ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေးကော်မတီရုံး
Tuesday, August 8, 2017
ပညာရှိပညာမဲ့ ခွဲခြားနည်း
👀👀👀👀👀👀👀
ပညာရှိနှင့် ပညာမဲ့ အပေါ်ယံတွင်တော့ သူလည်း ဒါနပြု ၊ သီလပြု ၊ ငါလည်း ဒါနပြု ၊ သီလပြု ၊ သူလည်းသားရှင်ပြု ၊ ငါလည်းသားရှင်ပြုနေကြတာပဲ ၊ ဒါပေမယ့် အတွင်းစိတ်ဓာတ်ကတော့ အဖြူနဲ့ အမည်းကွဲလွဲကြတယ် -
ပညာမဲ့က ... ငါကောင်းစားဖို့ ဒါနပြုတယ်
ပညာရှိက ... သာသနာပူဇော်ဖို့ ဒါနပြုတယ်
ပညာမဲ့က ... ငရဲကြောက်၍ ငါးပါးသီလမြဲတယ်
ပညာရှိက ... မမြဲသောခန္ဓာကြီးကို အမိုက်ခံ၍ မကျွေးလိုသဖြင့်
ငါးပါးသီလမြဲတယ်
ပညာမဲ့က ... နတ်ပြည်ရောက်ဖို့ ဥပုသ်စောင့်တယ်
ပညာရှိက ... တစ်နေ့တစ်ရက် တဏှာကျွန်အဖြစ်မှ ငြိမ်းချမ်းတဲ့
သုခကိုလို၍ ဥပုသ်စောင့်တယ်
ပညာမဲ့က ... ငါတို့ဘုန်းကြီးမှ ဂစ္ဆာမိတယ်
ပညာရှိက ... သံဃာအစစ်မှ ဂစ္ဆာမိတယ်
ပညာမဲ့က ... ထုံးစံကို လေးစားတယ်
ပညာရှိက ... မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လေးစားတယ်
ပညာမဲ့က ... အများကောင်းရင် လိုက်ကောင်းတယ်
ပညာရှိက ... အများကောင်းတိုင်း လိုက်မကောင်း
ပညာမဲ့က ... နာမည်ကြီးသူပြောရင် ယုံကြည်တယ်
ပညာရှိက ... နာမည်ကြီးတိုင်း လိုက်၍မယုံ
ပညာမဲ့က ... အထူးအဆန်းကို မြတ်နိုးတယ်
ပညာရှိက ... သဘောမှန်ကို မြတ်နိုးတယ်
ပညာမဲ့က ... ရွှေထူတဲ့ဘုရားမှ မြတ်နိုးတယ်
ပညာရှိက ... ဘုရားနှစ်မျိုးမထားဘဲ တစ်မျိုးတည်းထားတယ်
ပညာမဲ့က ... ဘုရားရှာထွက်လေ့ရှိတယ်
ပညာရှိက ... ဂုဏ်တော်ကိုးပါးကို အခွင့်ရတိုင်းပွားတယ် ။
အတွင်းသဘောချင်း မကွာဘူးလား ။
( ကျေးဇူးရှင် နမ္မားဆရာတော်ကြီး အရှင်ဉာဏ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment