Thursday, November 3, 2016

“အမျိုး ဘာသာ တည်တံ့ရန် နည်းလမ်း(၉)သွယ်”

**************************************************
မြန်မာတိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာ ရာသက်ပန်တည်တံ့စေရန် ရဟန်းရှင်လူ ပြည်သူတိုင်း အောက်ပါ နည်းလမ်း(၉)သွယ်တို့ကို အလေးထား၍ လိုက်နာကျင့်ကြံရမည်။
၁။ အိမ်တွင်းသာသနာပြုပေးပါ။
ညအိပ်ရာဝင်ခါနီး၌ မိမိတို့ကိုယ်တိုင် ဘုရားရှိခိုး၍ မိမိ၏သား၊ သမီး၊ မြေး၊ မြစ်များ၊ တူ၊ တူမများကိုလည်း ဘုရားရှိခိုးပြီးမှ အိပ်ခိုင်းပါ။ ဤကဲ့သို့ ဆောင်ရွတ်နိုင်မှသာ မြန်မာလူငယ်မောင်မယ်များကို ဘာသာခြားများက အလွယ်တကူ မသိမ်းသွင်းနိုင်မှာ ဖြစ်သည်။
၂။ ယဉ်ကျေးမှုသင်တန်းသို့ ပို့ပေးပါ။
နွေရာသီအခါ ပို့ချနေသော ယဉ်ကျေးမှုသင်တန်းများကိုဖြစ်စေ၊ တစ်နှစ်ပတ်လုံး ဖွင့်လှစ်နေသော ဓမ္မစကူးလ် ကျောင်းတော်များသို့ဖြစ်စေ၊ မိမိတို့၏ သားသမီး၊ မြေး၊ မြစ်များကို ပို့၍ သငသ်ခိုင်းပါ။ ဤကဲ့သို့ သင်ခိုင်းသဖြင့် သီရိလင်္ကာနိုင်ငံသည် နှစ်ပေါင်း(၄၀၀)ကျော် သူ့ကျွန်ဖြစ်ခဲ့သော်လည်း ဗုဒ္ဓဘာသာ မကွယ်ပျောက်ခဲ့ပေ။
၃။လူမျိုးခြားများဆိုင်၌ ဈေးမဝယ်ပါနှင့်။
မြန်မာတို့ဝယ်၍ရသော အမြတ်အစွန်းငွေများဖြင့် မြန်မာတိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာကို ဝါးမျိုရန် ကြိုးစားနေသဖြင့် မြန်မာတို့ ဈေးဝယ်လေ မိမိလည်ပင်းကို မိမိကိုယ်တိုင် ကြိုးကွင်းစွပ်လေ ဖြစ်သည်။ လူမျိုးခြားများကမူ မြန်မာတို့ဆိုင်၌ ဈေးမဝယ်ကြပေ။
၎။ ဒံပေါက်မစားရ၊ မကျွေးရ။
မြန်မာတို့သည် နုံအသော လူမျိုးများဖြစ်၍ လူမျိုးခြား၊ နိုင်ငံခြားသားတို့လုပ်သော အစားအသောက်များကို အထင်ကြီးတတ်ကြသဖြင့် ဝိုင်းဝန်းအားပေးကြသည်။ ထို့ကြောင့် လူမျိုးခြားတို့ နေ့ချင်းညချင်း ကြီးပွားသွား ကြပြီး တိုက်တည်၊ ကားစီးဖြစ်နေကြသည်ကို မနာလိုစရာမရှိပါ။ သို့သော်လည်း မြန်မာတို့ထံမှ ရသော ငွေကြေးများဖြင့် ဗုဒ္ဓဘာသာနှင့် မြန်မာလူမျိုးများကို ဝါးမျိုရန် ကြိုးစားနေကြသဖြင့် ဒံပေါက်ကျွေးမှ ဂုဏ်ရှိမှာလားဟု မေးချင်ပါသည်။ သို့သော် ကောင်းသန့်ဒန်ပေါက်၊ ချန်ပီယံဒန်ပေါက်၊ ဝေဿန္တရာဒန်ပေါက်၊ ရွှေမြန်မာဒန်ပေါက်၊ စသော မြန်မာတို့လုပ်သော ဒန်ပေါက်ကိုမူ အထူးအနေဖြင့် ဝါသနာပါလျှင် တစ်နိုင်ငံလုံး ကျွေးချင်လျှင်လည်း ကျွေးနိုင်သည်။
