Wednesday, July 20, 2016

‎ဝါဆိုရခြင်းအကြောင်း‬

မြတ်စွာဘုရားရှင် ရာဇဂြိုလ်ပြည် , ဝေဠုဝန်ကျောင်းမှာ သတင်းသုံးတော်မူစဉ် စပြီးပညတ်ခဲ့တယ် ။ အကြောင်းကတော့ ဝါဆိုပညတ်ချက်မရှိသေးတာကြောင့် ရဟန်းတော်တွေဟာ နွေ , မိုး , ဆောင်း ဘယ်အချိန်အဖြစ်ဖြစ် သွားလာသာသနာပြုနေကြတာပေါ့ ။
ဒါကို လူတွေက ကဲ့ရဲ့ကြတယ် ။ ရဟန်းတွေက မိုးတွင်းကြီးတောင် ခြေမငြိမ်ကြဘူး ။ မိုးတွင်းမှဖွံ့ဖြိုးရတဲ့ မြက်ပင်တွေ , စိုက်ပင်တွေ ရဟန်းတွေနင်းလို့ပျက်စီးရတယ် ။ ပိုးကောင်တွေသေတယ် မသနားဘူး ဘာညာကွိကွပေါ့ ။ တိတ္ထိတွေတောင် မိုးတွင်းခရီးမသွားပဲ ; ငှက်ကလေးတွေတောင် အသိုက်ထဲနေချိန်ကြီးမှာ သူတို့က လပ်လျားလပ်လျားလုပ်နေတယ်ပေါ့ ။
ဒါနဲ့ မြတ်စွာဘုရားက ရဟန်းတော်တွေ ဝါဆိုရမယ်ဆိုပြီး သတ်မှတ်လိုက်ရော ။

(၂) ‪#‎ဝါအမျိုးအစား‬
ဒီတော့ ဝါဘယ်လိုဆိုရမလဲဘုရားပေါ့ ။
ဆိုတော့ ဘုရားရှင်က (၁) ပုရိမဝါ (၂) ပစ္ဆိမဝါ ဆိုပြီး
နှစ်မျိုးနှစ်စားနဲ့ ဝါဆိုကြ တဲ့ ။
(၃) ‪#‎ဘယ်ရက်တွေမှာဝါဆိုရမလဲ‬ ဆိုတော့
ပုရိမဝါ ဆိုမယ့်ရဟန်းများက ဝါဆိုလပြည့်ကျော် (၁) ရက်နေ့ကနေပြီး သီတင်းကျွတ်လပြည့်နေ့ထိ ; ခရီးလွန်ပြီး ပုရိမဝါ မမှီတဲ့ရဟန်းများက မစ္ဆိမဝါအဖြစ် ဝါခေါင်လပြည့်ကျော် (၁)ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့ထိ တဲ့ ။
ရဟန်းတော်တွေ ဝါဆိုရတဲ့ သမိုင်းပေါ့ ဒါက ။
(၄) ‪#‎ဝါဆိုပုံ‬
ဝါမဆိုခင် ကျောင်းတိုက်သန့်ရှင်းရေးလုပ် , ဘုရား ပန်းကပ် , သောက်တော်ရေကပ် ပြင်ဆင်ပေါ့ဗျာ ။ နောက် ဘုရားဝတ်တက်ပေါ့ ။
အားလုံးပြီးရင် * ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံ ဥပေမိ * လို့ တစ်ကြိမ်ဖြစ်ဖြစ် , နှစ်ကြိမ်ဖြစ်ဖြစ် , သုံးကြိမ်ဖြစ်ဖြစ် နှုတ်ကရွတ်ဆိုပြီး ဝါဆိုပေါ့ ။
အဓိပ္ပါယ်အကျဉ်းကတော့ ဤကျောင်း (သို့) အဆောက်အဦ (သို့) နေရာမှာ နေပါမည် ပေါ့ ။
အဲလို ဝါဆိုပြီးသွားရင် ရဟန်းတော်တွေဟာ မိမိသီတင်းသုံးရာ ကျောင်းတိုက် နေရာကနေ ဘယ်မှ ညအိပ်ညနေမသွားရတော့ဘူး ။
လုံးဝမသွားရတာတော့ မဟုတ်ဘူး ။
အရေးကြီးကိစ္စရှိရင် (၇) ရက်အတွင်းပြန်လာပါမယ်ဘုရားဆိုပြီး ဝါပန်ပြီး သွားလို့တော့ရတယ် ။ (၇) ရက်မပြည့်မှီ မိမိဝါဆိုရာ ကျောင်းကို ရောက်အောင်ပြန်ပေါ့ ။
ဒါဆို မပြန်နိုင်တဲ့အခါ ဘာဖြစ်သလဲဆိုတော့ ဝါကျိုးတယ်ပေါ့ ။
( ဒီမှာ အမှတ်မမှားဖို့က ဝါကျိုးတယ်ဆိုတာ ဝါအရေအတွက်မရတော့တာ မဟုတ်ဘူး ။
ဝိနည်းအရ စည်းကမ်းဖေါက်ဖျက်လို့အပြစ်သေးသေးတစ်ခု ဖြစ်တယ်ပေါ့ဗျာ ။ )
ဒါပါပဲ ။

No comments:

Post a Comment