသနာ့ဝန်ကို ခုထိဘာမျှမထမ်းရ
သေးတဲ့ ဒကာကြီးအ နေနဲ့
အများကြီးစဉ်းစားပြီးမှ ပြောသင့်တယ်လို့
ပြောလိုက်ပါတယ်
ရဟန်းသံဃာတွေဟာ
ပုထုဇဉ်မို့ ကိလေသာမကင်းကြ သေးပါဘူး
ကိလေသာမကင်းသေးရင်
အမှားဆိုတာ ရှိဦးမှာပဲ
နောက်တစ်ခုက
ပုထုဇဉ် ရဟန်းသံဃာတွေဟာ
အရိယာပုဂ္ဂိုလ်တွေ
ရဟန္တာပုဂ္ဂိုလ်တွေရဲ့ ပုံစံမျိုး
အ နေအထိုင် မျိုးတွေ့ချင် လို့
မဖြစ်နိင် ပါဘူး
လောဘ ဒေါသ ရှိနေ သော်လည်း
ကြမ်းတမ်းတဲ့ လောဘ ဒေါသ တွေလဲ
ဖြစ်တာနည်းပါးပါတယ်
ဘာဖြစ်လို့လဲဆိုတော့
လောဘ ဒေါသနှင့်ယှဉ်ပြီး
အသက်မွေးကြတဲ့သူတွေ
မဟုတ်လို့ပါဘဲ
အဓိက တော့
ရဟန်းသံဃာတွေရဲ့ အားနည်းချက်ကို
လိုက်ကြည့်ပြီး
အကုသိုလ်ဖြစ်နေမဲ့အစား
သူတစ်ပါးအပြစ်ကို
လိုက်ကြည့်ပြီး နှလုံးသွင်းတက်တဲ့
မိမိရဲ့ အားနည်းချက်ကို
သိမြင်အောင်ကြိုးစားတာက
ပိုပြီးအကျိုးများပါတယ်။
သံဃာကို ကြည်ညိုတက်တဲ့
အထက်တန်းစား ဗုဒ္ဓဘာသာဝင် များ
ဖြစ်ကြပါစေ။
(အရှင် ဝိလာသဂ္ဂ
ဗောဓိမြိုင် သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)

" စေတနာ "


# စေတနာက လောဘနဲ့တွဲရင်
ငါရဖို့ချည်းဖြစ်လာတတ်တယ်။

# အဲဒီစေတနာကပဲ ဒေါသနဲ့တွဲလိုက်ရင်
သတ်ဖြတ်ဖို့ဖြစ်တတ်တယ်။

# မောဟနဲ့တွဲ လိုက်ပြန်တော့
ပညာမဲ့တာတွေဖြစ်လာတယ်။

# မကောင်းတာတွေဘာကြောင့်ဖြစ်လာလဲမေးရင်
စေတနာနဲ့ ... မကောင်းနဲ့ ... အကြောင်း သုံးပါးတွဲမိလို့ … ဒါပဲ။

# လောဘနည်းအောင်ကျင့်ရင်
သူများ အတွက်ဆောင်ရွက်တတ်လာတယ်။

# ဒေါသနည်းအောင်ကျင့်သုံးရင်
ငြိမ်းချမ်းရေးဖြစ်တယ်။

# မောဟနည်းအောင်ကျင့်ရင်တော့
ပညာတတ်တွေဖြစ်လာကြမယ်။

# ကောင်းတာတွေဘာကြောင့်ဖြစ်ဆိုရင်
စေတနာနဲ့ ... ကောင်းနဲ့ ... အကြောင်း သုံးပါးပေါင်းမိလို့.. ဒါပဲ။

သီတဂူဆရာတော်ကြီး

Thursday, July 14, 2016

ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ အခြေခံ ယဉ်ကျေးလိမ္မာ " ဓမ္မကျောင်းတော် " ဖွင့်လှစ်ပြီး ကျောင်းများ ( ၂၀၁၆ )


စဉ်
ကျောင်းတိုက်အမည်
ကျောင်း
အုပ်
ဆရာ
တော်
နာယက
ကော်မတီ
ဆရာအင်အား
အခြေပြုဆင့်
ကျောင်း
သား
ကျောင်း
သူ
စု
စု
ပေါင်း
သင်
ကြား
ခွင့်
မှတ်
ပုံ
တင်
အမှတ်
သံ
ဃာ
လူ
ဥက္ကဌ
ဒု
ဥက္ကဌ
အတွင်း
ရေးမှုး
ဘဏ္ဍာ
ရေးမှုး
စာရင်း
ကိုင်
စာ
ရင်း
စစ်
အဖွဲ့
ဝင်
ကျား
ပေါင်း
ကျား
ပေါင်း
1
သစ်ပန်ကန်ပင်ကျောင်း
၂၀

၅၅
၆၅
၁၂၀

၆၀၁
2
ကျောက်တိုင်ရွာဦးကျောင်း

၂၈
၆၀
၉၀
၁၇၀

၆၀၂
3
ဖက်တော်ကျောင်း
၁၂
၆၈
၇၀
၁၃၈

၆၀၃
4
နန်ချွန်ကျောင်း
၂၄
၂၀
၄၀
၆၀

၆၀၄
5
ထရန်ကာကျောင်း
၂၀
၂၁
၄၃
၆၄

၆၀၅
6
သာယာကုန်းကျောင်း
၂၀
၃၀
၄၀
၇၀

၆၀၆
7
ခင်ကြီးယကျောင်း
၁၀
၇၀
၈၀
၁၅၀

၆၀၈
8
တဲကြီးကုန်းကျောင်း
၁၅

၃၅
၄၅
၈၀

၆၁၁
9
ရှားပင်လှကျောင်း
၁၁

၅၄
၄၇
၁၀၁

၆၂၀
10
သဖန်းချောင်းတိုက်ကျောင်း
၁၀

၃၀
၅၀
၈၀

၆၂၆
11
ညောင်လှကျောင်း
၁၀
၅၅
၄၅
၁၀၀

၆၂၇
12
ပုတီးကုန်း
၁၀

၃၀
၄၀
၇၀

၆၂၈
13
ဘတ္တ တလင်းကုန်းကျောင်း

၂၆
၃၀
၅၆

၆၂၉
14
ညောင်ပင်တဲကျောင်း
၂၁
၁၀၀
၁၃၅
၂၃၅

၆၃၃
15
ဆည်ရွာကျောင်း
၉၀
၁၀၀
၁၉၀

၆၃၅
16
နဘဲကွဲကျောင်း
၁၂
၁၅
၂၇

၆၃၈
17
ချင်ယားကုန်းကျောင်း
၁၅
၂၄
၃၆
၆၀

၆၃၉
18
ချောင်းကမ်းကြီးကျောင်း
၂၀
၂၀
၃၀
၅၀

၆၃၁
19
ဆည်ပေါ်ကျောင်း
၁၀
၂၀
၁၂၉
၉၃
၂၂၂

၆၁၀


 ဆက်သွယ်ရန်

မြို့နယ်ရုံး ( သာယာကုန်းကျောင်းတိုက်)
09  402527289
09  783718005


ဝေဇယန္တာကျောင်းတိုက်ဆရာတော်
09 799132136 ၊

  ဆက်သွယ်ရန်

09798764599 ၊
09259273103 ၊
 09 798762367 ၊
09 402778379 ၊
 09402765596 ၊
 09 457135599