၅။ လူမျိုးခြားများနှင့် မဆက်ဆံရ။
မြန်မာလူမျိုးတို့သည် လူတိုင်းအပေါ် သဘောကောင်း၍ ခွင့်လွှတ်တတ်ကြသည်။ လူမျိုးခြားများကမူ မြန်မာလူမျိုးများကို ဝါးမျိုရန် အစဉ်တစိုက် ကြိုးပမ်းနေကြသည်။ ထို့ကြောင့် လူမျိုးခြားများနှင့် ပေါင်းသင်းမိလျှင် မြန်မာလူမျိုးသားသာ ဝါးမျိုခံရသဖြင့် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။
၆။ လူမျိုးခြားများနှင့် အိမ်ထောင်မပြုရ။
မြန်မာလူမျိုးများနှင့် လူမျိုးခြားများ အိမ်ထောင်ပြုလျှင် မြန်မာလူမျိုးများကသာ လူမျိုးခြားတို့၏ ဓလေ့ထုံးစံနှင့် ကိုးကွယ်သော ဘာသာသို့ လိုက်ပါကိုးကွယ်နေကြသဖြင့် လူမျိုးခြားနှင့် အိမ်ထောင်ပြုလေ မြန်မာလူမျိုးတို့ အရှုံးပေါ်လေဖြစ်သည်။ လူမျိုးခြားနှင့် ညားကြသဖြင့် ဓမ္မအလင်းရောင် ပျောက်ကွယ်၍ အပါယ်တံခါး ဟင်းလင်းပွင့်နေသူများ မြန်မာနိုင်ငံ၌ တစ်နေ့တခြားပေါများလာသည်။ ထို့ကြောင့် အချစ်ရေး တစ်ခုကိုကြည့်၍ မိမိတို့ ဗုဒ္ဓဘာသာနှင့် မိမိတို့မြန်မာလူမျိုးများ ဆုံးရှုံးမခံသင့်ပေ။
၇။ အလုပ်ကြိုးစားလုပ်ပါ
ကုလားတစ်ယောက် မြန်မာနိုင်ငံသို့ စရောက်စဉ်က ခါးမှာဝတ်ထားသော လန်ကွတ်တီသာ ပါသော်လည်း သူတို့၏ ကြိုးစားမှုကြောင့် နှစ်တိုအတွင်း သူဌေးသူကြွယ်ဘဝသို့ ရောက်သွားကြသည်။ တရုတ်တစ်ယောက် မြန်မာနိုင်ငံသို့ ရောက်စဉ်က ခါးမှာ ဘောင်းဘီပွတစ်ထည်နှင့် ဝက်သားခုတ်ရန် ဓားတစ်ချောင်းသာ ပါသော်လည်း သူတို့ရဲ့ကြိုးစားမှုကြောင့် နှစ်တိုအတွင်း သူဌေးသူကြွယ်ဘဝ ရောက်သွားကြသည်။ သို့သော်လည်း မြန်မာလူမျိုးများမှာမူ ပင်ကိုယ်က ပျင်းရိခြင်း၊ လုပ်ငန်းနှင့် ပတ်သက်၍ အမြင်မကျယ်ခြင်း၊ အလုပ်ချေးများဖြင့် စသော အကြောင်းများကြောင့် ဆင်းရဲတွင်းမှ မလွတ်မြောက်နိုင်ကြပေ။ သို့သော်လည်း အမှန်တကယ်ကြိုးစား၍ အောင်မြင်သွားသူများရှိကြသည်။ ထို့ကြောင့် မြန်မာလူမျိုးနှင့် ဗုဒ္ဓဘာသာကို ချစ်လျှင် မြန်မာတို့ အလုပ်ကြိုးစားဖို့ အထူးလိုအပ်လှသည်။
၈။ ချွေတာစုဆောင်းပါ။
