Wednesday, July 20, 2016

" စေတနာ "


# စေတနာက လောဘနဲ့တွဲရင်
ငါရဖို့ချည်းဖြစ်လာတတ်တယ်။

# အဲဒီစေတနာကပဲ ဒေါသနဲ့တွဲလိုက်ရင်
သတ်ဖြတ်ဖို့ဖြစ်တတ်တယ်။

# မောဟနဲ့တွဲ လိုက်ပြန်တော့
ပညာမဲ့တာတွေဖြစ်လာတယ်။

# မကောင်းတာတွေဘာကြောင့်ဖြစ်လာလဲမေးရင်
စေတနာနဲ့ ... မကောင်းနဲ့ ... အကြောင်း သုံးပါးတွဲမိလို့ … ဒါပဲ။

# လောဘနည်းအောင်ကျင့်ရင်
သူများ အတွက်ဆောင်ရွက်တတ်လာတယ်။

# ဒေါသနည်းအောင်ကျင့်သုံးရင်
ငြိမ်းချမ်းရေးဖြစ်တယ်။

# မောဟနည်းအောင်ကျင့်ရင်တော့
ပညာတတ်တွေဖြစ်လာကြမယ်။

# ကောင်းတာတွေဘာကြောင့်ဖြစ်ဆိုရင်
စေတနာနဲ့ ... ကောင်းနဲ့ ... အကြောင်း သုံးပါးပေါင်းမိလို့.. ဒါပဲ။

သီတဂူဆရာတော်ကြီး

No comments:

Post a Comment