Wednesday, July 20, 2016

ဝါဝါမြင် တိုင်း ရှိမခိုးဘူး


***********************
တစ်နေ့က ဒကာတစ်ယောက်လာလျောက်
တယ်။ဘာတွေမြင် ခဲ့လဲမ ပြောတက်ဘူး
တပည့်တော်က
ဝါဝါမြင် တိုင်း ရိုးခိုးတာမဟုတ်ဘူးလို့
လျောက်ထားလာပါတယ်
ဒါဖြင့် ဒကာကြီးက ဘယ်လိုမှ ရှိခိုးချင် တာလဲ
ကိုယ်နဲ့အလွမ်းသင့်မှလားလို့
မေးလိုက်ပါတယ်
ဒကာကြီး
ဒီဝါဝါတွေ ရှိနေလို့
*သာသနာဒီလောက်တည်နေတာ
*ဝါဝါတွေရှိနေလို့
ကုသိုလ်အကုသိုလ်ခွဲခြားသိနေနိင် တာ
*ဝါဝါတွေရှိနေလို့
န မောတဿလေး ဆိုစရာကျန်နေတာ
*နောက်တစ်ခါပြောလိုက်ပါတယ်
ဒကာကြီး ဝါဝါလို့မသုံးပါနဲ့
ဦးထိပ်ထားရမဲ့ ကိုးကွယ် ရာ
သံဃာ သာဖြစ်တယ်လို့ ပြောလိုက်ပါတယ်
အချို့ဘုန်းကြီးတွေက ဆိုပြီး
သူပြောလာတဲ့အချိန်မှာ လက်ကာပြလိုက်တယ်
ဒကာကြီး ဆိုလိုချင် တာကို
သ ဘောပေါက်ပါတယ်
ဘယ်အရာမဆိုအ ကောင်းအဆိုးဒွန်တွဲနေတယ်
ဒါကြောင့်လည်း
သိက္ခာပုဒ်တွေ ပညတ်ခဲ့ရတာပေါ့လို့
ပြောလိုက်ပါတယ်။
ဒကာက သီလဘယ်နှစ်ပါးလုံခြုံပါသလဲလို့
မေးလိုက်ပါတယ်။
တပည့်တော်တို့ အိမ်မှာနေတဲ့သူအတွက်
သီလလုံဖို့မလွယ်ပါဘူး ဘုရားလို့
လျောက်ထားပါတယ်။
ရဟန်းတော်များ စောင့်ရှောက် ရတဲ့
သီလ ဘယ်လောက် ရှိတယ်လို့
ကြားဘူးသလဲ လို့မေးလိုက်တော့
၂၂၇ပါ ဘုရားလို့ဖြေပါတယ်။
ရဟန်းသံဃာတွေ သိက္ခာပုဒ် ၁၀၀
ပျက်သွားဦးတော့ ၁၂၇ ကျန်သေးတယ်
မဟုတ်လား ၊ ကိုယ့်ထက်သာတယ်
လို့ပဲ မှတ်ပေါ့ဒကာကြီးလို့ ပြောလိုက်ပါတယ်
မင်းကွန်းဆရာတော်ဘုရားကြီးကလဲ
သံဃာကို ကြည်ညိုတက်အောင်
"'"သစ်ပင်လေးတွေ မကြီးထွားခင် မှာ
အနှစ်ကင်းမဲ့နေတက်တယ်
သက်တမ်းရင့်လာရင် အလိုလို
အနှစ်တည်သွားတယ်လို့ ဆုံးမဖူးပါတယ်
သေချာစဉ်းစားစေချင် ပါတယ်
မိဘတိုင်းကရင် အုပ်မကွာ မိမိ
သားသ္မီးကို ယုယပိုက်ထွေးပြီး
နေ နေတဲ့အချိန်မှာ
ကိုရင်လေးတွေ ဦးဇင်းလေးတွေက
ငယ်ငယ် အသက်၁၀နှစ်၊၁၁နှစ်လောက်
နဲ့ မိဝေးဖ ဝေး မိဘရဲ့ယုယပိုက်ထွေး
မူကိုမရဘဲ သာသနာ့ဝန်ကို ထမ်းနေ
ကြပြီလေ
သာသနာ့ဝန်ကို ခုထိဘာမျှမထမ်းရ
သေးတဲ့ ဒကာကြီးအ နေနဲ့
အများကြီးစဉ်းစားပြီးမှ ပြောသင့်တယ်လို့
ပြောလိုက်ပါတယ်
ရဟန်းသံဃာတွေဟာ
ပုထုဇဉ်မို့ ကိလေသာမကင်းကြ သေးပါဘူး
ကိလေသာမကင်းသေးရင်
အမှားဆိုတာ ရှိဦးမှာပဲ
နောက်တစ်ခုက
ပုထုဇဉ် ရဟန်းသံဃာတွေဟာ
အရိယာပုဂ္ဂိုလ်တွေ
ရဟန္တာပုဂ္ဂိုလ်တွေရဲ့ ပုံစံမျိုး
အ နေအထိုင် မျိုးတွေ့ချင် လို့
မဖြစ်နိင် ပါဘူး
လောဘ ဒေါသ ရှိနေ သော်လည်း
ကြမ်းတမ်းတဲ့ လောဘ ဒေါသ တွေလဲ
ဖြစ်တာနည်းပါးပါတယ်
ဘာဖြစ်လို့လဲဆိုတော့
လောဘ ဒေါသနှင့်ယှဉ်ပြီး
အသက်မွေးကြတဲ့သူတွေ
မဟုတ်လို့ပါဘဲ
အဓိက တော့
ရဟန်းသံဃာတွေရဲ့ အားနည်းချက်ကို
လိုက်ကြည့်ပြီး
အကုသိုလ်ဖြစ်နေမဲ့အစား
သူတစ်ပါးအပြစ်ကို
လိုက်ကြည့်ပြီး နှလုံးသွင်းတက်တဲ့
မိမိရဲ့ အားနည်းချက်ကို
သိမြင်အောင်ကြိုးစားတာက
ပိုပြီးအကျိုးများပါတယ်။
သံဃာကို ကြည်ညိုတက်တဲ့
အထက်တန်းစား ဗုဒ္ဓဘာသာဝင် များ
ဖြစ်ကြပါစေ။
(အရှင် ဝိလာသဂ္ဂ
ဗောဓိမြိုင် သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)

No comments:

Post a Comment