Tuesday, August 8, 2017

အိပ်တတ်ခြင်း၊ စားတတ်ခြင်း၊ နေတတ်ခြင်း


•••••••••••••••••••••••••••••••••••
ဤစကားသုံးခွန်းသည်
အ ရေးပါသော စကားသာဖြစ်သည်။

အိပ်တတ်ခြင်း
***********
အိပ်ယာဝင် လျှင် ဝင် ဝင်ခြင်း
မိမိဦးခေါင်းပြုရာဘက်သို့
ဗုဒ္ဓံပူဇေမိ ဓမ္မံပူဇေမိ သံဃံပူဇေမိ
လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ် ရန်ဘေး ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ
ယ နေ့ပြုပြုသမျှ ကံဟူမျကို
လုံးစုံများစွာ သတ္တဝါ အနန္တတို့အား
အမျှ အမျှ အမျှ ပေးဝေပါ၏
ပြီးမှအိပ်စက်ပါ။

မတွေးတောပါနဲ့
*************
ထွက်လေ ဝင်လေ လေးကို
အသာလေးကြည့်နေပါ
သတိကပ်ထားပါ။
သ ဘောလေးပါလား
ထိဆဲလေး၌ ထိ သ ဘောက
ဓမ္မသက်သက်ပါတကား။
အနတ္တပါတကား။
ထိသိသ ဘောက မမြဲပါတကား။

အနိစ္စဖေါက်ပြန် ပျက်စီးခြင်း သ ဘော
အနှိပ်စက်ခံနေရခြင်းသည်ပင် လျင်
ဒုက္ခပါတကား။
ဤသို့ ရှုမှတ် ရင်းဖြင့်
သတိ ဝိရိယ ကိုလျော့လိုက်ပါ။
ထိုအခါ ဝီထိဇောကျသဖြင့်
ချမ်းသာစွာ အိပ်စက်သွားပါလိမ့်မည်။
➳ ဤသည်ကားအိပ်တတ်ခြင်းမည်၏။

စားတတ်ပါစေ။
************
ဤစကားသည်သတိပညာယှဉ်၍
အာဟာရသည် ရုပ်တရား
လျှာသည်၎င်း သွားသည်၎င်း
ပါးစပ်သည်၎င်း
ရုပ်တရား ရုပ် ရုပ်ခြင်းပေါင်းစပ်
တွေ့ထိခြင်းကြောင့်
အသိ နမ်တရား
ခုပေါ်ခုပျက် သူလဲပဲ အနိစ္စ ဒုက္ခ အနတ္တ ဥာဏ်
အသိကပ်လျက်
အစာကိုစားသုံးလျှင်
အစာ၌ တပ် နှစ်သက်သော တဏှာ ရာဂကို
ကင်းစေသည်ဖြစ်၍
➳ ဤသည်ပင် လျှင် စားတတ်ခြင်းမည်၏။

နေတတ်ပါစေ
***********
ဤသို့သောစကားသည် မြင် တိုင်း
ကြားသိတိုင်း
အာရုံပေါ်တွင် ဣဋ္ဌာအနိဋ္ဌာ
မသတ်မှတ်တော့ပဲ
ဥပေက္ခာသံယောဇဉ် သတိကပ်၍
လက္ခဏာတင် ဆင်ခြင် လျက်
နေထိုင် ကျင့်ကြံနေခြင်းသည်
နေတတ်ခြင်းဖြစ်၍

ဓမ္မဝိဟာရီ တရားနှင့်နေခြင်းဖြစ်၍
မြတ်သောနေခြင်းသည်ပင် လျှင်
➳ အရိယာတို့၏ နေခြင်းမည်၏။

(ဓမ္မ ဂုဏ်ရည် ဆရာတော် ဘုရားကြီး)

No comments:

Post a Comment