Saturday, August 19, 2017

ပရဟိတ--တဲ့လား


-------------------

---ပရဟိတ-ဆိုတဲ့ စကာလုံးလေးဟာ လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတာ မကြာလှသေးပါဘူး။--သူများအကျိုးစီးပွားကို ဆောင်ရွက်တယ်-လို့ဆိုလိုတဲ့ သဘောပေါ့။--တကယ်တော့ အတ္တဟိတ နဲ့ ပရဟိတ-ဆိုတာ ခေါင်းနဲ့ပန်းလို ခွဲခြားလို့ရတဲ့အရာ မဟုတ်ပါဘူး။ ခေါင်းရော ပန်းရောစုံမှ ပိုက်ဆံဟာ သုံးလို့ရသလို လူ့ဘ၀ဆိုတာလဲ အတ္တရော ပရရော စုံမှ လူ့ဘ၀ပီသမှာပါ။ ပီလဲ ပီသကြပါတယ်။---အတ္တဟိတချည်းပဲ ဆောင်ရွက်နေသူမရှိသလို-ပရဟိတချည်းပဲဆောင်ရွက်နေသူလဲမရှိပါဘူး။

--ပရဟိတ-သူများအကျိုးဆာင်ရွက်တယ်ဆိုတာ ဘာတွေဆောင်ရွက်မှ ပရဟိတမည်တာလဲ--အဖွဲ့အစည်းတခု တည်ထောင်ပြီး သူများကို ပိုက်ဆံတွေပေးမှ၊ စားစရာ၊ ၀တ်စရာတွေပေးမှ၊ ခြေဆုပ်လက်နယ်ပြုပေးမှ ပရဟိတလား။

--ဒီလို ပရဟိတ-ဆိုတဲ့ ခေါင်းစည်းအောက်မှာ ကိုယ့်အဖွဲ့အစည်း နာမည်ကောင်းရရေး။ တစ်ကိုယ်တော် နာမည်ထင်ပေါ် လူသိများရေးအတွက် အမျိုးမျိုးကြော်ငြာ၊ ဖေ့စ်ဘွတ်ပေါ်တင်ပြီး မဏ္ဍပ်တိုင် တက်ပြနေတာ ပရဟိတထဲ ထည့်ရမလား၊ အတ္တဟိတထဲ ထည့်ရမလား။

--ပရဟိတ-ဆိုတာ သူများကို စားစရာ၊ ၀တ်စရာ-နေစရာပေးခြင်း။ သွေးလှူခြင်း- ဆေးဝါးကုသပေးခြင်းတို့လောက်သာ ဘောင်ကျဉ်းကျဉ်းလေးနဲ့ မြင်တဲ့အတွက် တချို့က မင်း ပရဟိတ မလုပ်ဘူးလားလို့တောင် မေးကြတယ်။

--သူတပါးအကျိုးစီးပွားဆောင်ရွက်တယ် ဆိုတာ-သူတပါး လိုအပ်တာကို ဖြည့်ဆည်းတာပါပဲ။ ဘာတွေလိုအပ်တာလဲ။ လိုအပ်တာတွေ အများကြီးပဲ။ အဲဒီထဲကမှ ကိုယ်တတ်နိုင်တဲ့အရာကို ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီဆောင်ရွက်ပေးတာ ပရဟိတ မဟုတ်ဘူးလား။

---ယနေ့ နိုင်ငံတခုရဲ့ အုတ်မြစ်၊ အဓိက ကျောရိုးဖြစ်တဲ့ ဆရာ၊ ဆရာမတွေဟာ အတ္တဟိတပဲ လုပ်နေသူတွေလား။ နိုင်ငံတော်ကြီးရဲ့ ရှေ့ခရီးအတွက် လူတော် လူတတ်လေးတွေ ပေါ်ထွက်လာအောင် လမ်းညွန်ပြသသွန်သင် ဆုံးမပေးနေတာ အဲဒါ ဘာလဲ။

--ဘုန်းတော်ကြီးတွေဟာ ဘုရားဟောပိဋကတ်တွေ သင်နေတာ လူတွေရဲ့စားဝတ်နေရေးကို ဝိုင်းကူလုပ်မပေးလို့၊ သို့မဟုတ် အထောက်အကူမဖြစ်လို့ ကိုယ့်ကျိုးပဲကြည့်နေတဲ့ အတ္တဟိသမားတွေလား။

--ပိုက်ဆံ တပြားတချပ်မှ မရဘဲ တနင်္ဂနွေနေ့ဆို ကိုယ့်ရဲ့ စီးပွားအလုပ်ကိုဖျက်ပြီး အမျိုး ဘာသာ သာသနာအတွက်ဆိုတဲ့ ခံယူချက်နဲ့ ကိုယ်တတ်နိုင်တဲ့ ဘက်ကရပ်တည်၊ ကိုယ်ပါဝင်နိုင်ဘက်က ကြိုးစားသင်ပြနေတဲ့ ဓမ္မစကူးလ် ဆရာ ၊ဆရာမတွေကရော အတ္တဟိတသမားတွေလား။

--မိဘတွေဟာ သူတို့ ရှာဖွေနေတာ သူ့တို့ချည်းပဲ ခံစား၊ စံစားဖို့လား။ သား သမီးတွေဟာ သူ့တို့ လုပ်ဆောင်နေတဲ့ အလုပ်က ရရှိတဲ့ငွေကြေးဟာ သူတို့ချည်းပဲ သုံးဖြုန်းပစ်ဖို့လား။

--တကယ်တော့-ကျောင်းဆရာ-ဆရာမ တယောက်ဟာ သူများအကျိုးဆောင်ရွက်ရင်းနဲ့ ကိုယ့်အကျိုးအတွက် ဆောင်ရွက်ပြီးဖြစ်သလို--မိဘတွေဆိုတာလဲ ကိုယ့်မိဘ၀တ္တရားကျေပွန်အောင် ဆောင်ရွက်ရင်းနဲ့ သားသမီးတွေဆိုတဲ့ သူတပါးအကျိုးကိုဆောင်ရွက်ခြင်း ကိစ္စပြီးတော့တာပါပဲ။ တခြားအရာတွေလဲ ဒီအတိုင်းပါပဲ-။

-ပရဟိတလုပ်ရင်း အတ္တတွေ ကြီးထွားမလာဖို့ သတိထားနိုင်ကြပါစေ။
-အတ္တဟိတ၊ ပရဟိတကို မြင်အောင်ကြည့်၊ သိအောင်ခံစားနိုင်ကြပါစေ။

No comments:

Post a Comment