ပစ္စည်းဥစ္စာ ရှာဖွေတတ်သော်လည်း မချွေတာ မစုဆောင်းလျှင် မွဲမြဲ မွဲနေဦးမည်သာ၊ ထို့ကြောင့် ချွေတာ စုဆောင်းတတ်ဖို့ အရေးကြီးသည်။ မစုဆောင်း၍ မွဲနေလျှင် လူမျိုးခြားတို့၏ နှိပ်ကွက်မှုကို ခံရခြင်း၊ လူမျိုးခြားတို့၏ ဝါးမျိုမှုကိုခံရခြင်း၊ ခြေတော်တင်ခံရခြင်း၊စသော ဆိုးကျိုးများကို ခံရနိုင်သည်။ အချို့ မြန်မာတို့ စီးပွားရှာတတ်ကြသော်လည်း အလှူအတန်းနှင့် အသုံးအစွဲများ၌ ချွေတာစုဆောင်းမှု မရှိကြသဖြင့် အမွဲတောဝယ် နစ်မျောနေကြရသည်။ ထို့ကြောင့် အမျိုးနှင့် ဘာသာကိုချစ်လျှင် ငွေကြေးချမ်းသာဖို့၊ ချွေတာစုဆောင်းဖို့လိုသည်။ သို့မှသာ မြန်မာလူမျိုးနှင့် ဗုဒ္ဓဘာသာကို ထိရောက်စွာ စောင့်ရှောက်နိုင်ကြမည် ဖြစ်သည်။
၉။ ကိုရင်လေးများ မွေးထုတ်ပါ။
ယခုအခါ ဘုန်းကြီးကျောင်းများ၌ သာသနာ့အညွန့်အလျာ ကိုရင်လေးများ ရှားပါးလျက်ရှိရာ ဗုဒ္ဓသာသနာတော် ရေရှည်တည်တံ့ရေးအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ရှေးရှေးဆရာတော်ကြီးများသည် သာသနာအခြေတည်ရေး ရည်မျှော်တွေး၍ အပင်ပန်းခံကာ ကိုရင်လေးများ မွေးထုတ်ပေးခဲ့ကြသည်။ အပင်ပန်းခံ၍ စာသင်ပေးခဲ့ကြသည်။ ငွေကုန်ကြေးကျခံ၍ မြို့ပေါ်ရှိ စာသင်တိုက်ကြီးများသို့ ပို့ကာ စာပေသင်ကြားပေးခဲ့ကြသည်။
ထို့ကြောင့် သာသနာတော်၌ သာသနာပြုရဟန်းတော်များနှင့် ပညာတတ်ရဟန်းတော်များ ပေါများခဲ့သည်။ ယခုအခါ၌မူ ကျောင်းထိုင်ဆရာတော် အများစုသည် သာရေး၊ နာရေး လိုက်ရုံစသော အပူဇော်ခံသက်သက် ဖြင့်သာ ကျေနပ်နေကြပြီး ကိုရင်လေးများ မွေးထုတ်ပေးမှု အားနည်းလာသဖြင့် ကိုရင်များ နည်းပါးလာရာ သာသနာရေရှည်တည်တံ့စေရန် အခက်အခဲများစွာနှင့် ကြုံတွေ့နေသည်။
ရဟန်းရှင်လူပြည်သူတိုင်း မြန်မာလူမျိုးများနှင့် ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့စေရန် အထက်ပါ အချက်(၉)ချက်ကို မဖြစ်မနေလိုက်နာကျင့်သုံးသင့်ပေသည်။
မှတ်ချက်။ ။ အရှင်စန္ဒဇောတိ(ပါဠိပါရဂူ၊ ပိဋကတ်တစ်ပုံဆောင်) ရေးသားသည့် “ပုဂ္ဂိုလ်ကျော်တို့၏ အမျိုးစောင့်နှလုံးသား” စာအုပ်မှ ကောက်နှုတ်ရေးသားဖော်ပြသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေ။
ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment